BEC-TERO TV

မျက်နှာ သစ်ရာမှာ သတိ ထားရမယ့် အချက်များ

09 Feb 2016     1,371 Views


မျက်နှာသစ်တယ်ဆိုတာ အလှအပနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေထဲ ရှုပ်ထွေးမှုအနည်းဆုံး အပိုင်းလို့ထင်ကြမှာပါ။ ဒါပေမယ့် တချို့သော ယေဘုယျအချက်တွေထဲမှာ လုပ်နေကျဖြစ်တဲ့ အကျင့်တွေက သင့်အသားအရေကို ပိုဆိုးဝါးလာစေပါတယ်။
 
ခြောက်သွေ့ခြင်း ၊ ကျိန်းစပ်ခြင်း ၊ အဆီခြောက်ခန်းခြင်း နဲ့ အက်ကွဲခြင်းတွေ ဖြစ်လာစေတတ်တဲ့ မျက်နှာသစ်နည်း အမှားတွေကို သင်မသိသေးဘူးလို့ ထင်တာကြောင့် ရေးသားဖော်ပြလိုက်ပါတယ်။
 
ပထမဆုံးအချက်ကတော့ ထုတ်ကုန်ပစ္စည်း အမျိုးအစား ရွေးချယ်မှုမှားနေတာပဲ။ သင့်အသားအရေနဲ့ တကယ်ကိုက်ညီမယ့် သဘာဝပစ္စည်းအခြေခံ ထုတ်ကုန်မျိုးကို ရွေးချယ်ရပါမယ်။ ဒါကြောင့် ကိုယ့်နဲ့ သင့်တော်မယ့် organic ထုတ်ကုန်တွေကို ရွေးချယ်နိုင်စွမ်းရှိဖို့လိုပြီး ထုတ်ကုန်အမှားတွေ မသုံးမိပါစေနဲ့။
 
တစ်နေ့ကို တစ်ကြိမ် (သို့) နှစ်ကြိမ်လောက် မျက်နှာသစ်ခြင်းက သင့်အတွက် ကောင်းမွန်ပေမယ့် ဒီ့ထက်ပိုလာရင်တော့ မျက်နှာ ကျိန်းစပ်ခြင်း ၊ အဆီပိုထုတ်လွှတ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ်ထက်ပိုပြီး မျက်နှာမသစ်ပါနဲ့။
 
နောက်တစ်ချက်က ရေရဲ့အပူချိန်ပါ။ လူအများ ယုံကြည်နေကြသလို ပူတဲ့ရေက ချွေးပေါက်တွေကို ဖွင့်ပေးပြီး အေးတဲ့ရေက ချွေးပေါက် ပိတ်စေတယ်ဆိုတာ မဟုတ်ပါဘူး။ တကယ်တမ်းတော့ ချွေးပေါက်တွေမှာ ဒီလို ပိတ်ဖို့ ပွင့်ဖို့ ကြွက်သားမရှိတဲ့အတွက် မလုပ်နိုင်ပါဘူး။ ပူတဲ့ရေတွေက သင့်အသားအရေကို ခြောက်သွေ့ခြင်း ၊ သဘာ၀ အသားအရေကို ပျက်စီးစေခြင်းတွေဖြစ်နိုင်ပါတယ်။ ဒီတော့ မျက်နှာသစ်ဖို့ အကောင်းဆုံး ရေအပူချိန်ကတော့ ကြက်သီးနွေးရုံ ရေအပူချိန် ခပ်နွေးနွေးလောက်ပါပဲ။
 
မျက်နှာဂျီးချွတ်တယ်ဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြုအမူ တစ်ခုဖြစ်ပြီး ဆဲလ်အသေတွေ ဖယ်ရှားဖို့နဲ့ လျော့နည်းစေဖို့က သော့ချက်ပါပဲ။ ဒီအတွက် scrub တွေ သုံးရတာဖြစ်လို့ တစ်ပါတ်ကို အများဆုံး နှစ်ကြိမ်၊ သုံးကြိမ်လောက်ပဲ သုံးသင့်ပါတယ်။ မျက်နှာဂျီးချွတ်ရာမှာ ရေစိုအဝတ်တွေအစား လက်ချောင်းတွေနဲ့သာ မျက်နှာကို ပွတ်တိုက်သင့်ပါတယ်။
 
ရေလုံလုံလောက်လောက် သုံးပြီး မျက်နှာမသစ်တာက ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပြီး အသားအရေကို ညစ်နွမ်းစေပါတယ်။ ဒါကြောင့် မျက်နှာသစ်ရာမှာ ပြောင်စင်နေအောင် ရေကို ခပ်ကြာကြာနဲ့ များများသစ်ပါ။ မေးရိုး ၊ နဖူးစပ်နဲ့ နှာခေါင်းတွေက ပိုပြီးဂရုစိုက်ရမယ့်အပိုင်းဖြစ်ပြီး တခါတရံ အဲ့ဒီနေရာတွေမှာ ဆပ်ပြာတွေ ကပ်ကျန်နေခဲ့တတ်ပါတယ်။ ဒါကြောင့် ဒီနေရာတွေကို ပိုပြီးဂရုတစိုက်နဲ့ ဆေးကြောရပါမယ်။
 
 

09 Feb 2016     1,371 Views




RELATED

Most Popular of Special or Others

Most Popular of Life Style