BEC-TERO TV

လှည်းတန်းဈေး ပျံကျရောင်း ဈေးသည် အဒေါ်ကြီး နှင့် စည်းပင်သာယာရေး တို့ရဲ့ တိုက်ပွဲ

11 Feb 2016     1,427 Views


ရန်ကုန်မြို့လှည်းတန်းဈေးတွင် စည်းပင်သာယာရေး အဖွဲ့မှ  ပျံကျ ရောင်းချနေသော ဈေးသည်များအား လုပ်နေကျအတိုင်း ဈေးသည်များ လမ်းပိတ်မရောင်းဖို့ မောင်းထုတ်တယ်၊ အရေးယူတယ်။ မနေ့က အဒ်ါကြီး တစ်ယောက် မြေပဲဗန်းကို မောက် လမ်းလယ်မှာ အိပ်ပြီး ငိုယိုနေတဲ့ ဖြစ်ရပ်ကို တွေ့တဲ့ သူတွေက ဓါတ်ပုံရိုက်ပြီး အွန်လိုင်း ပေါ်တင်ပြီး အမျိုးမျိုးပြောကြတယ်။

Facebook သုံးစွဲသူ သတင်းမော်ကွန်း က "ရန်ကုန်မြို့လှည်းတန်းဈေးတွင် ပျံကျ ရောင်းချနေသော ဈေးသည်များအား စည်းပင်သာယာရေး အဖွဲ့မှ ရက်ရက်စက်စက် ပစ္စည်းများ ဖျက်ဆီးပြီး ဖမ်းဆီး နေပုံပါ။ သူတို့တွေဟာ တနေ့လုပ်မှ တနေ့စားရတဲ့ ဆင်းရဲသားတွေပါ တခို့ဆိုရင်စား ဝတ်နေရေး အတွက်တရက် နေ့ပြန်အတိုး ၁၀၀ ချေးယူရင် ၅၀ အတိုးနဲ့ ယူုပြီး ဈေးရောင်း ရသူတွေပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဆင်းရဲသား လက်လုပ် လက်စားတွေကို တော့ညှာတာဖို့ ကောင်းပါတယ်တာဝန်ရှိ လူကြီးမင်းများ" ဆိုပြီး ရေးထားပါတယ်။


Facebook သုံးစွဲသူ Min Thant က "ဟုတ်ပါဘူး။ ကျွန်တော်က လှည်းတန်းကပါ။ သူ့အတွက် နေရာပေးထားတာ သူများကို ငှါးထားတယ် အားလုံးက စည်ပင်လာရင် ဖယ်ပေးကြတယ် ပီးရင် ပြန်ရောင်းကြတာဘဲ ဒီနေ့လဲ ဖမ်းချင်ဖမ်းဆိုပီး အိပ်ချလိုက်တာပါ မျက်မြင်တွေရှိပါတယ် သတင်းကို လိမ်ပီးမရေးသင့်ပါဘူး စည်ပင်လဲကောင်းတယ်မပြောပါဘူး ဒါပေမဲ့ ဈေးသည်တွေက လမ်းလည်ခေါင်ရောင်း ကားအဝင်အထွက် တွေရှိပါတယ် အမြဲ ပြသနာ ဖြစ်ကြပါတယ် ဘေးကပ်ရောင်းခိုင်းပါတယ်။ အဲမိန်းမကြီးက အမြဲအဲလိုပါဘဲ ဖယ်ပေးဆိုလဲ မဖယ်ပေးဘူး ပီးတော့ မြေပဲဗန်းကိုလဲ သူ့ဟာသူမှောက်ပစ်လိုက်တာပါ ဈေးသည်တွေကလည်း စည်းကမ်းမရှိပါဘူး ကားလာရင် မဖယ်ပေးဘူး ကားကမလွတ်တော့ ပြသနာတွေ အမြဲ တက်ကြပါတယ် အဲနေ့ကတည်းက လူတွေ ဓာတ်ပုံ ဝိုင်းရိုက်နေကတည်းက သတင်းအမှား တက်လာတော့ မယ်ဆိုတာ သိပါတယ် ပီးတော့ ဈေးသည်တွေက မိမိနေရာကို သူများငှါးပီးတော့ လမ်းလယ်ခေါင် တက်ရောင်းကြပါတယ် မီးသာ လောင်ကြည့် ဈေးသည် ရှင်းနေရတာနဲ့တင် အဲနားတွေ ပြာဖြစ် နေပါလိမ့်မယ် ဈေးသည်တွေလည်း စည်းကမ်းရှိရင် အဲလိုတွေ ဖြစ်စရာမရှိပါဘူး လှည်းတန်းဈေးအကြောင်း လှည်းတန်းမှာ နေတဲ့သူတွေ အသိဆုံးပါ" ဆိုပြီး တုံ့ပြန်ပါတယ်။

ဘယ်သူမှား ဘယ်သူမှန် ဆုံးဖြတ်ပေးကြပါဦးလား...



 


11 Feb 2016     1,427 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS