BEC-TERO TV

ဆီးကျိတ် ကင်ဆာ ဖြစ်စေတဲ့ ငါးကြီးဆီ

10 Feb 2016     1,395 Views


နေ့စဉ်ပုံမှန် သောက်လေ့ရှိတဲ့ ငါးကြီးဆီကြောင့် အမျိုးသားတွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း ၇၀ ရာခိုင်နှုန်းကျော် မြင့်မား လာနိုင်တယ်လို့ အမေရိကန် ကင်ဆာရောဂါဋ္ဌာနက ထုတ်ပြန်လိုက်ပါတယ်။
 
ဒီလိုဖြစ်ပွားနှုန်းမြင့်မားရတာကတော့ ငါးကြီးဆီးဟာ "အိုမီဂါ 3"  ပါဝင်မှု များပြားတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ "အိုမီဂါ 3" ဟာဆိုရင် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ဆဲလ်တွေကို ပျက်စီးစေပြီး ကိုယ်ခံအားစနစ်ကို ကျဆင်းစေနိုင်တယ်လို့ ကင်ဆာသုတေသီတွေက ပြောပါတယ်။
 
သုတေသန ပညာရှင်တွေဟာဆိုရင်တော့ ဆီးကျိတ်ကင်ဆာ ခံစားနေရတဲ့ အမျိုးသား ၁၇ ယောက်ကို ရှစ်နှစ်တာ သုတေသန ပြုလုပ်ရာကနေပြီး အခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
 
ဆီးကျိတ်ကင်ဆာဖြစ်ရတာဟာဆိုရင်တော့ မျိုးရိုးဗီဇနှင့် ယောကျ်ားဟော်မုန်း DTH (Dihydrotestosterone) ကြောင့် အဖြစ်များလေ့ရှိတယ်လို့ လေ့လာသူတွေက ပြောပြပါတယ်။ ငါးကြီးဆီးက "အိုမီဂါ 3" အက်စစ်က ဒီဟော်မုန်းကို အားပေးတာကြောင့် အခုလို ဖြစ်ပွားနှုန်းမြင့်တက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။
 
အမေရိကန်နိုင်ငံမှာဆိုရင်တော့ ငါးကြီးဆီကို အရိုးသန်မာစေရေးနှင့် မျက်စိအားကောင်းစေရေး တို့အတွက် ကလေးတွေကို နေ့တိုင်းလိုလို တိုက်ကျွေးလေ့ ရှိပြီး ပုံမှန်သောက်သုံးနေကျ ဆေးပမာဏဆိုရင်တော့ ကျန်းမာရေးအရ ပူပန်စရာ အကြောင်းမရှိဘူးလို့လည်း လေ့လာသူတွေက ပြောပါတယ်။ သက်ကြီးပိုင်းမှာဆိုရင်တော့ ငါးကြီးဆီကို ကိုလက်စထရောကျဆင်းစေဖို့ သောက်သုံးလေ့ရှိကြပါတယ်။
 
"အိုမီဂါ 3" အက်စစ်ဟာဆိုရင်တော့ နှလုံးသွေးကြောစနစ်ကို အဓိက ကိုင်တွယ် ဖြေရှင်းပေးပြီး ခန္ဓာကိုယ်အလေးချိန်နှင့် ဇီဝ ဖြစ်စဉ်များကို အထောက်အကူပေးကြောင်း နိုင်ငံတကာ ဆေးပညာရှင်များက လက်ခံထားပါတယ်။ ဒါပေမယ့်လည်း ပုံမှန်မဟုတ်ဘဲ ပမာဏများများသောက်မိရင်တော့ အမျိုးသားတွေအတွက် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတေ ဖြစ်စေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
 
Credit: health.thithtoolwin.com
Ref : Foxnews

10 Feb 2016     1,395 Views




RELATED

Most Popular of Special or Others

Most Popular of Life Style