ဘူတာရုံမှ အချစ်၏ အလွမ်း လေးများ၊ အချစ်စစ်လို့ ခေါ်မလား?
05 Feb 2016 2,140 Views

တရုတ်နိုင်ငံမှ လက်ထပ်ကာစ လင်မယား နှစ်ယောက်ဟာ သူတို့ရဲ့ ဟန်းနီးမွန်းကို ဘူတာရုံလေးမှာပဲ ခွဲခွာနှုတ်ဆက်စကား မပြောခင် မိနစ် ၃၀ လောက်နဲ့ အဆုံးသတ်ခဲ့ ရပါတယ်။ အမျိုးသား ဖြစ်သူဟာ တရုတ်နိုင်ငံရဲ့ စစ်သား တစ်ယောက် ဖြစ်ပြီး အမျိုးသမီးကတော့ ရထားမှ ဝန်ထမ်း တစ်ယောက် ဖြစ်ပါတယ်။
လက်ထပ်ပြီးသော်လည်း တာဝန်ကိုယ်စီ ရှိသည့်အတွက် မိမိသက်ဆိုင်တဲ့ အလုပ်များဆီ သွားကြရမှာဖြစ်လို့ နှစ်ယောက်သားနှုတ်ဆက်စကားများကို ကြေကွဲဝမ်းနည်းစွာဖြင့် ဘူတာရုံလေးမှာ အဆုံးသတ်နေကြပါတယ်။ ပျော်ရွှင်စရာ အချိန်လေး ဖြစ်သော်လည်း နှုတ်ဆက်နေကြရတဲ့ လက်ထပ်ကာစ လင်မယား နှစ်ယောက်ကတော့ ဘေးလူများအဖို့ တကယ့်ကို လွမ်းဆွေးစရာလေးတွေ ဖြစ်နေပါတော့တယ်။





Credit ; Yoyarlay
Source: China Xinhua News






