BEC-TERO TV

ရန်ကုန် ရှိ သမိုင်းဝင် အဆောက်အဦးများ ကျန်ပါအုန်းမည်လော

05 Feb 2016     1,345 Views


 ဒေါ်အောင်ဆန်းစုကြည် အစိုးရ မတက်ရောက်မှီ အချိန်တွင် ဘူဒိုဇာများ ဖြင့် ဖြိုဖျက် တူးဖေါ်နေကြသည့် နေရာရာများကား မြန်မာပြည် အနောက်မြောက်ဖက်က ဖားကန်အပြင် မြန်မာပြည်ရဲ့ အကြီးဆုံး မြို့တော် ဖြစ်သော ရန်ကုန် မြို့လယ်ခေါင် အထိပင် ရောက်ရှိလာရပြီ ဖြစ်ပါတယ်။ အခုလို ဖြိုဖျက်နေသည့် အမှုများကား ဦးသိန်းစိန် ရဲ့ အစိုးရလက်ထက် စီးပွားရေး နဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ခေါင်းစဉ်အောက်တွင် အစပျိုးခဲ့သည့် Firesale ခေါ်မတန်မဆ ဈေးပေါပေါ နဲ့ ချရောင်း ပေးလာခဲ့မှုရဲ့ နောက်ဆက်တွဲများ ဖြစ်ပါတယ်။

ရန်ကုန်ရှိ သမိုင်းဝင် အမွေအနှစ် အဆောက်အဦးများဟု စာရင်းဝင်တဲ့ အဆောက်အဦး ပေါင်း ၁၈၉ ခု ရှိနေပြီး ၎င်းတို့ကို ထိမ်းသိမ်း စောင့်ရှောက်ရန် အကျိုးဆောင်နေတဲ့ ဦးသန်းမြင့်ဦး ခမျာလည်း တရားဝင် ဥပဒေ နဲ့ ပြဌာန်း ကာကွယ်ပေးခြင်း မရှိတဲ့ အတွက် ဘာမှ မတတ်နိုင် လက်မှိုင်ချနေရတယ်လို့ သိရပါတယ်။ တကယ်တမ်းကျ ဥပဒေ နဲ့ တိတိကျကျ စောင့်ရှောက်ထိမ်းသိမ်းထားနိုင်ခဲ့ခြင်း မရှိလို့ သာ အဆောက်အဦးတွေက ပျက်စီးယို့ယွင်းလာရတာ ဖြစ်ပါတယ်။ အစိုးရ သစ် ဖြစ်ပေါ်လာရင် ဘယ်လို ဥပဒေတွေ ပြဌာန်းပြီး တင်းကျပ်လာမလဲ ဆိုတဲ့ စိုးရိမ် မကင်း စိတ်နဲ့ ဆောက်လုပ်ခွင့် လိုင်စင် ရထားသူများက အတင်းကာရော ဖြိုဖျက်လာနေကြတာ ဖြစ်ပါတယ်။

 ဦးသန်းမြင့်ဦး အဆိုအရ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာပင် မြို့လယ်ခေါင်ရှိ အဆောက်အဦး ၇ လုံး ခန့် မြေခသွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆောက်အဦး ပိုင်ဆိုင်မှု ရှုတ်ထွေးနေမှု ကို အခွင့်ကောင်းယူပြီး စစ်တပ် နဲ့ ခရိုနီ များက မြေယာများကို အလုအယက် သိမ်းယူနေကြပါတယ်။ မကြာသေးမီက မင်္ဂလာဒုံ ဘက်ရှိ စစ်တပ်ပိုင် စက်ရုံတခုနဲ့ ထိစပ်နေတဲ့ မြေနေယာရှိ ကျူးကျော်သူ အိမ် အလုံး ၅၀၀ ခန့် ဖျက်ဆီးခံလိုက်ရပါတယ်။ ကျူးကျော် သူ အချို့က မြက်ပင် ပေါင်းပင်များ ခုတ်ထွင် ရှင်းလင်းပြီးနှစ်ပေါင်း ၂၀ နီးပါးလောက် အခြေချ နေထိုင်လာသူတွေ ဖြစ်ပြီး ဘယ်သူကမှ သူတို့ပိုင် မြေ ဖြစ်လို့ ဖယ်ရှားပေးပါလို့ တခါမှ လာရောက်ပြောဆိုသံ မကြားခဲ့ရလို့ ဆိုပါတယ်။

  ဖယ်ရှားခံရတဲ့ လူ အများ အတွက် နိုင်ငံတကာရှိ ယဉ်ကျေးသော အသိုက်အ၀န်းက ပြုလုပ်ခဲ့ကြတဲ့ ယာယီ နေစရာ ဖန်တီးပေးခြင်း၊ လတ်တလော စားဘို့ သောက်ဖို့ ထောက်ပံ့ပေးတာမျိုး နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဖန်တီးပေးတာမျိုး တွေ မရှိတဲ့ အပြင် အဖျက်ခံရသူများကို တရက် ပဲ ကြိုတင် အသိပေးပြီး အင်အားသုံး ၀င်ရောက် ဖြိုဖျက် ပြစ်ခဲ့ကြတဲ့ အတွက် မြန်မာပြည်ဟာ ကိုယ့်လူမျိုး အချင်းချင်း အုပ်ချုပ်ခံနေရတဲ့ တိုင်းပြည်မှ ဟုတ်ပါရဲ့လား တွေးထင်မိစရာ ဖြစ်လာပါရတယ်။ ဒိကိစ္စအတွက် တာဝန်ရှိ အထက်တန်းအရာရှိ တဦးက ကျူးကျော်သူတွေ အနေနဲ့ ကျူးကျော်တဲ့ အတွက် တနေ့ အဖျက်ခံရမယ်ဆိုတာ သိနေရမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

 အခုလို ကိစ္စတွေ ရန်ကုန် နဲ့ မန္တလေးမှာ အဖြစ်များလာနေတဲ့ အတွက် မြန်မာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ စိုးရိမ်မကင်း ဖြစ်ရကြောင် နဲ့ အိမ်တွေ ဖျက်ဆီး နှင်ထုတ် ခံရသူများ အတွက် အခြေခံ လိုအပ်ချက်တွေကို ထောက်ပံ့ပေးကြဘို့ တိုက်တွန်းပြောကြားလာရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

Credit ; BrainWave


05 Feb 2016     1,345 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS