BEC-TERO TV

သာမာန်လူတွေနဲ့ မတူတဲ့ ချမ်းသာသူများ၏ တွေးခေါ်ပုံ (၁၁) မျိုး

10 Feb 2016     1,444 Views


၁. အလုပ်နဲ့ပတ်သတ်လျှင်
ချမ်းသာတဲ့သူတွေက သူတို့ရဲ့စိတ်အားထက်သန်ရာအလုပ်ကိုလုပ်ကြပြီး သာမာန်လူတွေကတော့ သူတို့မကြိုက်တဲ့ လုပ်ငန်းခွင်မှာ အလုပ်ဝင်ပြီး ဝင်ငွေရှာကြတယ်။

၂. သူငယ်ချင်းတွေနဲ့ပတ်သတ်လျှင်
ချမ်းသာတဲ့သူတွေက စိတ်တူကိုယ်တူတွေနဲ့ပေါင်းပြီး သာမာန်လူတွေကတော့ ချမ်းသာတဲ့သူတွေက ကြီးကျယ်တယ်လို့ ထင်ကြတယ်။

၃. အတ္တ (သို့) တစ်ကိုယ်ကောင်းဆန်မှု
ချမ်းသာတဲ့သူတွေအတွက် တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ တစ်ခါတစ်ရံတော့ လိုအပ်တဲ့အရာလို့ သတ်မှတ်ပြီး သာမာန်လူတွေအတွက်တော့ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာကို မကောင်းတဲ့အရာအဖြစ် သတ်မှတ်ထားတတ်ကြပါတယ်။

၄. ရူပါရုံ
ချမ်းသာတဲ့သူတွေက အနာဂတ်ကိုမျှော်မှန်းပြီး သာမာန်လူတွေကတော့ အရင်ကရွှေထီးဆောင်းခဲ့တဲ့ နေ့ရက်တွေကိုပဲ တမ်းတနေတတ်ကြတယ်။

၅. ရင်းနှီးမြုပ်နှံမှု
ချမ်းသာတဲ့သူတွေက အခြားသူတွေရဲ့ပိုက်ဆံနဲ့ရင်းနှီးပြီး သာမာန်လူတွေကတော့ ပိုက်ဆံရှာဖို့အတွက် ပိုက်ဆံလိုတယ်လို့ အထင်မှားနေတတ်ကြတယ်။


 

၆. အခွင့်အရေး
ချမ်းသာတဲ့သူတွေက အခွင့်အရေးကနေ ပိုက်ဆံရှာဖို့လုပ်ကြပြီး သာမာန်လူတွေကတော့ အခွင့်အရေးကနေ ပိုက်ဆံစုဖို့လုပ်ကြတယ်။a


 

၇.မျှော်မှန်းချက်
ချမ်းသာတဲ့သူတွေက ဝင်ငွေများများရဖို့ မျှော်မှန်းကြပြီး သာမာန်လူတွေကတော့ ရုန်းကန်ဖို့ပဲစဉ်းစားနေတတ်တယ်။


 

၈. သင်ယူမှု
ချမ်းသာတဲ့သူတွေက ပညာသင်ဖို့ထက် အခြားသူတွေရဲ့ အကြံဉာဏ်၊ စိတ်ကူးတွေကို လက်ခံပြီး သာမာန်လူတွေကတော့ အခြားသူတွေရဲ့စိတ်ကူးဉာဏ်တွေထက် ပညာပဲသင်ဖို့ စိတ်ကူးတတ်တယ်။


 

၉. ဈေးကွက်
ချမ်းသာတဲ့သူတွေက ဈေးကွက်ဆိုတာ စိတ်ကူးဉာဏ်တွေ၊ ဝင်ငွေကောင်းမှုတွေအပေါ်မူပြီး သာမာန်လူတွေကတော့ ဈေးကွက်ရှာတယ်ဆိုတာ logic တွေ နည်းဗျူဟာ တွေပေါ်မူတည်တယ်လို့ ထင်ကြတယ်။


 

၁၀. ရွေးချယ်မှု
ချမ်းသာတဲ့သူတွေကတော့ သူတို့ဟာလိုချင်သမျှအားလုံးရနိုင်တယ်လို့ သတ်မှတ်ထားပြီး သာမာန်လူတွေကတော့ မိသားစုကိုရွေးရမလား၊ ချမ်းသာဖို့ အလုပ်ပဲလုပ်ရမလားဆိုတာကို ဝေခွဲမရဖြစ်တတ်ပါတယ်။


 

၁၁. ပျော်ရွှင်မှု
ချမ်းသာတဲ့သူတွေအတွက် ဆင်းရဲခြင်းဟာ နတ်ဆိုးတစ်ပါးလို့သတ်မှတ်ထားပြီး သာမာန်လူတွေကတော့ ပိုက်ဆံဟာ နတ်ဆိုးလို့ သတ်မှတ်ထားပါတယ်။


10 Feb 2016     1,444 Views




RELATED

Most Popular of Special or Others

Most Popular of Life Style