ပန်းတနော်မှာ Bobby Soxer ခဲနဲ့အပေါက်ခံရပြီး ဆေးကုသ ခံရ
11 Feb 2016 1,722 Views

Feb 9 ရက်နေ့ ည ပန်းတနော် မြို့ ခတ္တရာ ကျေးရွာ တွင် BoBo Entertainment က ပြုလုပ်ခဲ့သော show ပွဲ တခုတွင် ပရိတ်သတ်ကြားထဲမှ ခဲနဲ့အပေါက်ခံခဲ့ ရပါတယ်။
ခဲဟာ Bobby Soxer ရဲ့ မျက်လုံးအနီးကိုထိခိုက်သွားပြီး ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။ အခုလတ်တလောမှာ သီဆိုမယ့် ရှိုးတွေကို ဖျက်ပြီး အိမ်မှာခဏနားနေတယ်လို့လည်းသိရပါတယ်။
သူမရဲ့ ထုတ်လုပ်သူတစ်ယောက်ဖြစ်သလို အကိုတစ်ယောက်လိုခင်နေတဲ့ ကိုဘိုစန်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာလဲ "အနပညာရှင်တစ်ယောက်ကို ကိုယ့်ဘက်က ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ထိခိုက်အောင်လုပ်တာ ကတော့ တကယ်ကို သေးသိမ်တဲ့ စိတ်ဓါတ်ပါပဲ။ ဒီလို လုပ်လိုက်လို့ နစ်နာသွားတဲ့ အနုပညာသမားတစ်ယောက်အတွက် ဘယ်လောက်ထိ စိတ်ထိခိုက်ဖို့ကောင်းလဲဆိုတာ ကျွန်တော်အနေနဲ့ ပြောမပြနိုင်လောက်အောင် ဝမ်းနည်းရပါတယ် ညီမလေး ထက်ထက် မြန်မြန်နေကောင်းပါစေ"လို့လဲ ရေးသားထားပါတယ်။







