BEC-TERO TV

ဒီအိမ်ခြေ ရာမဲ့ သူတောင်းစား ဇာတ်လမ်းက သင့်အမြင်ကို ပြောင်းလဲစေရမယ်

10 Feb 2016     1,439 Views


ကြည့်ရှုသူရဲ့ နှလုံးသားကို ထိတွေ့စေမယ့် ဒီ Video ဟာ ခြေသလုံးအိမ်တိုင် အိမ်ခြေရာမဲ့ လူတွေ အပေါ်သင့်အမြင်ကို ပြောင်းလဲစေမှာပဲဖြစ်ပါတယ် ။

ဒီ Video ထဲမှာ စတိုးဆိုင် ပိုင်ရှင်တစ်ယောက်က မနက် သူ့ဆိုင်ကို ဖွင့်တိုင်းမှာ အိမ်ခြေရာမဲ့ လူတစ်ယောက် အမြဲတိုင်း လာလာအိပ်နေတာကို တွေ့ရမှာပဲဖြစ်ပါတယ် ။ အဲဒီလူရဲ့ အပြုအမှု ကို ဆိုင်ပိုင်ရှင်က မကျေမနပ် ဖြစ်တယ်ဆိုတာကလည်း သင်ကိုယ်တိုင် ဆိုင်ဖြစ်တဲ့သူဆိုရင်တော့ လက်ခံနိုင်မယ့် အခြေအနေ ပဲဖြစ်ပါတယ် ။

ဒါကြောင့်မလို့ ဆိုင်ရှင်ဟာ အစပိုင်းမှာ အေးအေးဆေးဆေး လာမအိပ်ဖို့ပြောရာမှ နောက်ပိုင်းပါ ဆဲဆိုငှောက်ငန်း ရိုက်နှိုက် မှောင်းထုတ် အထိ ကို မြင်တွေ့ရမှာဖြစ်ပါတယ် ။

နောက်ဆုံးပိုင်းမှာတော့ သူ့ဆိုင်ရှေ့မှာ အဲဒီလူကို မတွေ့တော့တဲ့ အခါမှာတော့ ဘေးဘယ်ညာကို ရှာကြည့်မိနေတာကို တွေ့မှာပါ ။ အဲဒီအချိန်မှာမှ ဆိုင်ပိုင်ရှင်ဟာ ဆိုင်ရှေ့မှာတပ်ထားတဲ့ လုံခြုံရေးကင်မရာကို ပြန်ကြည့်မိတော့မှ အိမ်ခြေရာမဲ့လူရဲ့ အကြောင်းကို သေချာသိလိုက်ရပါတယ် ။

ဒီ Video ဟာ လူတစ်ယောက်ကို အပြင်ပိုင်းကြည့်ပြီး သူ့ရဲ့ စိတ်ရင်းသဘောကို ဆုံးဖြတ် လို့မရနိုင်ကြောင်းကို ပြောပြသွားတာ ဖြစ်ပါတယ်။


10 Feb 2016     1,439 Views




RELATED

Most Popular of Special or Others

Most Popular of Life Style