BEC-TERO TV

စိတ်ဝင်စား စရာကောင်းသော အပျိုကြီး (၁၀) မျိုး

10 Feb 2016     1,491 Views


မိန်းကလေးတွေ အပျိုကြီး ဖြစ်ရတာ မစွံလို့ မဟုတ်ပါဘူး။ အခုခေတ်မှာတော့ အသက် ၂၀ ကျော်လာပြီး ရည်မှန်းထားသူ၊ ဒါမှမဟုတ် ရည်းစားမရှိရင် အပျိုကြီးလို့ စတင်သမုတ်ခံရပါပြီ။ မိန်းကလေးတွေက ရည်းစားမရှိရတဲ့ အကြောင်းရင်း ၁၀ မျိုး ရှိပါသတဲ့။ သင်ကရော ဘယ်ထဲမှာပါပါသလဲ။
 
၁။ စိတ်ကူးယဉ်ဆန်လွန်းသူ
ရိုမီယိုနဲ့ ဂျူးလိယက်ဇာတ်လမ်းထဲကလို ကိုယ်တစ်ဦးတည်းကိုမှ စွဲစွဲမြဲမြဲတန်ဖိုးထားတဲ့ ချစ်သူများကို လိုချင်ကြတယ်။ ကိုယ့်ကို ချစ်ခင်ကြောင်း အမြဲရွှမ်းရွှမ်းဝေပြောပြီး ညစာစားပွဲမှာ ကိုယ့်နားနားကို ကပ်ပြီး ကဗျာလေးရွတ်ပြမယ့်သူ၊ ကိုယ်နဲ့တွေ့မယ်ဆိုတိုင်း ထူးဆန်းအံ့သြဖွယ် လက်ဆောင်လေးတွေ ပေးမယ့်သူမျိုးကို စိတ်ကူးယဉ်တတ်တဲ့ မိန်းကလေးမျိုးပါ။
 
၂။ အဆိုးမြင်ဝါဒီသမား
ဒီလိုမိန်းကလေးမျိုးတွေက ယောက်ျားတစ်ယောက်ကို အလွယ်တကူနဲ့ မကြွေတတ်သလို မြင်လိုက်တာနဲ့ ဒီလူက မကောင်းဘူးလို့ အရင်တွေးထားပြီး ရွေးချယ်သင့်တဲ့သူဖြစ်ကြောင်း အဲဒီလူ သက်သေပြအောင်လုပ်တယ်။ အဲဒီလို မိန်းကလေးမျိုးတွေက အသည်းကွဲဖူးသူဖြစ်ပြီး နောက်ထပ် အဲဒီလို အဖြစ်မခံဘူး။
 
၃။ ဂျီးများသူ
အဲဒီလိုမိန်းကလေးမျိုးကတော့ ကိုယ်သတ်မှတ်ထားတဲ့ အချက်တွေအားလုံးနဲ့ မကိုက်ညီတဲ့ ယောက်ျားမျိုးဆိုရင် မစဉ်းစားတော့ပါဘူး။
 
၄။ ဒိတ်ခဏခဏလုပ်သူ
ယောက်ျားတွေနဲ့တော့ တွဲကြည့်တယ် ဒါပေမဲ့ တစ်မျိုးမဟုတ်တစ်မျိုး ချွတ်ချော်နေသူလို့ တွေးတတ်တယ်။ ဒီလူကတော့ အလုပ်အကိုင်ကောင်းကောင်း ရှိပေမယ့် ပျင်းစရာကောင်းတယ်။ ဒီလူက ပျော်တတ်ပေမယ့် စမတ်မကျဘူး။ သူစိတ်တိုင်းကျတဲ့သူ မရှိဘူး။ ဒါပေမဲ့ သူကတော့ တစ်ယောက်ပြီးတစ်ယောက် ဆက်ပြီး ဒိတ်လုပ်ရင်း ကြိုးစားနေသေးတာပဲ။
 
၅။ အရမ်းကို ရည်းစားလိုချင်လွန်းသူ
သူလည်း ဒိတ်ခဏခဏလုပ်သူလိုပဲ ဘယ်သူနဲ့မဆို တွဲမှာပါ။ ဒါပေမဲ့ သူကတော့ ဒိတ်လုပ်ရတာ မုန်းပြီး အထီးကျန်မှာ ကြောက်တယ်။ အဲဒီတော့ အရမ်းကို ကြိုးစားတယ်။ ဒါပေမဲ့ လိုက်လေ ဝေးလေ ဖြစ်နေတုန်းပဲ။ ကိုယ့်ကို အတည်ချစ်တဲ့သူနဲ့ မတွေ့နိုင်သေး။
 
၆။ ကံကို ပုံချထားသူ
အချစ်ရေးအတွက် မလှုပ်ရှားချင်တော့။ ခိုင်မြဲတဲ့အချစ်ရေးရဖို့ ကြိုးစားကြည့်တယ်၊ ဖြစ်မလာဘူး။ အဲဒီတော့ဘာဖြစ်လဲ။ နောက်ဆုံးတော့ ချစ်သူတွေ ကွဲကြမယ်၊ လင်မယားတွေ ကွဲကြမယ်။ ကိုယ့်ဘာသာကိုယ်ပဲ အေးဆေးနေတော့မယ်။
 
၇။ အမှီအခိုကင်းသူ
ဒီလိုမိန်းကလေးမျိုးက ခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခု ရှိနေပြီးသား။ အချစ်ကို လိုချင်ပေမယ့် ယောက်ျားတွေရဲ့ အတ္တက သူ့ရဲ့ အောင်မြင်မှုမှာ အတားအဆီး ဖြစ်နေတတ်တယ်။ သူက အလုပ်ကို ဦးစားပေးလုပ်တယ်။ တစ်ခါတလေ ဒိတ်လုပ်ကြည့်တယ်။ အဆင်ပြေတဲ့သူ တွေ့ရင်တော့ ရွေးချယ်မယ်ပေါ့။ အဆင်မပြေတော့ရော ဘာဖြစ်လဲ၊ အလုပ်က သူ့ရဲ့ တစ်သက်တာ အဖော်မွန်ဆိုလည်း ဟုတ်နေတာလေ။
 
၈။ စီးပွားရေးဆန်သူ
ဘာပဲလုပ်လုပ် အလုပ်သဘောအရပဲ။ ကိုယ်ယုံကြည်ရမယ့် ဘဝအဖော်မွန်ပဲ လိုချင်တယ်။ အဲဒီလို လူကို ရှာဖို့လည်း အချိန်အကန့်အသတ်ပဲ ပေးနိုင်တယ်။ သူ့အတွက် အချိန်က အရမ်းတန်ဖိုးရှိတာကိုး။
 
၉။ မင်းသမီးလေး
သူကတော့ ခေတ်နောက်ကျတဲ့ အတွေးတွေရှိနေပြီး ကြင်နာယုယတတ်တဲ့ ယောက်ျားမျိုးကို လိုချင်တယ်။ သူ့ကို အမြဲဖူးဖူးမှုတ်ထားမယ့် ယောက်ျားမျိုး၊ ရွှေပေါ်မြတင်ထားနိုင်မယ့်သူမျိုးကိုပဲ လိုက်ရှာတယ်။
 
၁၀။ ဘဝကို ကျေနပ်နေသူ
ချစ်သူရှိရင်တော့လည်း ပျော်စရာကောင်းမှာ သေချာပါတယ်။ ဒါပေမဲ့ တစ်ကိုယ်တည်း နေတာလည်း ကောင်းတာပဲလို့ တွေးနေသူ။ သူငယ်ချင်းတွေက ရည်းစားရဖို့ လုံးပန်းနေချိန်မှာ သူကတော့ လက်ရှိဘဝမှာ ပျော်ရင်း လွတ်လပ်မှုအတွက် ကျေနပ်နေသူပဲ ဖြစ်တယ်။

10 Feb 2016     1,491 Views




RELATED

Most Popular of Special or Others

Most Popular of Life Style