BEC-TERO TV

Single ဖြစ်နေချိန် မိမိကိုယ်ကို နှိပ်စက်မိတဲ့ အတွေးတွေနဲ့ ၄င်းအတွေး တွေကို ဘယ်လို တိုက်ထုတ် မလဲ

05 Feb 2016     1,395 Views


Single ဖြစ်နေချိန်မှာ အနည်းငယ်တော့ စိတ်ဒုက္ခရောက်နိုင်ပါတယ်။ တစ်ယောက်တည်းဘ၀ကိုဘယ်လိုရှေ့ဆက်မလဲ၊ အားငယ်နေစဉ်ဘယ်သူအားပေးမလဲ၊ စသည်ဖြင့်တွေးမိပြီး စိတ်ဓာတ်ကျနိုင်ပါတယ်။ အဲ့လို အတွေးတွေကို ဘယ်လိုကုစားမလဲ၊ အဲ့လိုအားငယ်စေမဲ့ အတွေးတွေ မတွေးမိအောင် ဘယ်လို နေမလဲ ကြည့်လိုက်ရအောင်..။

၁။ တခြားသူတွေမှာချစ်သူ/အတွဲရှိတယ် -- ငါ့မှာဘာအားနည်းချက်တွေရှိနေလို့လဲ။
လူတစ်ယောက်နဲ့တစ်ယောက်ချစ်ကြတယ်ဆိုတာ အရွေးချယ်ခံရဖို့ စောင့်ဆိုင်း နေရတဲ့ ပြိုင်ပွဲကြီး တစ်ခု မဟုတ်ပါဘူး။ ပြိုင်ပွဲမဟုတ်တဲ့အတွက်ကြောင့် တခြားသူတွေဘာလုပ်နေလဲ၊ ဘာတွေဖြစ်နေပြီလဲ ဆိုတာကို စိတ်ပူစရာမလိုပါဘူး။ သင့်အရင်ရည်စားက အခြားတယောက်နဲ့တွဲနေတာ (သို့) သင့်အရင်ချစ်သူက အခြားတစ်ယောက်နဲ့စေ့စပ်သွားတာနဲ့ပဲ သူတို့ကသင့်ထက် သာသွားတာမဟုတ်ပါဘူး။ သင့်ဆီကိုလည်း သင့်ကိုချစ်မဲ့သူ ရောက်ကိုရောက်လာမှာပါ။  ရောက်လာတဲ့အခါကျရင်လည်း သင်နဲ့အသင့်တော်ဆုံး၊ သင့်အတွက်အလိုက်ဖက်ဆုံးချစ်သူပဲဖြစ်မှာပါ။ ဒါကြောင့် အခုချိန် တခြားသူတွေမှာ ချစ်သူ/အတွဲရှိနေပြီး ကိုယ့် မှာမရှိသေးတာကို အားငယ်စရာမလိုပါဘူး။

၂။ ငါဒီထက် တော်ရင်/လှရင်/ပိန်ရင်/စိတ်ဝင်စားစရာကောင်းခဲ့ရင် ငါ့မှာလည်း ခုချိန်ချစ်သူရှိနေမှာပဲ။
စိတ်ခံစားမှုတွေထဲမှာ မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိခြင်းက အသုံးမ၀င်ဆုံး စိတ်ခံစားမှုပဲဖြစ်ပါတယ်။ စဉ်းစားကြည့်ပါ။ မိမိကိုယ်ကို ယုံကြည်မှုမရှိခြင်းက သင့်အတွက် ကောင်းကျိုးတစ်ခုတစ်လေ ယူဆောင်ခဲ့ပေး ဖူးလားလို့။ သင့်ကို သိမ်ငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း တွေကိုပဲ ပေးမှာပါ။ ဆန့်ကျင်ဘက်တွေးကြည့်ပါ "မိမိကိုယ်ကိုယ်ယုံကြည်မှုရှိခြင်း" ဆိုတာကတော့ လူတစ်ယောက်ရဲ့ ဆွဲဆောင်မှု အရှိဆုံး အချက်တစ်ခုပဲဖြစ်ပါတယ်။ သင့်အားနည်းချက်တွေကိုပဲ ဂရုစိုက်နေခြင်းက သင့်ကိုဆွဲဆောင်မှုနည်းစေပါတယ်။ သင့်မျက်နှာ အသွင်အပြင်၊ သင့်ခန္ဓာကိုယ်အစိတ်အပိုင်း ဘယ်လိုပဲဖြစ်နေပါစေ " မိမိကိုယ်ကိုယ်ချစ်ပါ"။ မိမိကိုယ်ကိုယ်  တန်ဖိုးထားပြီး ယုံကြည်မှုရှိတဲ့ မိန်းကလေးတိုင်းကို ယောကျာ်းလေးတိုင်းက လေးစားတန်ဖိုးထားမှာဖြစ်ပါတယ်။ နောက်တစ်ခါ မိမိကိုယ်ကိုယ် သိမ်ငယ်ခြင်း၊ တန်ဖိုးမထားခြင်း စတဲ့ မကောင်းတဲ့အတွေးတွေ တွေးမိရင် အမြန်ဆုံး ရှင်းထုတ်ပစ်ပါ။

၃။ ကောင်းတဲ့ယောကျာ်းလေးတွေမှာလည်း ချစ်သူကိုယ်စီရှိနေကြပြီ။
အဲ့အတွေးကမှားပါတယ်။ သင့်အနေနဲ့ မကောင်းတဲ့သူတွေနဲ့ပဲ ကြုံတွေ့နေရတဲ့အခါမှာ ဒီလိုအတွေးမျိုး တွေးကောင်းတွေးမိနိုင်ပါတယ်။ သို့သော်လည်း အိပ်ရာဝင်ပုံပြင်တစ်ခုဖြစ်တဲ့ "မင်းသမီးလေးနဲ့ဖား" ပုံပြင်ထဲမှာတောင် မင်းသမီးလေးက သူ့ချစ်သူမင်းသားလေးနဲ့မဆုံခင်  အခြားဖားတွေကို အချစ်စစ်ထင်ပြီး နမ်းမိသေးတာပဲ ဆိုတာကို သတိရပါ။ အဲ့ "ဖား"တွေက သင့်အတွက်သင်ခန်းစာပါ။ သူတို့က  သင်ဟာဘယ်လို လူနဲ့သင့်တော်လဲ၊ ဘယ်လိုလူနဲ့လိုက်ဖက်လဲ ဆိုတာ သင့်ကိုယ်သင်သဘောပေါက်စေပြီး အချစ်စစ်နဲ့တွေ့တဲ့အခါ ကိုယ်လိုချင်တာဟာ ဒီလူပဲဆိုတာကို တန်းသိစေမှာပါ။ သင့်ရဲ့အချစ်စစ်ဟာလည်း ဒီအချိန်မှာ သူနဲ့ မလိုက်ဖက်တဲ့ "ဖား" နဲ့ ချစ်ကျွမ်းဝင်နေနိုင်ပြီး သင့်ကိုရှာဖွေဖို့ သင်ခန်းစာယူနေမှာပါ။

၎။ ငါကအရမ်းချေးများတယ်/အရမ်းရွေးလွန်းတယ်။ ငါ့သတ်မှတ်ချက်တွေကိုလျော့ရမယ်။
တကယ်လို့သင့်သတ်မှတ်ချက်တွေက အလွန်အကျွံ ( သူကမင်းသမီးလေးကိုချောရမယ်၊ ကြင်နာပြီး ချမ်းသာရမယ်) မဟုတ်ဘူးဆိုရင် သင်ဟာ ချေးများလွန်းတာမဟုတ်ပါဘူး။ သင်ဟာသင်နဲ့ လိုက်ဖက်တဲ့သူ ကိုရှာဖွေနေတာဖြစ်ပြီး သင့်သတ်မှတ်ချက်တွေက မမြင့်ပါဘူး။ ချစ်သူမရှိတဲ့အချိန်ကြာတာနဲ့ပဲ သင့်မှာတစ်ခုခုတော့မှားနေပြီလို့သတ်မှတ်လို့ မရပါဘူး။ တကယ်တမ်း တစ်ယောက်နဲ့တစ်ယောက်နားလည် ကြဖို့လည်း အချိန်အကြာကြီးယူရတာဖြစ်ပါတယ်။ တကယ်လို့များနောက်တစ်ခါ သင့်ကိုသင်ချေးများတယ်/ သတ်မှတ်ချက်တွေ များလွန်းတယ်လို့ စဉ်းစားမိရင် "သတ်မှတ်ချက်နည်းတဲ့သူနဲ့ သတ်မှတ်ချက်များတဲ့သူရဲ့ ကွာခြားချက်ကတော့ သတ်မှတ်ချက်များတဲ့သူက အဆင့်မြင့်မြင့်ရဖို့ထိုက်တန်တယ်" လို့ ကိုယ့်ကိုယ်ကို တွေးလိုပဲဖြစ်တယ်ဆိုတာကို သတိရပါ။ "Expect less, become less, get less" ၊ " Expect more, become more, get more" ။ သင့်အနေနဲ့ ဖြစ်နိုင်တဲ့ အဆင့်သတ်မှတ်ချက်တွေထားပါ။ သို့သော် ကိုယ်နဲ့ မထိုက်တန်တဲ့လူတစ်ယောက်အတွက် သင့်အဆင့်သတ်မှတ်ချက်တွေကို မလျော့ချ လိုက်ပါနဲ့။

၅။ ဒီအချိန်မှကလေးယူမယ်ဆို အရမ်းနောက်ကျနေပြီ။
ဇီဝဗေဒနည်းလမ်းအရကြည့်မယ်ဆိုရင် ဒီလိုတွေးတာကဖြစ်သင့်ပါတယ်။ သင့်အတွက် (သင့်အသက်အရွယ်) နဲ့ယှဉ်လိုက်လို့ အခုချိန်မှာ ချစ်သူလည်းမရှိသေးဘူး၊ အိမ်ထောင်လည်းမရှိသေးဘူးဆိုရင်တောင်မှ စိတ်ဓာတ်ကျစရာ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ သင့်အနေနဲ့ နောက်ကျမှ အချစ်စစ်ကိုရှာတွေ့ပြီး အိမ်ထောင်ပြုခဲ့မယ်ဆိုရင်တောင်မှ ယခုခေတ်မှာ ကလေးယူဖို့/ မိသားစုတစ်ခုဖြစ်လာဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အသက် ၄၀ကျော်မှ အိမ်ထောင်ကျတဲ့အမျိုးသမီးတိုင်း သဘာဝအတိုင်း ကိုယ်ဝန်ရှိလာကြတာ မဟုတ်ပါဘူး။ သဘာဝအတိုင်းကိုယ်ဝန်မရတဲ့ အမျိုးသမီးတွေလည်း ခဲထားတဲ့မျိုးဥ၊ IVF၊ မျိုး ဥအလှူရှင်၊ မွေးစားခြင်း စတဲ့နည်းလမ်းတွေနဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ကြပါတယ်။ ဒါကြောင့် သင့်အနေနဲ့ စိတ်ဓာတ်ကျ၊ စိတ်ပူပန်ပြီး မိမိအတွေးနဲ့ မိမိကိုယ်ကို
နှိပ်စက်နေမဲ့အစား အကောင်းဘက်ကမြင်ပြီး မကောင်းတဲ့အတွေးတွေကို မောင်းထုတ်ပါ။

အသက်ငယ်ရွယ်တုန်း Single ဖြစ်ရတာဟာလည်း ကောင်းတဲ့အချက်တစ်ခုပါပဲ။ Single ဖြစ်ရခြင်းကို ဖြေရှင်းမရတဲ့ ပြသနာကြီးတစ်ခုလို စိုးရိမ်ပူပန်ပြီး မိမိကိုယ်ကိုမနှိပ်စက်ပါနဲ့။ မိမိသတ်မှတ်ချက်နဲ့ အကောင်း ဘက်ကသာမြင်ပြီး ရှေ့ဆက်သွားပါ။ သင်နဲ့သင့်တော်မဲ့ ချစ်သူကိုတွေ့မှာ မလွဲပါဘူး။


05 Feb 2016     1,395 Views




RELATED

Most Popular of Special or Others

Most Popular of Life Style