BEC-TERO TV

တကယ့်ကို အရသာ တွေ့စေမယ့် ပုံစံ နဲ့ ပထမဦးဆုံး သိပ္ပံ နည်းပညာဖြင့် ထုတ်လုပ် ထားသော အသား

05 Feb 2016     1,306 Views


တချို့သော လူတွေက အသားစားရတာကို နှစ်သက်ကြပေမယ့် ၊ တိရစ္ဆာန်တွေကို အသက်ကို သတ်ဖြတ်ခြင်း ဖြစ်တဲ့အတွက်ကြောင့် အသားကို ရှောင်ကြသည် ။ အထူးသဖြင့် အမဲသားကို ရှောင်ကြည်ကြသော သူများသည်  ယခု တီထွင်ဆန်းသစ် လိုက်သော အသားတု ကတော့ တကယ့် တိရစ္ဆာန် တွေရဲ့ အသား အတိုင်းအရသာရှိမယ့် အသားတု ဖြစ်တာကြောင့် လူတွေ အတွက်သာမက တိရစ္ဆာန်တွေ အတွက် ပါ သတင်းကောင်းလို့ ဆိုနိုင်ပါသည် ။

အမေရိကန်နိုင်ငံရှိ ဆန်ဖရန် ဆစ်စကို မြို့မှ Memphis Meats ဆိုတဲ့ အဖွဲ့အစည်းဟာ တိရစ္ဆာန်တွေ ရဲ့ ဆဲလ်ကို အခြေခံပြီး သဘာဝ အသား လို အရသာရော အဟာရပါ တူညီမယ့် အသားတု တစ်မျိုးကို တစိုက် မှတ်မှတ် ကြိုးစားအားထုတ်ပြီး တီထွင်ဖော်ထုတ်ခဲ့ရာ လွန်ခဲ့သော အင်္ဂါနေ့မှာ ၎င်း တို့ရဲ့ Youtube ပေါ်တွင် ထိုအသားတု ကို အသုံးပြုပြီး စားသုံးရန်အတွက် ချက်ပြုတ်နေပုံကို ဖော်ပြသည် ။

ဒီအသားတု က တော့ တိရစ္တာန်တွေကို သတ်ဖြတ်မှု နှုန်းကို လျော့ကျစေရန်အတွက် သာမက အခြား ကောင်းကျိုးတွေကိုပါ ပေးစွမ်းနိုင်မည် ဖြစ်သည် ။ Memphis Meats အဖွဲ့ ရဲ့ စားဖိုမှူးချုပ် Uma Valeti က သူတို့ ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ ဒီအသားတု ဟာဖြင့် ပုံမှန် အသားများကို ချက်ပြုတ်ရာမှ ထွက်ရှိလာသော လေထုကို ထိခိုက်စေမယ့် ဓါတ်များ သည် ၉၀% နှုန်း အထိ လျော့ချပေးထားကြောင်း Video ထဲတွင် ပြောကြားခဲ့သည် ။

အခုချိန်မှာ ထိုအသားတု ပြုလုပ်ရာ၌ အကြီးမားဆုံးသော ပြဿနာက ကုန်ကျစရိတ်များပြားခြင်း ဖြစ်ပါတယ် ။ အလေးချိန် တစ်ပေါင် ခန့် အသားတစ်တုံးကို ပြုလုပ်ရန် အတွက် အမေရိကန် ဒေါ်လာ ၁၈,၀၀၀ ကုန်ကျစရိတ် ရှိနေခြင်း ဖြစ်သည် ။ အခြား နည်းလမ်းများ ဖြင့် ပိုမိုပြီး ကုန်ကျစရိတ်သက်သာမယ့် အသားတု များကို ထုတ်လုပ် စမ်းသပ်ရာမှာ လည်း အောင်မြင်ဖို့ ရာခိုင်နှုန်းများကြောင်း တွေ့ရှိ ရသည် ။ ဟော်လန်နိုင်ငံရှိ သိပ္ပံပညာရှင် Mark Post ဟာ လည်း သူ၏ ဓါတ်ခွဲခန်းတွင် ၁၁ ဒေါ်လာ တန်ဖိုးသာ ကုန်ကျမည့် အမဲသား အတုကို ဖော်ထုတ်ရန်အတွက် အောင်မြင်မှုများရှိကြောင်း ပြောကြားခဲ့သည် ။

Video ထဲတွင် အရသာ ခံ ကျွမ်းကျင်ပညာရှင် တစ်ယောက်မှ ချက်ပြုတ်ထားပြီးသော ထို အသားကို စားသောက်ပြီးချိန်တွင် တကယ်ပဲ အသားအတိုင်းလို ခံစားရပြီး အရသာ ကောင်းမွန်ကြောင်းပြောကြားခဲ့သည် ကို လည်းမြင်တွေ့နိုင်မည် ။

Credit source: http://goo.gl/KsVcuq


05 Feb 2016     1,306 Views




RELATED

Most Popular of Special or Others

Most Popular of NEWS