BEC-TERO TV

သင့်ခင်ပွန်းလောင်း ဖြစ်မဲ့သူလား (သို့) သင့်အချိန်ကို ဖြုန်းနေတဲ့သူလား သိနိုင်မယ့်အချက်များ

05 Feb 2016     1,453 Views


သင် တစ်စုံတစ်ယောက်နဲ့ တွဲနေပြီ ဆိုပါစို့။ သူ့ကို လက်ထပ် သင့်လား (သို့) သူက သင့်အချိန် ကိုဖြုန်းနေတဲ့သူ /လူညံ့လား ဝေခွဲ မရဖြစ်နေ ပါသလား၊
အောက်ပါ အချက်တွေကို ဖတ်ကြည့်လိုက်ပါ...။
 
၁။ သင့်ခင်ပွန်းလောင်းကတော့ သင့်ကိုအမြဲစိတ်ချမ်းသာ ပျော်ရွှင်စေပါတယ်။ လူညံ့ကတော့ သင့်ကိုအမြဲ စိတ်ဆိုးစေမှာ၊ စိတ်ဒုက္ခပေးနေမှာဖြစ်ပါတယ်။
၂။ သင့်ခင်ပွန်းလောင်းကတော့ သင်နဲ့အတူရှိနေချိန်တွေကို တန်ဖိုးထားမှာဖြစ်ပြီး လူညံ့ကတော့ သင်နဲ့အပြင်ပဲထွက်လည် ချင်နေမှာပါ။
၃။ သင့်ခင်ပွန်းလောင်းကတော့ သင့်အောင်မြင်မှုကိုသူ့အောင်မြင်မှုလို့ပဲမြင်မှာဖြစ်ပြီး လူညံ့ကတော့ သင့်အောင်မြင်မှုလမ်းနဲ့ လွဲအောင် အောက်ဆွဲချနေမှာဖြစ်ပါတယ်။
၄။ သင့်ခင်ပွန်းလောင်းကတော့ ကမ္ဘာပေါ်မှာသင်တစ်ယောက်တည်းသာ အချောဆုံးလို့သတ်မှတ်ပြီး လူညံ့ကတော့ အခြားမိန်းကလေးတွေကို လိုက်ကြည့်နေမှာဖြစ်ပါတယ်။
၅။ သင့်ခင်ပွန်းလောင်းကိုတော့ သင်ကအပြည့်အဝယုံကြည်နေနိုင်ပြီး လူညံ့ကိုတော့ မယုံကြည်ရလို့ သူ့ဖုန်းကို သင်စစ်ဆေးချင်မိမှာပါ။
၆။ သင့်ခင်ပွန်းလောင်းကတော့ သင့်ပျော်ရွှင်မှုကိုသာ အလေးထားမှာဖြစ်ပြီး လူညံ့ကတော့ သူ့ကိုယ်ပိုင်ပျော်ရွှင်မှုကိုပဲ အလေးပေးမှာဖြစ်ပါတယ်။
၇။ သင့်ခင်ပွန်းလောင်းက သင်နဲ့တိုင်ပင်ဆွေးနွေးရတာကို သဘောကျပြီး လူညံ့ကတော့ သင့်ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ နေခိုင်းမှာပါ။
၈။ သင့်ခင်ပွန်းလောင်းက သင်နဲ့အတူလုပ်ရမဲ့အရာတွေကို ကြိုတင်စီစဉ်ထားမှာဖြစ်ပြီး လူညံ့ကတော့ ဘယ်ကနေပေါ်လာမှန်းမသိတဲ့ကိစ္စတွေကို သင့်ကိုလုပ်ခိုင်းပါလိမ့်မယ်။
၉။ သင့်ခင်ပွန်းလောင်းမှာ သင်နဲ့အတူလျှောက်လှမ်းဖို့ အနာဂတ်အစီအစဉ်တွေရှိနေမှာဖြစ်ပြီး လူညံ့ကတော့ သင်တို့ relationshipရဲ့ အနာဂတ်အတွက် စဉ်းစားမှာ မဟုတ်ပါဘူး။
၁၀။ သင့်ခင်ပွန်းလောင်းက သူ့အတွက် တစ်ဘဝလုံးမှာသင်တစ်ယောက်ပဲရှိတယ်ဆိုတာကို သေချာသလောက် လူညံ့ကတော့ သင့်ကိုသံသယဝင်စေမှာပါ။
၁၁။ သင့်ခင်ပွန်းလောင်းက သင့်ကိုသူအမြဲလိုအပ်နေတယ်လို့ခံစားရစေမှာဖြစ်ပြီး လူညံ့ကတော့ သင်ကသူ့ကိုလိုက်ဖမ်းနေရတဲ့ခံစားမှုမျိုးကိုပေးမှာပါ။
၁၂။ သင့်ခင်ပွန်းလောင်းက အမြဲသင့်ကိုဆက်သွယ်နေမှာဖြစ်ပြီး လူညံ့ကတော့ သူလိုတာရှိမှ သင့်ကိုဆက်သွယ်ပါလိမ့်မယ်။
၁၃။ သင့်ခင်ပွန်းလောင်းက သင့်အကြောင်း၊ သင့်ဘဝအကြောင်းကို စိတ်ဝင်တစားမေးမှာဖြစ်ပြီး လူညံ့ကတော့ သင့်ကိုဂရုစိုက်မှာတောင်မဟုတ်ပါဘူး။
၁၄။ သင့်ခင်ပွန်းလောင်းက သင့်အတွက် လက်တွေ့ဘဝမှာလည်း အကောင်းဆုံးသူဖြစ်အောင်ကြိုးစားမှာဖြစ်ပြီး လူညံ့ကတော့ အများအမြင်၊ အပေါ်ယံသာကောင်းပါလိမ့်မယ်။
၁၅။ သင့်ခင်ပွန်းလောင်းက သင့်ကို သူ့ဘဝအတွက်အရေးအပါဆုံးသူအဖြစ် ဆက်ဆံမှာဖြစ်ပြီး လူညံ့ကတော့ သင့်ကို မရှိသုံးကဲ့သို့ ဆက်ဆံပါလိမ့်မယ်။
၁၆။ သင့်ခင်ပွန်းလောင်းက သင့်ကို အသေးအဖွဲလေးက အစဂရုစိုက်ပြီး လူညံ့ကတော့ ဂရုစိုက်ဖို့ သတိတောင်ရမှာမဟုတ်ပါဘူး။
၁၇။ သင့်ခင်ပွန်းလောင်းက သင့်ကို သူ့မိသားစု၊သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမှာဖြစ်ပြီး လူညံ့ကတော့ သင့်ကိုဖွက်ထားပါလိမ့်မယ်။
 
Source: thebolde.com

05 Feb 2016     1,453 Views




RELATED

Most Popular of Special or Others

Most Popular of Life Style