VDay မှာ အလေးထားရဆုံးသူကို လက်ဆောင်ပေးမယ့် Selena Gomez
13 Feb 2016 1,558 Views

VDay မှာ အလေးထားရဆုံးသူကို လက်ဆောင်ပေးမယ့် Selena Gomez
Selena ဟာ Valentine's Day နေ့အတွက် အထူးစပယ်ရှယ်လက်ဆောင်ပေးဖို့ စီစဉ်ထားပါတယ်။ အသက် ၂၂ နှစ်အရွယ် selena ဟာ သူမရဲ့ ဗယ်လင်တိုင်းလက်ဆောင်ကို ပေးဖို့ စီစဉ်ထားတာက အမျိုးသားတွေဆီကို မဟုတ်ဘဲ သူမ ချစ်ခင်ရတဲ့ သူငယ်ချင်းမလေးတွေပါတဲ့။
"selena က သူမရဲ့ သူငယ်ချင်းမလေးတွေဆီက အချစ်တွေနဲ့ အားပေးမှုတွေ အများကြီးရတယ်။ သူမရဲ့ စိတ်ဓာတ်အကျဆုံးအချိန်တွေမှာလည်း သူမကို ဖေးမခဲ့ကြတယ်။ အခု သူတို့အပေါ် သူမရဲ့အချစ်ကို ပြသဖို့ Selena က တွေးနေတယ်" လို့ သူမနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ Taylor Swift လို အချစ်ဆုံးသူငယ်ချင်းမလေးတွေ ရှိတဲ့ Selena ဟာ Valentine's Day မှာသူမရဲ့ သူငယ်ချင်းတွေနဲ့အတူ ဘာလုပ်မှာလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။





