BEC-TERO TV

Google Chrome အသုံးပြုသူများ အနေနဲ့ လိုင်းမကောင်းရင် ဆော့လို့ ရနိုင်တဲ့ လျို့ဝှက် ဒိုင်နိုဆောဂိမ်း

11 Feb 2016     1,413 Views


ကွန်ပျူတာမှာ Google Chrome Web Browser ကို အသုံးပြုပြီး အင်တာနက်သုံးတဲ့သူတွေ အနေနဲ့ လိုင်းမကောင်းတဲ့ အခါမှာ ပဲဖြစ်ဖြစ် ၊ လိုင်းကျနေရင်ပဲ ဖြစ်ဖြစ် အပျင်းပြေ ဆော့ကစားနိုင်ဖို့ အတွက် Google Chrome မှ ဒိုင်နိုဆောဂိမ်းကို လျို့ဝှက်ထည့်သွင်းပေးထားပါတယ် ။

လိုင်းကျလို့ ကိုယ်လိုချင်တဲ့ Website မပေါ်လာပဲ Connection Time Out ဆိုတဲ့ စာမျက်နှာ ပေါ်လာတဲ့အခါ ဒိုင်နိုဆော အရုပ်ကလေးကို တချို့ သတိထားမိမှာပဲဖြစ်ပါတယ် ။ အဲဒီလို ဒိုင်နိုဆော အရုပ်ကလေးပေါ်လာခဲ့ရင် ဂိမ်းကစားဖို့ အတွက် လျို့ဝှက် Key ကို ရိုက်ပြီးရင် ကစားနိုင်မှာပဲဖြစ်ပါတယ် ။
 
လျို့ဝှက် Key ကတော့ ခက်ခက်ခဲခဲ ရိုက်ရမှာမဟုတ်ပါဘူး ။ Keyboard မှ Space ဘားကို တစ်ချက် ပုတ်လိုက်ပြီးရင် ဒိုင်နိုဆော ဂိမ်းကို ဆော့ကစားနိုင်မှာပဲဖြစ်ပါတယ် ။ ဂိမ်းအမျိုးအစား က တော့ လူတိုင်းဆော့ကစားနိုင်မယ့် High Score တင်ရတဲ့ Adventure ဂိမ်းပဲဖြစ်ပါတယ် ။
 
Space ဘားကို နှိပ်လိုက်ပြီးတာနဲ့ ဒိုင်နိုဆောက စတင် ပြေးမှာဖြစ်ပြီး အတားဆီးတွေကို ခုန် ပြီးတော့ပဲ ဖြစ်ဖြစ် ငုံ့ပြီးတော့ပဲ ဖြစ်ဖြစ် ရှောင်ရှားနိုင်မှာပါ ။ ခုန်ဖို့အတွက်ဆိုရင် Space ဘား သို့မဟုတ် Up Arrow Key ကို အသုံးပြုနိုင်ပြီး ငုံဖို့အတွက်ကို Down Arrow Key ကို အသုံးပြုရမှာပဲဖြစ်ပါတယ် ။ ဒိုင်နိုဆော ဂိမ်းနဲ့ အတူ လိုင်းကျနေတဲ့ အခါမှာ သူငယ်များနဲ့ ယှဉ်ပြိုင်နိုင်ပြီပေါ့ ။


11 Feb 2016     1,413 Views




RELATED

Most Popular of Special or Others

Most Popular of NEWS