BEC-TERO TV

သင် လျစ်လျူရှုမထားသင့်သော နှလုံးရောဂါလက္ခဏာ (၆) ချက်

11 Feb 2016     2,044 Views


လိင်ပိုင်းဆိုင်ရာ ပြဿနာများ ၊ အိပ်နေစဉ်ဟောက်ခြင်း ၊ သွားဖုံးယောင်ရမ်းခြင်း စသည့် ပြဿနာလေးတွေဟာ ကျန်းမာရေးအတွက် သိပ်ပြီးဂရုမထားမိတဲ့ ပြဿနာတွေပဲဖြစ်လို့ လူတွေတော်တော်များများဟာ ဒီလိုပြဿနာတွေနဲ့ ကြုံတွေ့လာရပြီဆိုရင် လျစ်လျူရှုထားတာကိုတွေ့ရပါတယ်။

ဒါပေမယ့် ဒီသိပ်ပြီးမထင်ရှားတဲ့ ပြဿနာတွေဟာ တကယ်တမ်းကျတော့ နှလုံးရောဂါဖြစ်နိုင်မဲ့ လက္ခဏာများဖြစ်ပြီး သေစေနိုင်မှု အများဆုံးသော အကြောင်းအရင်းပဲဖြစ်ပါတယ် ။ နှလုံးနဲ့ သွေးလွှတ်ကြောမကြီးတွေ သိပ်ပြီးကျန်းမာရေး မကောင်းဖြစ်လာရင် အခြား နှလုံးနဲ့မသက်ဆိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ မသိသာမထင်ရှားတဲ့ ကျန်းမာရေးချို့မှု လက္ခဏာတွေဖြစ်လာတတ်ပါတယ်။
 

တကယ့်ကို မထင်မှတ်ပဲအဖြစ်များတဲ့ နှလုံးရောဂါလက္ခဏာရပ်တွေမို့ အဲဒီအချက်တွေဖြစ်ပေါ်လာရင် သတိထားပြီး ဆင်ခြင်နိုင်အောင် လျစ်လျူမရှုသင့်တဲ့ နှလုံးရောဂါလက္ခဏာ (၆) ရပ်ကို ဖော်ပြေပေးလိုက်ပါတယ်။

လက္ခဏာ (၁) လိင်ပိုင်းဆိုင်ရာကျန်းမာရေး မကောင်းမွန်ခြင်း
လူအများစုဟာ လိင်ပိုင်းဆိုင်ရာကျန်းမာရေး မကောင်းတော့ရင် လိင်အင်္ဂါနှင့်ဆက်စပ်သော အင်္ဂါများမှ သို့မဟုတ် အာရုံကြော ချို့တဲ့ခြင်းလို့ ထင်မှတ်ကြပါတယ် ။ တကယ်တမ်းကြတော့ သွေးလွှတ်ကြောမကြီး ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်မှုမရှိခြင်းကြောင့်ဖြစ်ပြီး ယောက်ျားများတွင် အများစုဖြစ်တတ်တာဖြစ်ပါတယ် ။

လက္ခဏာ (၂)  အိပ်နေစဉ်တွင် ဟောက်ခြင်း သို့မဟုတ် အိပ်ပျော်ပြီး အိပ်ရေးမဝခြင်း
အိပ်တဲ့အချိန်မှာဟောက်တတ်တဲ့ သူဘေးနားမှာအိပ်ရခြင်းဟာ အချို့လူတွေအတွက် စိတ်အနှောက်အယှက် ဖြစ်စေတတ်သလို ဟောက်တတ်တဲ့လူဟာ နှလုံးရောဂါဖြစ်နိုင်တဲ့လက္ခဏာကို ပြသခြင်းလည်းဖြစ်ပါတယ်။ ဟောက်ခြင်းဟာ အိပ်ပျော်ပြီး အိပ်ရေးမဝခြင်းရဲ့ လက္ခဏာလည်းဖြစ်ပါတယ်။ အိပ်ပျော်ပြီး အိပ်ရေးမဝခြင်းဟာ အိပ်စက်ချိန်အတွင်း အသက်ရှုနည်းပါးတဲ့ အချိန်ကာလမှာဖြစ်ပေါ်တတ်ပြီး နှလုံးရောဂါနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားနိုင်မှုများပြားတဲ့ လက္ခဏာပဲဖြစ်ပါတယ် ။

ဒါကြောင့် ဟောက်ခြင်း သို့မဟုတ် အိပ်ပျော်ပြီး အိပ်ရေးမဝခြင်း လက္ခဏာများဖြစ်ပေါ်လာပါက ကြိုတင်စစ်ဆေးပြီး ကုသမှုခံယူပါက နှလုံးနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကို ကြိုတင်ကာကွယ်နိုင်ပါတယ် ။

လက္ခဏာ (၃) သွားဖုံးယောင်ရမ်းခြင်း၊ သွေးထွက်ခြင်း
သွားဖုံးယောင်ရမ်းခြင်း ၊ သွေးထွက်ခြင်းများဟာ နှလုံးရောဂါရဲ့ လက္ခဏာတစ်ရပ်ဖြစ်ကြောင်းကို လူနည်းစုသာ သိကြပါတယ်။ မကျန်းမာသော သွားဖုံးလက္ခဏာဟာ သာမန်ဖြစ်ပေါ်တတ်သော လက္ခဏာအမျိုးအစားဖြစ်ပေမယ့် တကယ်တမ်းကျတော့ ဆိုးရွားတဲ့ နှလုံးပိုင်ဆိုင်ရာရောဂါများနှင့် နှလုံးရပ်ခြင်းများကို နောက်ဆက်တွဲဖြစ်လာစေနိုင်တဲ့ လက္ခဏာဖြစ်ကြောင်း ဖော်ပြထားပါတယ် ။

ဒါကြောင့်မို့လို့ သွားဖုံးယောင်ရမ်းခြင်း နှင့် အခြားသွားဖုံးရောဂါများဖြစ်ပါက အလျင်အမြန်ကုသမှုခံယူကြဖို့ တိုက်တွန်းပါတယ် ။ နေ့စဉ်ပုံမှန် သွားနှင့်သွားဖုံးသန့်ရှင်းအောင် ထားပေးဖို့လဲအရေးကြီးပါတယ် ။

လက္ခဏာ (၄) ပုခုံး နှင့် လည်ပင်း ညောင်းညာခြင်း နှင့် နာကျင်ခြင်း
နှလုံးရောဂါဖြစ်သူအများစုဟာ သူတို့ရင်ဘတ်ပေါ်မှာ ဆင်ကြီးတတ်ဖိထားတဲ့ခံစားမှုမျိုး သို့မဟုတ် သူတို့ရဲ့ လက်မောင်းတွေကို ဖြစ်ညစ်ထားတဲ့ခံစားမှုမျိုးကို ခံစားရလေ့ရှိပြီး နှလုံးရောဂါဖြစ်သူတိုင်း ဒီလိုမျိုးခံစားရမှာ မဟုတ်ပါဘူး ။
လည်ပင်း ၊ ပုခုံး နှင့် မေးရိုးများကိုက်ခဲခြင်း ၊ ညောင်းညာခြင်းနှင့် နာကျင်ခြင်းများကို ခံစားနေရပါကလည်း နှလုံးရောဂါ ဖြစ်ပွားစေနိုင်တဲ့ လက္ခဏာများဖြစ်ပါတယ်။ တချို့သော ကိုက်ခဲခြင်း နာကျင်ခြင်းများဟာ နှလုံးကျန်းမာရေးမကောင်းကြောင်းကို ဖော်ပြနေတာလည်း ဖြစ်ပါတယ် ။

လက္ခဏာ (၅) ခြေလက်များ ဖောခြင်း
ခြေလက်များယောင်ရမ်းခြင်းကတော့ ခန္ဓာကိုယ်အပူချိန်မမှန်ခြင်းနှင့် ထိခိုက်ဒါဏ်ရာများကြောင့်ဖြစ်ပြီး ခြေလက်များ ဖောခြင်းကတော့ နှလုံးရောဂါအန္တရယ်ရှိခြင်းကြောင့် အဖြစ်များခြင်းဖြစ်သည်။ တစ်ချို့သောသူတွေဟာ ညဖက်အိပ်စက်ပြီး မနက်အချိန်မှာ ဖောခြင်းများဖြစ်တတ်ပြီး အချိန်တချို့မှာ ပုံမှန်ပြန်လည်ဖြစ်သွားပါက စိုးရိမ်စရာမရှိပေမယ့် ၂၄ နာရီ အတွင်း ခြေလက်များဖောခြင်း ပုံမှန်အခြေအနေသို့ ပြန်လည်မဖြစ်ပါက နှလုံးနှင့် သွေးကြောရောဂါလက္ခဏာ ဖြစ်ပေါ်နေခြင်းပဲဖြစ်ပါတယ် ။

လက္ခဏာ (၆) အစာမကြေခြင်း နှင့် ရင်ဘတ်အောင့်ခြင်း
အစာမကြေဖြစ်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းက လူတိုင်းလိုလို ဖြစ်တတ်တဲ့ သာမန်ရိုးကျရောဂါလက္ခဏာ ဖြစ်ပါတယ် ။ ဒါပေမယ့်တစ်ချို့ ပြင်းထန်ပြီး ၊ မကြာခဏ ဖြစ်တတ်သူများကတော့ နှလုံးရောဂါအန္တရယ်ဖြစ်နိုင်တာကြောင့် ဂရုစိုက်ရမှာပဲဖြစ်ပါတယ်။ အစာမကြေဖြစ်ခြင်း ၊ ရင်ဘတ်အောင့်ခြင်း ၊ အသက်ရှုမဝခြင်း ၊ ချွေးထွက်များခြင်း ၊ မကြာခဏ ခေါင်းမူးဝေခြင်းများဟာ လျစ်လျူမရှုထားသင့်သော နှလုံးရောဂါနဲ့ လက္ခဏအချို့ပဲဖြစ်ပါတယ်။

 

 


11 Feb 2016     2,044 Views




RELATED

Most Popular of Special or Others

Most Popular of Life Style