BEC-TERO TV

အိပ်ပျော်နေစဉ် ဝိတ်ကျအောင် ဘယ်လိုနေထိုင်မလဲ

10 Feb 2016     1,361 Views


သင်တကူးတက လေ့ကျင့်ခန်း မလုပ်ပဲ ၊ အိပ်နေရင်း ဝိတ်ကျနိုင်မယ်ဆို စမ်းမကြည့်ချင်ဘူးလား? ဒီနည်းလမ်းတွေကို လိုက်နာရုံနဲ့ သင်ဟာအိပ်နေရင်း ကိုယ်ခန္တာအလေးချိန်ကို လျှော့ချပြီးသား ဖြစ်စေမှာပါ။
 
1. အိပ်ယာမဝင်ခင် ဘာစားရမလဲ
အိပ်ယာမဝင်မှီမှာ ပရိုတင်းဓါတ်ပါတဲ့ အစားအစာ ၃၀ ဂရမ်လောက် စားသုံးပေးခြင်းဖြင့် အိပ်ပျော်နေစဉ်မှာ ကယ်လိုရီ လောင်ကျွမ်းမှုကို ပိုပြီးဖြစ်စေနိုင်ကြောင်း ပညာရှင်တွေက ဆိုကြပါတယ် ။ ပရိုတင်းဓါတ်ဟာ အိပ်ပျော်နေစဉ် ကြွက်သားများကို ပိုမိုသန်မာအောင် အကူအညီပေးနိုင်ပြီး အဲ့ဒီကြွက်သားတွေက ကယ်လိုရီပိုမို လောင်ကျွမ်းအောင် အကူအညီဖြစ်စေပါတယ်။
 
2. အမှောင်ထဲမှာ အိပ်ပါ။
မှောင်မဲနေတဲ့ အခန်းမှာ အိပ်စက်ခြင်းဖြင့် သင့်ကို melatonin ဟော်မုန်းကို ထွက်စေပြီး ၊ ဒီဟော်မုန်းက သင်အိပ်ငိုက်ဖို့ အထောက်အကူဖြစ်စေသလို ကယ်လိုရီကို ပိုမိုလောင်ကျွမ်းစေမယ့် အညိုရောင် အဆီတစ်မျိုးကိုလည်း ထုတ်ပေးနိုင်ပါတယ်။
 
3. အပူချိန် လျှော့ချပေးခြင်း
အေးတဲ့ အခန်းမှာ အိပ်ခြင်းဖြင့် သင့်ခန္တာကိုယ်က ကယ်လိုရီကို ပိုပြီးလောင်ကျွမ်းစေမှာပါ ။
 
4. အီလက်ထရောနစ် ပစ္စည်းများ အသုံးပြုခြင်းကို ရပ်တန့်ပါ
အိပ်ယာမဝင်ခင် သင့်အနီးအနားက အီလက်ထရောနစ်ပစ္စည်းတွေကို ပါဝါပိတ်ထားသင့်ပါတယ် ။ သင့်ဖုန်းနဲ့ tablets တွေက ထွက်တဲ့ အပြာရောင်လှိုင်းတိုဟာ သင့်ခန္တာကိုယ်က melatonin ဟော်မုန်းထွက်ရှိမှုကို ရပ်တန့်စေပြီး သင့်ခန္တာကိုယ်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ် ။ ဒါကြောင့် သင့်အနီးအနားမှာ ဖုန်းကို ယူထားပြီး အိပ်တာမျိုးကို လုံးဝမလုပ်သင့်ပါဘူး။
 
5. အိပ်ရေးဝအောင် အိပ်ပါ။
အိပ်ရေးဝအောင် အိပ်စက်သူတွေဟာ အိပ်ရေးမဝသူတွေထက် ကယ်လိုရီ ၅ ရာခိုင်နှုန်းလောက် ပိုပြီးလောက်ကျွမ်းနိုင်တယ်လို့ လေ့လာမှုတစ်ခုက ဆိုထားပါတယ် ။ အိပ်ရေးဝတဲ့ အိပ်စက်ခြင်းဖြစ်ဖို့ တစ်နေ့ကို ၇ နာရီ ၈ နာရီလောက် အိပ်စက်သင့်ပါတယ်။
 
Credit: MyanBuzz

10 Feb 2016     1,361 Views




RELATED

Most Popular of Special or Others

Most Popular of Life Style