BEC-TERO TV

သင့် ဖူးစာဖက်ကို ရှာဖွေတွေ့ရှိပြီဆိုတာ သိစေနိုင်တဲ့ အချက် (၈) ချက်

12 Feb 2016     1,573 Views


“စကားပုံတစ်ခုက ဆိုထားပါတယ်။ သင် မမွေးဖွားရသေးဘူးဆိုရင်တောင် သင့်အိမ်ထောင်ဘက်ရဲ့ အမည်နာမကို ဘုရားသခင်က သတ်မှတ်ပြီးသား” ပါတဲ့။ ဒါကို မှန်ခြင်းမှားခြင်း ကျွန်တော် အငြင်းအခုန် မပြုလိုပါဘူး။ ဒါပေမယ့် လူတိုင်း ကိုယ့်အိမ်ထောင်ဘက် ဘယ်သူလဲဆိုတာ သိချင်ကြပါတယ်။ ကျွန်တော် အခုပြောပြသွားမှာက သင့်အိမ်ထောင်ဘက် အမည် အလိုလျှောက်ပေါ်လာစေတဲ့ Software တွေ App တွေကို မိတ်ဆက်ပေးသွားမှာ မဟုတ်ပါဘူး။ သင် လူတစ်ယောက် အပေါ်မှာ အောက်ပါဖော်ခြချက်လေးတွေနဲ့ ကိုက်ညီတယ်ဆိုရင် သင့်အိမ်ထောင်ဖက်ကို သင် တွေ့ပြီလို့ ဆိုလို့ရပါတယ်။
 
1. ကိုယ့်ဘာသာ စိတ်ထဲက အလိုလိုသိနေတယ်။
တစ်ခါတရံ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးကလာတဲ့ “အဲဒီတစ်ယောက်ဟာ မင်းနဲ့အသင့်တော်ဆုံးပဲ ” ဆိုတဲ့ တိုက်တွန်းမှုကို သင် လက်ခံရရှိနိုင်ပါတယ်။ ဒါကို ကိုယ့်ဘာသာပဲ သိပါတယ်။
 
2. တူညီတဲ့ခံစားချက်နဲ့တွေ့ဆုံကြတယ်။
လူ တစ်ယောက်နဲ့တစ်ယောက် ဖူးစာပါပြီဆိုတာနဲ့ သူနဲ့သင်ဟာ မိုင်သောင်းချီဝေးလည်း တစ်နေရာရာမှာ လာဆုံပါလိမ့်မယ်။ တစ်ခါတလေ သင်နဲ့ အိမ်းနီးနားချင်းလည်းဖြစ်နိုင်ပြီး သင့် စိတ်အခံက တစ်နည်းနည်းနဲ့ ဖူးစာဖက်ကို လက်ခံလာချင်တဲ့အခါမျိုးမှာ သင်ဟာ သူ့ကို ပထမဆုံး သတိထားမိတာပဲဖြစ်ဖြစ် ဆုံတွေ့တာပဲဖြစ်ဖြစ် တွေ့ကြုံရပါ့လိမ့်မယ်။ ထူးခြားချက်အနေနဲ့ အဲဒီအချိန်မှာ သင် ခံစားနေရတဲ့ ခံစားမှုမျိုး သူလည်း ခံစားနေရပြီဆိုတာပါဘဲ။
 
3. သင်ငြိမ်းချမ်းမှုကိုခံစားရရင် သူလည်း ထပ်တူခံစားရမယ်။
ဒီလို နားလည်မှုနဲ့ ဖြစ်တည်လာတဲ့ လူနှစ်ယောက်ဟာ တစ်ယောက်စိတ်ကို တစ်ယောက် ကောင်းကောင်း ခံစားတတ်ပြီး သင့် ငြိမ်းချမ်းမှုကို သူ တကူးတကယူစရာမလိုပဲ ရနေပါ့လိမ့်မယ်။ သင်တို့နှစ်ယောက်တည်း ကွက်ပြီးတော့ ငြိမ်းချမ်းနေတာမျိုးအထိတောင် ဖြစ်နိုင်ပါတယ်။
 
4. သူ့ရင်ထဲက အသံကို သင်ကြားနိုင်သလို သင့်ရင်ထဲက အသံကို သူကြားနိုင်တယ်။
သူ့နှလုံးသားက အသံမဲ့စကားတွေကိုလည်း သင် ကြားနိုင်မယ်။ ဘယ်လိုအချိန်မှာလဲ မျက်လုံးချင်းဆုံတဲ့အခါ၊ သို့တည်းမဟုတ် သူ့ အမူအယာလေးတွေကို အကတ်ခတ်ပြီး ဘာသာပြန်တဲ့အခါမျိုးမှာတောင် သင်ရဲ့ ဘာသာပြန်နိုင်မှုစွမ်းအားဟာ အံ့မခန်း မှန်ကန်နေလိ့မ်မယ်။
 
5. တစ်ယောက်အကြောင်းကိုတစ်ယောက်သိတယ်။
တစ်ယောက်ရဲ့ အပြစ်အနာအဆာကို သိတယ်။ ဒါကို သင်ကိုယ်တိုင်က ခွင့်လွှတ်နိုင်တယ်ဆိုရင် သင့်အပြစ် အနာအဆာကို သင့်ဖူးစာဖက်က ခွင့်လွှတ်နိုင်ပါတယ်။ နောက်ပြီး အဲဒီအပြစ်အနာအဆာဆီကပဲ နှစ်ယောက် စလုံးအတွက် အကျိုးကျေးဇူးတွေ ပြန်ရအောင်ရှာပြီး အသုံးချတတ်သွားမယ်။
 
6. တူညီတဲ့ မျှော်မှန်းချက်တွေရှိတယ်။
ဒါတွေကလည်း ညှိထားစရာမလိုအောင် တိုက်ဆိုင်တတ်တယ်။ ဥပမာအားဖြင့် သင်က သစ်လုံးအိမ်လေးနဲ့ အေးအေးချမ်းချမ်းနေချင်တယ်ဆိုရင် သူဟာ သင်နဲ့မပတ်သက်ခင်တုန်းက တိုက်ကြီးတာကြီးနဲ့ နေချင်သူ ဖြစ်ချင်ဖြစ်မယ် … သင်နဲ့ပတ်သက်ပြီးရင်တော့ သင့်စိတ်ကူးနဲ့ ထပ်တူထပ်မျှ ဖြစ်နေပါလိမ့်မယ်။
 
7. အထီးကျန်မှုမခံစားရတော့ဘူး။
သင်ဟာ သူ့ကိုယ်တစ်ကယ်ချစ်ပြီဆိုရင် တစ်ယောက်တည်း ရှိနေချိန်မှာတောင် အထီးကျန်မှုကို ခံစားရမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်အနားမှာ သူရှိနေတယ်လို့ တွေးတောနေမှာမို့လို့ပါ။ အဲဒီလိုပဲ သူကလည်း ထပ်တူ တွေးတောနေမှာမို့ အတွေးလေးထဲမှာ နှစ်ယောက်သားအမြဲတမ်း တွေ့ဆုံနေမှာပါ။
 
8. မနာလိုဖြစ်တာ မလုံမလဲဖြစ်တာမျိုးရှိမှာမဟုတ်။
မျက်ကွယ်မှာပဲဖြစ်ဖြစ် မျက်မှောက်မှာပဲဖြစ်ဖြစ် သင်ရဲ့ ဖူးစာဖတ်ကို သင်စိတ်ချပါတယ်။ မနာလိုစိတ်လည်း မဖြစ်ပါဘူး။ ဘာကြောင့်ဆို သူမဟာ သင်နဲ့တစ်ထပ်တည်းကျတယ်ဆိုတာကို သိနေလို့ပါဘဲ။
 
Source: lifehack.org

12 Feb 2016     1,573 Views




RELATED

Most Popular of Special or Others

Most Popular of Life Style