BEC-TERO TV

ဆေးဝါးအကူအညီ မယူဘဲ ဆီးချိုနှင့် သွေးတိုးရောဂါအား ကုသနိုင်ခဲ့သူ

09 Feb 2016     1,415 Views


၂၀၁၁ ခုနှစ်တွင် , ဆီးချို နှင့် သွေးတိုး ရောဂါ ဖြစ်ပွားလျက်ရှိကြောင်းကို ဆေးစစ်ရှာဖွေ တွေ့ရှိခဲ့သည် ။ ထို့ကြောင့် ဆီးချိုထိန်း ဆေးဝါးများ ၊ သွေး မြင့် ဆေးဝါးများကို မသောက် မဖြစ် သောက်ရတော့မည် ဖြစ်သည် ။
 
သို့ပေမယ့် ဆေးဝါးများကို မှီဝဲ မှုမပြုဘဲ လတ်လတ် ဆတ်ဆတ် သစ်သီး သစ်ရွက် စိမ်းများကို စားသုံးခြင်းဖြင့် ဆီးချို နှင့် သွေးတိုး ရောဂါ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည် ။
 
 
လွန်ခဲ့သော ၄ နှစ် ခွဲခန့် , လူတစ်ယောက် ခဏ ခဏ ရေငတ် သည်ကို ခံစားနေရသဖြင့် ဆရာဝန် ထံ သွားရောက်ခဲ့သည်။
 
ဆရာဝန် က သူ့ရဲ့ ခန္ဓာကိုယ်တွင်းမှာ သကြားဓါတ်ဟာ 29.0 mmol/L အထိ မြင့်တက်နေပြီး အစာခြေဖျက်မှုကို အကျိုးပြုပေးသည့် မုန့်ချိုအိတ်သည် လည်း အလုပ်မလုပ်နိုင်တော့ ကြောင်း ပြောပြခဲ့သဖြင့် အလွန်ပင် အံသြကာ စိတ်ဓါတ်ကျခဲ့မိသည် ။
 
ထို အချိန်မှ စ၍ ဆီးချိုသွေးတိုး ထိန်းဆေးဝါးများကို မသောက်သုံးပါက ဆက်လက် အသက်ရှင်ရန်အတွက် လွယ်ကူမည် မဟုတ်ကြောင်းကိုပါ ရှင်းပြခဲ့သည် ။ ထိုသူသည် သူ့ရဲ့ အခြေအနေကို သေချာ သဘောပေါက်လက်ခံပြီး ဆီးချိုသွေးတိုး ထိန်းဆေးဝါးများကို ပုံမှန်သောက်သုံးခြင်း ဖြင့် ကျန်းကျန်းမာမာ နေထိုင်ခဲ့သည် ။ သို့သော် အချိန်ကြာလာသည်နှင့် အမျှ ဆီးချိုသွေးတိုး ထိန်းဆေးဝါးများ၏ ဘေးထွက် ဆိုးကျိုးများမှာ လည်း တဆ နှင့် တဆ ပိုမို သိသာလာသည် ။
 
ဆီးချိုသွေးတိုး ထိန်းဆေးဝါးများ ကို သုံးစွဲခြင်းသည် သူ့ရဲ့ သွေးခုန်နှုန်းကို 150/100 အထိ မြင့်တက်စေခဲ့သည့်အတွက် အခြားသောကျန်းမားရေးကို အတော်ပင် ထိခိုက် လာကြောင်း သတိပြုမိသည် ။
 
 
အခုလို ဆိုးရွားလာတဲ့ အခြေအနေတွေကို လုံးဝ စိတ်ကုန်လာပြီး ၂၀၁၃ ခုနှစ် နှစ်သစ်ကူးည မှာ ဆီးချို သွေးတိုးရောဂါ အခြားနည်းလမ်းဖြင့် ကုသမှုခံယူရန်ဆုံးဖြတ်ခဲ့သည် ။
 
ညတစ်ည မှာ TV အားဖွင့်ကြည့်မိရာ အထူးဧည့်သည် Dr. John Zirdum ပါဝင်ကူညီထားသော“ The Edge of Science “ အစီအစဉ်အား ကြည့်ရှုမိသည် ။ အစီအစဉ်မှာ Dr. Zirdum က သူသည် ၁၂ နှစ်တိုင်တိုင် အစားအသောက် အစိမ်းများကို သာ စားသောက်ခဲ့ကြောင်း ဝေမျှခဲ့သည် ။
 
ထို အစီအစဉ်က သူ့ကို အလွန်ဆွဲဆောင်စေခဲ့ပြီး ဆီးချို သွေးတိုးရောဂါ အခြားနည်းလမ်းဖြင့် ကုသမှုခံယူရန်အတွက်ကို တွန်းအားဖြစ်စေခဲ့သည် ။ ထို့ကြောင့် သစ်သီးဖျော်စက် တစ်လုံး ဝယ်ယူပြီး သူ့ရဲ့ ဘဝ အသစ်တစ်ခု ကို အစပြုခဲ့သည် ။
 
ပထမဦးဆုံးသော ရက်သတ္တပါတ် တွင် အခြားသော အစားအစာများ၏ ဆွဲဆောင်မှုအားက သူ့အတွက် တော်ကို အခက်အခဲဖြစ်ခဲ့ပေမယ့် သူ့ရဲ့ ခိုင်တဲ့ဆုံးဖြတ်ချက် နဲ့ မလျော့သောဇွဲ အာ ထိုအရာတွေကို လွမ်းမိုး အောင်မြင်ခဲ့သည် ။
 
ရလဒ်အနေနဲ့ သူ့ရဲ့ ခန္ဓာကိုယ်တွင်းမှာ သကြားဓါတ် ပါဝင်မှု နှုန်းဟာ 5.0 mmol/L အထိ လျော့ကျခဲ့သည် ။ တကယ့်ကို ယုံကြည်စရာမကောင်းနိုင်လောက်သော အတွေ့အကြုံ ကို သူ ခံစားခဲ့ရသည် ။
ဆေးစစ်မှု များကို ပုံမှန်ပြုလုပ်ခဲ့ပြီး အခန့်မသင့်ဘဲ သကြားဓါတ်ပြန်လည် မြင့်တက်လာလျှင် ကာကွယ်ရန် အတွက် ဆေးဝါးများကိုလည်း အသင့်ဆောင်ထားသည် ။
 
သို့သော် သူ့၏ သကြားဓါတ် မှ ပြန်လည် မြင့်တက်လာမှုမရှိသည့် အပြင် ခန္ဓာကိုယ် အလေးချိန် အချို့ကိုပင် လျော့ကျနိုင်ခဲ့သည် ။ သူ့ရဲ့ အသစ်သော အစားအသောက် ပုံစံ ဟာ နေ့စဉ် ယေဘုယျ (၂) ပေါင်နီးနီး ခန္ဓာကိုယ် အလေးချိန်ကို ကျစေခဲ့ပြီး ၂၅ ရက်အတွင်း (၂၂) ပေါင် အထိ လျော့ချပေးခဲ့ပြီး (၄) လအတွင်း သူကို့ လုံးဝပြောင်းလဲစေခဲ့သည် ။
 
သစ်သီးသစ်ရွက် စိမ်းများကို စားသောက်ခြင်းဟာ ဆေးဝါးများကို သောက်သုံးခြင်းမရှိဘဲ သူ့ရဲ့ သွေးခုန်နှုန်းကို ပုံမှန်ပြန်လည်ဖြစ်စေခဲ့ပြီး အလေးချိန် ပေါင် (၄၀) ထက်မကလျော့ကျ စေခဲ့ခြင်းဖြစ်ပါတယ် ။
အချိန်ကြာမြင့်စွာ သစ်သီးသစ်ရွက်စိမ်းများကို စားသောက်ခြင်းဖြင့် အခုအခါမှာဆိုရင် အရသာရှိသော ပေါင်းစပ်မှုများကိုပါလေ့လာစမ်းသပ်လျက်ရှိပါသည် ။
 
သူ့ရဲ့ လက်ချိန် အနှစ်သက်ဆုံးသော သီးစုံဖျော်ရည်ကို ဖော်ပြလိုက်ပါသည် ။
ပါဝင်သော အသီးများ
ကီဝီ အသီး (၅) လုံး
ကိုက်လန်သီး လက်တစ်ဆုပ်
ငှက်ပျောသီး (၂) လုံး
ပန်းသီး (၂) လုံး
ရေ (၁) လီတာ ဝက်
 
ပါဝင်သော အသီးတွေအားလုံးကို ဖျော်စက်ထဲပေါင်းထည့်ပြီး ကောင်းကောင်း မွှေလိုက်ပါ ။ ပြီးမှ ရေ (၁)လီတာ ဝက်ကို လောင်းထည့်ပြီး နှံ့စပ်အောင် ခါပါ ။ မနက်မှ ဖျောရည်ကို လီတာဝက်သောက်ပြီး ကျန်တာကို တနေ့လုံးတွင် သောက်နိုင်ပါသည် ။ ဗိုက်ဆာသည် ဟု ခံစားရလျှင် အသီးများကို ပုံမှန်စားနိုင်သည် ။
 
သစ်သီးသစ်ရွက် သုပ် ကို တူနာငါး နှင့်ရောနှော သုပ်ပြီး စားသုံးနိုင်ပါသည် ။ တူနာငါးသည် ခန္ဓာကိုယ် အတွက်လိုအပ်သော Vitamin B2 ကို ပေးစွမ်းနိုင်သည် ။ ဒီနည်းလမ်းရဲ့ လျှို့ဝှက်ချက်တစ်ခု ကတော့ တော်ရုံတန်ရုံ ဗိုက်ဆာခြင်းကို ခံစားရခြင်းမရှိခြင်းဖြစ်သည် ။
 
အဘယ်ကြောင့်ဆိုသော် ဗိုက်ဆာခြင်း ၊ မဆာခြင်းကို ဦးနှောက်မှ သူ့အလိုအလျောက်မသိနိုင် ၊ သွေးသည် ခန္ဓာကိုယ် တစ်ခုလုံး၏ လိုအပ်သော အာဟာရ ကို သယ်ယူပို့ဆောင်ပေးပြီး ဦးနှောက်သည် သွေးမှ ထို အချက်အလက်ကို သိရခြင်းကြောင့်ဖြစ်သည် ။

09 Feb 2016     1,415 Views




RELATED

Most Popular of Special or Others

Most Popular of Life Style