BEC-TERO TV

ဖေဖော်ဝါရီ လ ကတော့ Aquarius နဲ့ Pieces တို့ရဲ့ လ လို့ပြောရမှာဘဲ

05 Feb 2016     1,386 Views


ဖေဖော်ဝါရီ လ ကတော့ Aquarius နဲ့ Pieces တို့ရဲ့လပဲဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်မှာ သူတို့တွေရဲ့ zodiac sign အရ ဘယ်လိုစိတ်နေသဘောထား၊ ဘယ်လိုတက်လမ်းတွေ၊ အောင်မြင်မှုတွေ ရှိနေလဲဆိုတာကြည့်လိုက်ရအောင်..။

Aquarius

သင်ဟာ ၂၀၁၆ မှာ တကယ်ကိုအောင်မြင်မယ့်သူတစ်ယောက်ပါ။ဒီနှစ်မှာ Aquarius တစ်ယောက်အတွက် လုပ်သမျှ အလုပ်တိုင်းဟာ အသိအမှတ်ပြုခံရပြီး ချီးမြှောက်ခြင်းခံရမှာပါ။ တွေးတောစဉ်ချင်ရတဲ့အလုပ်တွေကို အများစု လုပ်ရမှာဖြစ်ပြီးတော့ အမြဲတမ်းလည်း သစ်လွင်တဲ့ အတွေးအခေါ်တွေသင့်မှာရှိနေပါလိမ့်မယ်။ သူများတွေ မသိမမြင်တဲ့အောင်မြင်မှုလမ်းစတွေကိုလည်း သင်သိရှိနေမှာပါ။

အချစ်ရေးနဲ့ လူမှုရေးမှာလည်း အဆင်ပြေမှုတွေများစွာကိုပဲ ကြုံတွေ့ရမှာဖြစ်ပြီး သင့်ပတ်ဝန်းကျင်မှာ သင့်အတွက်ကောင်းမွန်တဲ့ လူများနဲ့သာ ဆက်ဆံရမှာဖြစ်လို့ သင့်အတွက် အောင်မြင်ဖို့ ရေကန်အသင့်ကြာအသင့်ပါပဲ။ သင်ဟာ ဒီနှစ်အတွင်းမှာ အသစ်အသစ်သော ဗဟုသုတတွေနဲ့ စွန့်စားမှုတွေကို ဆာလောင်နေမှာဖြစ်ပြီး အဲ့ဆာလောင်မှုတွေကို ဖြည့်ဆည်းဖို့နည်းလမ်းတွေကိုလည်း သင်အလွယ်တကူတွေ့ရှိနိုင်မှာပါ။
လုပ်ငန်းခွင်တက်လမ်းဟာလည်း ဖြောင့်ဖြူးနေတဲ့အတွက် သင်ဟာကြီးမားတဲ့အောင်မြင်မှုကို တစ်ဆင့်ချင်းတက်လမ်းနိုင်သွားမှာပါ။ ၂၀၁၆ မှာ ပျော်ရွှင်ပါစေ။

အလုပ်အကိုင်နှင့် ၀င်ငွေ
၂၀၁၆ ကသင့်အတွက်တော့ စီးပွားရေးလုပ်ဖို့ အသင့်တော်ဆုံးအချိန်ကာလဖြစ်ပါတယ်။ သင့်လုပ်ရည်ကိုင်ရည်နဲ့ အလုပ်ထဲမှာ စိတ်ဝင်စားမှုကို ဘယ်သူကမှလိုက်မမှီနိုင်ပါဘူး။ ၂၀၁၆ခုနှစ်ဟာ သင်အတော်အလုပ်များပြီး အောင်မြင်မဲ့နှစ်ဖြစ်ပါတယ်။

သင့်လုပ်ငန်းတွေက အချိန်ခဏလေးအတွင်း လျှပ်စီးလက်သလို တစ်ဟုန်ထိုး အောင်မြင်မှာ မဟုတ်ပေမဲ့  ဖြည်းဖြည်း မှန်မှန်နဲ့ ခိုင်မာတဲ့ လုပ်ငန်းတစ်ခုဖြစ်မှာတော့ အသေအချာပါပဲ။ သင့်လုပ်ငန်းမှာ စိန်ခေါ်မှုတွေရင်ဆိုင်ရမှာဖြစ်ပေမဲ့ သင်အောင်မြင်မှာပါ။

ပြီးမြောက်အောင်မြင်ခဲ့တဲ့ အလုပ်တွေအတွက် သင့်ကိုယ်သင်ဂုဏ်ယူလိုက်ပါ။ အကောင်းဆုံးဆက်လက်ကြိုးစားပြီး မိမိဘ၀တက်လမ်း အတွက် ချီတက်ပါ။

Pieces
၂၀၁၆ မှာ သင်လုပ်သမျှတိုင်းဟာ သူများတွေကြားမှာ ထင်ပေါ်နေမှာဖြစ်ပါတယ်။ ထိုသို့ထင်ပေါ်အောင်လည်း အခြားသူတွေရဲ့ အကူအညီတော့ အနည်းငယ်လိုအပ်ပါတယ်။ ဇန်န၀ါရီ (သို့) ဖေဖော်ဝါရီလမှ စတင်ကာ သင့်မှာ သူငယ်ချင်း၊ အပေါင်းအသင်းတွေ များလာမှာဖြစ်ပါတယ်။ ၂၀၁၆မှာ Pieces တွေ အထီးမကျန်တော့ပါဘူး။

သင့်ခန္ဓာကိုယ်၊ ပိုင်ဆိုင်မှုတွေနဲ့ ၀င်ငွေအပေါ် ပိုမိုအာရုံစိုက်လာပြီး ထိုအရာတွေတိုးတက်ဖို့ ကြိုးစားချင်စိတ်တွေဖြစ်ပေါ်နေမှာပါ။ သင်နဲ့မရင်းနှီးတဲ့ နေရာဒေသ (သို့) အလုပ်အကိုင်တစ်ခုကို လုပ်ရတော့မယ်ဆိုရင် သေချာစဉ်းစားပါ။ သတ္တိရှိရှိလုပ်ဆောင်ပါ။ သင့်အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ကျန်းမာရေးမှာ အခြား Sign တွေနဲ့ယှဉ်လျှင် အနည်းငယ်အညံ့ရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာ စိတ်လှုပ်ရှားမှုတွေ၊ စိတ်ရှုပ်ရမှုတွေ၊ စိတ်ဖိစီးမှုတွေအနည်းငယ် ကြုံတွေ့ရမှာဖြစ်သော်လည်း သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ အတက်အကျတွေကို မျက်နှာမှာမပေါ်စေပဲ မိမိစိတ်ကိုအမြဲထိန်းချူပ်ထားနိုင်မှာဖြစ်ပါတယ်။

သို့သော်လည်း နိဂုံးချူပ်လိုက်လျှင် ၂၀၁၆ က Pieces တွေအတွက်တော့ မိမိရဲ့ ထက်မြတ်မှု၊ တက်ကြွမှုကိုပြသနိုင်မှာဖြစ်ပြီး စိတ်ဖိစီးမှုတွေကြားထဲကနေ မကျရှုံးပဲ အောင်မြင်နေမဲ့ နှစ်ပဲဖြစ်ပါတယ်။


05 Feb 2016     1,386 Views




RELATED

Most Popular of Special or Others

Most Popular of Life Style