BEC-TERO TV

Sephora အလှကုန်နဲ့ Disney ပရိတ်သတ်တွေအတွက် သတင်းကောင်း

06 Feb 2016     1,321 Views


        သင်ဟာ Sephora အလှကုန် နဲ့ Disney ပရိတ်သတ်ဆိုရင်တော့ အခုသတင်းဟာ သင့်အတွက် သတင်းကောင်းပဲဖြစ်ပါလိမ့်မယ်။ Sephora တံဆိပ်မှ မီနီမောက်စ် ဒီဇိုင်းအလှကုန်များ (Minnie Mouse –theme Sephora) ကို လာမဲ့  ဧပြီလမှာ စတင်မိတ်ဆက်တော့မှာဖြစ်ပါ တယ်။ Disney ကာတွန်းတွေထဲကအတိုင်း ဒီဇိုင်းတွေကို အသေးစိတ် ပြုလုပ်ထားတာဖြစ်ပြီး အရောင်တွေကလည်း လှပစုံလင်လှပါတယ်။

ပြီးတော့လည်း မီနီမောက်စ်ရဲ့ လူကြိုက်များတဲ့ ဒီဇိုင်းဖြစ်တဲ့ ဖဲပြားပုံစံလေးတွေကိုလည်း တွေ့မြင်ရမှာပါ။

ထုတ်လုပ်မဲ့ အလှကုန်တွေမှာ

အနီရောင်နှုတ်ခမ်းနီတောင့် -15$

Liquid eyeliner ၂ခု - 20$

luminizer blush - 22$

Brush ၆ခုပါ Brush set - 58$

lip stain set - 26$

compact mirror - 26$

အရောင် (၂၀)ပါဝင်တဲ့ eye shadow palette - 45$

ကဲဘယ်လိုလဲ Disney ပရိတ်သတ်တွေ... collection လုပ်ရမဲ့ရက်ကိုမစောင့်နိုင်တော့ဘူးမလား... :D 


06 Feb 2016     1,321 Views




RELATED

Most Popular of Special or Others

Most Popular of Life Style