BEC-TERO TV

ကိုးရီးယား နိုင်ငံရဲ့ ကာယ ဗလမယ် လောကမှာ ချစ်စရာ အကောင်းဆုံးသော မျက်နှာ ပိုင်ရှင်

09 Feb 2016     1,752 Views


ဂျီယောင်ဝူး ( Yeon Woo Jhi ) အမည်ဖြင့် IFBB PRO အမျိုးသမီး ကာယဗလ အဖွဲ့တွင် နာမည်ကျော်ကြားသော ကိုးရီးယားနိုင်ငံသူ ကာယဗလ မယ်ဖြစ်ပါတယ် ။ အသက် ၃၁ နှစ် အရွယ် ဖြစ်ပြီး အရပ်အမောင်း ၅ ပေ ၇ လက်မရှိပါတယ် ။

သူမရဲ့ ကြိုးစားအားထုတ်မှု နှင့် အတူ ၂၀၁၀ Korea YMCA over 52 kilogram တန်း ပထမဆုကို ရရှိ ဗိုလ်ဆွဲခဲ့ပြီး နာမည်ကျော်ကြားလာခဲ့သူဖြစ်ပါတယ် ။

ပထမဆု ရရှိပြီးနောက် MTV ရိုက်ကူးရေးများ မှ ကမ်းလမ်းမှုများကို ရရှိခဲ့ပြီး MTV များကို ရိုက်ကူးဖြစ်ခဲ့ပါတယ် ။

၂၀၁၃ ခုနှစ်မှာလည်း 2013 Arnold Classic Europe Physique ပြိုင်ပွဲတွင် ပထမ နေရာမှာ ဗိုလ်ဆွဲခဲ့ပါတယ် ။

ထို့နောက် ကိုယ်ခန္ဓာအချိုးကျကျ လှပစေဖို့အတွက် လိုအပ်တဲ့ လိမ်ဆေးအဆီ၊ သောက်ဆေး ၊ ကြွက်သား အကြောဖြေလျှော့ပေးတဲ့ လိမ်းဆေး၊ ထိုးဆေး ..စတဲ့ ကာယဗလနဲ့ ဆိုင်တဲ့ ဆေးဝါးကုန်ပစ္စည်းတွေရဲ့ တပင်တိုင် ကြော်ငြာအလှမယ် အဖြစ် များက သိရှိလာပါတယ် ။

အပြစ်ကင်းစင်တဲ့ ပိုးသားပန်းပွင့်ကလေး နဲ့ မျက်နှာကျလေးဟာ ထက်မြက်ကျစ်လစ်တဲ့ ခန္ဓာကိုယ် ကောက်ကြောင်းတွေကြောင့် ကိုးရီးယားနိုင်ငံရဲ့ ကာယ ဗလမယ်လောကမှာ ချစ်စရာအကောင်းဆုံးသော ကာယဗလ မယ်အဖြစ် နာမည်ကျော်ကြားသူဖြစ်ပါတယ် ။


09 Feb 2016     1,752 Views




RELATED

Most Popular of International News

Most Popular of NEWS