BEC-TERO TV

တပ်ရင်း၉ ခရေပင် လမ်းခွဲ အထူးကား ပေါ်က စပယာ တစ်ဦး နဲ့ ခဏတာ

10 Feb 2016     1,382 Views


ဒီနေ့ ကျတော် မင်္ဂလာဒုံ KBZ ဘဏ်ကို အသွားပေါ့။ နီးနီးလေးမို့ လိုင်းကားပဲစီးသွားပါတယ်။တခါမှမကြုံဖူးတဲ့ ယာဉ်နောက်လိုက်မျိုးနဲ့ ဆုံခဲ့ရတယ်။ တော်တော် စကားကိုချိုချိုသာသာပြောတတ် တဲ့လူဗျာ။ နောက်ပြီးသူ့ စကားကြောင့် ကူညီတတ်တဲ့စိတ်ကြောင့် ခရီးသည်တွေ အားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိလိုက်ပုံများ တကယ် လေးစား လောက်ပါတယ်။

သူပြောတဲ့ စကားလေးတွေ နည်းနည်း မှတ်မိ သလောက်ပေါ့။
အန်တီ တစ်ယောက် ကလေးငယ်လေး လက်ဆွဲပြီးတတ်လာတော့ ထိုင်ခုံနေရာကိုယ်တိုင်ချပေးပြီး "သားသားလေးတို့ ဘယ်သွားမှာလဲ" (ကလေးလေးက ပြုံးပြီးမော့ကြည့်ရုံ ပါပဲ)
အန်တီကြီးက စီပွားရေးဘဏ်တဲ့
အော်ပိုက်ဆံတွေများကြီးထုတ်ခဲ့နော်သားသား ပြီးရင်ဦးကို ၅၀၀၀ လောက်ချီးခဲ့ ချီးမှာ လား။
ကလေးလေးက ရီကျဲကျဲနဲ့ ချီးပါဘူးတဲ့။

နောက်ပုလဲလမ်းဆုံ မှတ်တိုင်မှာ ကျတော်နဲ့ ရွှယ်တူ ကောင်လေး ၆ ယောက်တတ်လာတယ် သွားချင်တာက ရန်ကင်း၁၂လုံးတန်း တတ်လာတဲ့ကားက ခရေပင်လမ်းခွဲဖက်က ပတ်ပြီးဆူးလေကား ။ ရှေ့ တမှတ်တိုင်မှ သိတော့ ဟားကားမှားလာပြီဟျောင့်တွေ ဆိုတော့ -

စပယာကြီးက ညီလေးတို့ က ဘယ်သွားချင်တာလဲ
၁၂ လုံးတန်းပါအကို ဒီလမ်းပဲ ၁၀၂ စံပြဈေးကားကို စီးသွားရမှာ ညီလေးတို့  အနီးဆုံး တောင်ဥက္ကလာ ဘုရားကနေ ဆင်းပြီးနောက်တဆင့်ထပ်စီးသွားရင် အိုကေပဲ။
ခုဒီမှာ ဆင်းမလားညီလေးတို့  ဆင်းမယ်ဆို အကိုပိုက်ဆံ မယူတော့ပါဘူး အပိုကုန်နေမှာစိုးလို့ပါ ၆ယောက်ဆို ၁၂၀၀တောင်ကျနေပြီ။
ကောင်လေးတွေလဲ ဘာစိတ်ကူး ပေါက်လဲမသိဘူး ရတယ်အကို ယူပါ။ ၃လမ်းဆုံထိ လိုက်ခဲ့မယ် ။
ဒါစေတနာ အကျိုးပေးတာဖြစ်မယ်။

နောက်မှတ်တိုင်မှာ ကရင် မောင်နှမတတ်လာတော့ တစ်ထောင်တန်ပေးတော့ ပြန်အမ်းမယ်နော် ညီလေး
ဘယ်သွားမှာလဲ *****-ဟုတ်ပြီ အကိုပြန်အမ်းပေးမယ်နော် ၆၀၀ ။မအမ်းတော့လဲ ဆုံးပြီမှတ်ပေါ့ ဟဲဟဲ ။ ကရင်လေးကလဲ ရီပြီး ရပါတယ်ဆိုတော့။
အေး အဲ့လို ကို့ ခရီးသည်နဲ့ ကိုက အဆင်ပြေနေရောတဲ့။

နောက်တစ်မှတ်တိုင်မှာ ရွှေရင်အေးဗန်းကြီးနဲ့ အဒေါ်တစ်ယောက်တတ်တော့ သူ ကဗန်းကိုမထားပေးတယ် အမ ဟိုမှာထိုင်ကျတော်ဗန်းယူခဲ့မယ်

၃လမ်းဆုံကျတော့ အဒေါ်ကြီး ဆင်းသွားတော့လဲ သူပဲဗန်းကြီး ကိုင်ပြီးနောက်ကလိုက်ဆင်းသွားတယ်။
အိမ်ယာထဲသွားရောင်းမလို့ လားအမတဲ့။ အဒေါ်ကြီးကလဲ ဟုတ်ပါတယ် ဆိုတော့ ကားပေါ်ပြန်တတ် အိမ်ယာထိပ်မှာ ရပ်ပေးမယ်ဆိုတော့ ရပါတယ် အားနာလို့  မှတ်တိုင်မှာပဲဆင်းတော့မယ်ပေါ့။
ကားပေါ်ကနေလှမ်းကြည့်ပြီးသူကပြောလိုက်သေးတယ် ။ အော် ဒီအမကြီးနေပူထဲမှ ကားနဲ့ လိုက်ခဲ့ပြီးရောတဲ့။

ရှေ့ ကသုံးရာသီမှတ်တိုင်ကျတော်ဆင်း တော့ ဘဏ်လားညီ လေးတဲ့ ဟုတ်တယ်အကိုလို့  ကလေးလေးကတော့ ငါ့ကို မပေးဘူးတဲ့ မင်းရော မုန့် ဖိုးပေးဦးနော် တဲ့။ ကျတော်ရီတော့ ရီတယ်ရီတယ် ကောင်လေး ဖြည်းဖြည်းဆင်း ဆိုပြီး ပြောရင်းကားကြီးလဲ တလိမ့်လိမ့်ထွက်ခွာသွားပါတော့သည်။

တပ်ရင်း၉ ခရေပင် လမ်းခွဲ အထူးကား ပေါ်က စပယာ တစ်ဦး နဲ့ ခဏတာ

by-လင်းထိုက်
https://goo.gl/gD3qhs


10 Feb 2016     1,382 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS