BEC-TERO TV

ဆောင်းတွင်းမှာ နှုတ်ခမ်း ကွဲခြောက် တာတွေ အတွက် အကောင်းဆုံး အဖြေများ

12 Feb 2016     1,523 Views


ဆောင်းတွင်းရောက်လာတာနဲ့ လူတိုင်းကြုံရတဲ့ ပြဿနာကတော့ အသားတွေပက်တာ ၊ နှုတ်ခမ်းတွေ ကလည်း စိုစွတ်မနေဘဲ ကွဲခြောက်အက်ကွဲတာမျိုးတွေကို ကြုံရလေ့ရှိပါတယ်။
 
နှုတ်ခမ်းခြောက်တဲ့အချိန်မှာ လုပ်မိလေ့ရှိတာကတော့ ခြောက်သွေ့နေတဲ့နှုတ်ခမ်းကို ပြန်စိုလာစေဖို့ လျှာနဲ့သပ်မိတာပါပဲ။ နှုတ်ခမ်းကို လျှာနဲ့သပ်မိတာက သက်သာသလိုဖြစ်စေပေမယ့်လည်း အမှန်တကယ်က နှုတ်ခမ်းကွဲတာကို ပိုပြီး ဆိုးရွားလာစေပါတယ်။ နှုတ်ခမ်းက ခန္ဓာကိုယ်ရဲ့တခြားနေရာတွေထက် အစိုဓာတ်ကို ထိန်းသိမ်းမှုအားနည်းတာကြောင့် ခြောက်သွေ့လွယ်ပါတယ်။
 
ဆောင်းရာသီမှာတော့ နှုတ်ခမ်းကွဲတာ၊ ခြောက်သွေ့ပြီး နှုတ်ခမ်းဖတ်လန်တာတွေ ပိုဖြစ်တတ်ပါတယ်။ နှုတ်ခမ်းနဲ့ပတ်သက်ပြီး ရှောင်ကြည်ရမဲ့ အချက်လေးတွေနဲ့ သဘာဝကုထုံးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
 
ရှောင်ကြဉ်သင့်တဲ့ အပြုအမူတွေကတော့
 
 
- နှုတ်ခမ်းကို လျှာနဲ့သပ်တာမျိုး မလုပ်ပါနဲ့။ နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်တာက သက်သာသလို ဖြစ်ပေမယ့် နှုတ်ခမ်းကွဲတာကို ပိုပြီး ဆိုးရွားလာစေပါတယ်။
- နှုတ်ခမ်းကို သွားတိုက်တံနဲ့မပွတ်ပါနဲ့။ ပိုပြီး ဆိုးရွားလာတတ်ပါတယ်။
- နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှု မရှိအောင်နေပါ။
- နေပူ သိပ်မခံပါနဲ့။
- နှုတ်ခမ်းနီကို အလွန်အမင်းသုံးစွဲခြင်းဟာလည်း နှုတ်ခမ်းကိုခြောက်သွေ့ပြီး မည်းစေပါတယ်။
- နှုတ်ခမ်းကွဲတဲ့အခါ အရေပြားကွာနေတာကို မနေတတ်လို့ဆိုပြီး ခွာတာတွေမလုပ်ပါနဲ့။
- အပြင်နှုတ်ခမ်းကိုလည်း မကိုက်ပါနဲ့။ တံတွေးကနေ ခြောက်သွေ့မှု ဖြစ်လွယ်လို့ပါ။
 
ကုသလို့ရတဲ့ သဘာဝနည်းတွေကတော့
 
- သခွားသီးစိတ်နဲ့ နှုတ်ခမ်းကိုပွတ်ပေးပါ။
- နှင်းဆီနီပွင့်ချပ်အနည်းငယ်ကို နို့အစိမ်းထဲ နာရီအနည်းငယ်ကြာအောင်စိမ်ပြီး အရည်ပျစ်ပျစ်ဖြစ်လာအောင် မွှေပါ။ ပြီးမှ နှုတ်ခမ်းကိုလိမ်းပေးပါ။
- သံလွင်ဆီအနည်းငယ်ကို လက်မှာဆွတ်ပြီး နှုတ်ခမ်းကိုလိမ်းပေးပါ။
- ပျားရည်နဲ့ နှုတ်ခမ်းကိုပွတ်လိမ်းပေးပါ။
- အုန်းဆီနဲ့လည်း လိမ်းပြီး ကုသနိုင်ပါတယ်။
- ရေဓာတ်ခြောက်ခမ်းမှု မဖြစ်ရလေအောင် ရေလုံလောက်အောင် သောက်သုံးပေးပါ။ တစ်နေ့ကို ရေ ဖန်ခွက် ၆ ခွက်ကနေ ၁၀ ခွက်အတွင်း သောက်သုံးပေးသင့်ပါတယ်။
 
နှုတ်ခမ်းခြောက်သွေ့ပြီး အက်ကွဲနေရင်တော့ ရှောင်ရမယ့်အစားအသောက်တွေရှိလာပါပြီ။ အစပ်၊ အပူတွေကို ရှောင်ပါ။ ကော်ဖီသောက်တာ လျှော့ပေးပါ။ ကော်ဖီဟာ ရေဓာတ်ခြောက်ခမ်းစေပါတယ်။ အအေးနဲ့ အချိုရည် တွေကိုလည်း တတ်နိုင်သမျှလျှော့သောက်ပေးတာကလည်း နှုတ်ခမ်းခြောက်သွေ့တာကို သက်သာစေပါလိမ့်မယ်။
 
Credit:
health.thithtoolwin.com
Ref : MNT

12 Feb 2016     1,523 Views




RELATED

Most Popular of Special or Others

Most Popular of Life Style