BEC-TERO TV

Super Bowl မှာ နိုင်ငံတော်သီချင်းဆိုမယ့် Lady GaGa

05 Feb 2016     1,256 Views


Super Bowl မှာ နိုင်ငံတော်သီချင်းဆိုမယ့် Lady GaGa

                           အမေရိကန် ပေါ့ပ်ကြယ်ပွင့် သရုပ်ဆောင် Lady Gaga သည် ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပပြုလုပ် မည့် Super Bowl အမေရိကန် ဘောလုံးချန်ပီယံလုပွဲ မစတင်မီနိုင်ငံတော်သီချင်း The Stars-Spangled Banner ကို သီဆို မည်ဖြစ်သည်။

                          ယင်းဖျော်ဖြေတင်ဆက်မှုကို CBS ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ဗြိတိန်ရော့ခ်တေးဂီတအဖွဲ့ Coldplay သည် ၂၀၁၆ Super Bowl ဗိုလ်လုပွဲ ပထမပိုင်းပွဲအပြီးအားလပ်ချိန် ဖျော်ဖြေပွဲ၌ အဓိကဖျော်ဖြေတင်ဆက်မည်ဖြစ် သည်။ ၂၀၁၅ Super Bowl ဗိုလ်လု ပွဲကို ကြည့်ရှုသူ ၁၁ ဒသမ ၅ သန်းရှိခဲ့ပြီး ယင်းမှာ ကြည့်ရှုသူအများ ဆုံး ရုပ်သံအစီအစဉ်အဖြစ် စံချိန်တင်ခဲ့သည်။

                           ဖေဖော်ဝါရီ ၇ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလာရာမြို့ Levi's အားကစားကွင်း၌ ကျင်းပမည့် ၂၀၁၆Super Bowl ဗိုလ်လုပွဲ ပထမပိုင်းပွဲအပြီး အားလပ်ချိန် ဖျော်ဖြေပွဲတွင် Coldplay အဖွဲ့နှင့်အတူအဆိုတော် ဘီယွန်စေးလည်းပါဝင်ဖျော်ဖြေမည်ဟု အတည်ပြုထားပါသည်။


05 Feb 2016     1,256 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment