သမီးအတွက် ပုံပြင်ထဲက သစ်ပင်နဲ့ နတ်သမီးနေရာကို ဖန်တီးပေးတဲ့ ဖခင်
05 Feb 2016 1,777 Views

အမေရိကန်နိုင်ငံမှ Radamshome လို့အမည်ရတဲ့ အမျိုးသားဟဟ ဆိုရှယ် မီဒီိယာမှာ သူ့သမီးအတွက် တည်ဆောက်ပေးလိုက်တဲ့ နေရာကို ဓာတ်ပုံများ ပြသလိုက်ပါတယ်။
သမီးလေးဟာ ပုံပြင်ထဲကလို သစ်ပင်ထဲမှာ နေချင်ကြောင်း ပူဆာပြီး သူ့အခန်းကိုလည်း နတ်သမီးလေးနေတဲ့ အခန်းလေးဖြစ်အောင် လုပ်ပေးပါကြောင်း တောင်းဆိုပါတယ်။ ဖခင်တိုင်းကတော့ ကိုယ့် သားသမီး လိုချင်တာကို ဖြည့်ဆည်းပေးချင်တာ သဘာဝပါပဲ။ ဒါပေမယ့် တောင်းဆိုတဲ့ တောင်းဆိုမှုပေါ် မူတည်ပြီးတော့ ဖြည့်ဆည်းပေးနိုင်မှုဟာ ကွဲလွဲပါတယ်။ ကံကောင်းချင်တော့ သူ့ဖခင်က ဗိသုကာ ပညာရှင် တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့်မို့ သမီးလေး ဖတ်တဲ့ ပုံပြင်စာအုပ်ထဲက နေရာကို သေချာကြည့်ပြီး သမီးရဲ့ အခန်းမှာ ပုံစံတူ ဖြစ်အောင် တကယ်ဖန်တီးပါတယ်။
စုစုပေါင်း ကုန်ကျငွေအဖြစ် အမေရိကန်ဒေါ်လာ ၄,၂၅၀ ရှိပြီး တကယ် တည်ဆောက်ပြီးသွားတဲ့အခါ သူ့သမီးလေး လိုအင်ဆန္ဒ ပြည့်ဝခဲ့ ပါတယ်။












