BEC-TERO TV

ပီဇာကို နေ့စဉ် စားသုံးခြင်းဖြင့် အလေးချိန် ပေါင် ၁၀၀ လျော့ကျ ခဲ့တဲ့ စားဖိုမှုး

08 Feb 2016     1,488 Views


ဒီနှစ်အတွင်း ကျန်းမာရေးဆိုင်ရာနှင့် ပါတ်သတ်ပြီးထူးခြားတဲ့ သတင်းတစ်ခုကတော့ ပီဇာကို နေ့စဉ်ပုံမှန်စားသောပြီး ခန္ဓာကိုယ် အလေးချိန်ကို လျော့ချနိုင်ခဲ့တဲ့ သတင်းက တော်တော်လေးကို အံ့သြ စရာကောင်းတယ်လို့ ပြောနိုင်ပါတယ် ။

Good Morning America ဆိုတဲ့ ရုပ်မြင်သံကြားအစီအစဉ် တစ်ခုမှာ စားဖိုမှုး Pasquale Cozzolion ဟာ လွန်ခဲ့သော နွေရာသီမှ စပြီး နေ့စဉ် ပီဇာအား ပုံမှန်စားသုံးခြင်းဖြင့် အလေးချိန် ၁၀၁ ပေါင် လျော့ကျခဲ့တဲ့ အကြောင်းကို ဖော်ပြခဲ့ပါတယ် ။

အရပ် ၆ ပေ ၆ လက်မ ရှိ Cozzolion ဟာ လွန်ခဲ့သော ၄ နှစ်ခန့် မှာ အီတလီ နိုင်ငံ မှ အမေရိကန် နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ပြီး အသင့်စားသုံးနိုင်သော အစားအစာ များကို စားသောက်ကာ အလေးချိန် ပေါင် ၃၇၀ ကျော်အထိ တက်ခဲ့ပါတယ် ။

ဒီလို ခန္ဓာကိုယ် အလေးချိန် တက်လာခြင်းကြောင့် သူရဲ့ သားနဲ့ အတူ ဆော့ကစားတဲ့ အချိန်မှာ အခက်အခဲရှိသလို ဆရာဝန်က လည်း နှလုံးနဲ့ ပါတ်သက်ပြီး ရောဂါ ဖြစ်နိုင်ခြေများတယ်လို့ ညွှန်ကြားခဲ့ပါတယ် ။

အဲဒီအချိန်မှ စပြီး Cozzolino ဟာ အီတလီ နည်း အဆန်ဆုံးသော အစားအသောက် တွေကို သာ စားသောက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။
ဒါပေမယ့် သူက အဆီ အနှစ်တွေများတဲ့ အစားအသောက်တွေကို တော့ နေ့တိုင်းတော့ စားသောက်ခြင်း မရှိခဲ့ပါဘူး ။

သူစားမယ့် ပီဇာကို သူကိုယ်တိုင် ဂျုံ ၊ ရေ ၊ ဆား နှင့် တဆေးတို့ဖြင့်ပြုလုပ်ထားပြီး ခရမ်းချဉ်သီး ငရုတ်ဆီ ၊ ဂေါ်ဖီပန်း နှင့် မိုဇာရဲလာ ( Mozzarella ) ဟုအမည်ရသော ချိစ် အမျိုးအစားတို့နှင့် ပေါင်းစပ် စားသုံးခြင်းဖြစ်ပါတယ် ။

ပီဇာတစ်ခုချင်းစီ ဟာ ကယ်လိုရီ ၆၀၀ ထက် နည်းပါးတာကို ဖော်ပြထားတယ် ။

ဒါ့အပြင် Cozzolino ဟာ ဂျုံနှင့်အခြား နှံစားပင်တို့ပါဝင်သော cereal နှင့် အသီးအနှံတို့ ကိုရောထားသော နံနက်စာ ၊ ပင်လယ်စာ အရွက်သုတ် နှင့် ဝိုင် ပါဝင်သော ညစာ အစရှိတဲ့ အခြား သောကျန်းမာရေး နှင့် ညီညွတ်တဲ့ အစား သောက်တွေကို လည်းစားသုံးမှုများ ရှိပါတယ် ။

လေ့ကျင်ခန်း အနေနဲ့တော့ သူက လက်ဝှေ့သင်တန်းတစ်ခုကိုသာ တက်ရောက်ခဲ့ပါတယ် ။

“ ဝတ်ကျမယ့်ဆေး တွေသောက်သုံးတာတွေ ၊ သဘာဝ နဲ့ ဆန့်ကျင်တဲ့ နည်းလမ်းတွေ တစ်ခုမှ မလုပ်ခဲ့ပါဘူး ။ လတ်ဆက်တဲ့ အစားအစာက သာ အကောင်းဆုံးသော သဘာဝ ဆေးပါ “ ဟု Metro သတင်းဌာန သို့ ပြောကြားခဲ့ပါတယ် ။

သူ့အနေနဲ့ ကယ်လိုရီများပြီး စားချယ်စားဖွယ် အစားအသောက်တွေကို စားချင်တဲ့ အကျင့်ကို ဘယ်လို ဖျက်ခဲ့သလဲလို့ The Post သတင်းဌာန မှ မေးမြန်းတဲ့အခါမှာ “ ပီဇာ ကိုစားရင် တခြား ဘာထပ်စားချင်တာ ရှိသေးလို့လဲ “ လို့ပြန်ဖြေခဲ့ပါတယ် ။


08 Feb 2016     1,488 Views




RELATED

Most Popular of Special or Others

Most Popular of Life Style