BEC-TERO TV

ကျန်းမာ ကောင်းမွန်သော အသံကို ပိုင်ဆိုင်ဖို့ အတွက် လိုက်နာ ရမည့် အချက် (၅) ချက်

15 Feb 2016     1,496 Views


သီချင်းဆိုဖို့အစီအစဉ် ရှိရင်ပဲ ဖြစ်ဖြစ် ၊ သီချင်းပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖို့အတွက်ပဲ ဖြစ်ဖြစ် သင့်ရဲ့အသံကို ကျန်းမာ ကောင်းမွန်ဖို့အတွက် ဘာတွေဘယ်လိုပြင်ဆင်ရမလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ် ။ World Voice Day မှာ အသံပိုင်းကျွမ်းကျင်ပညာရှင် Dr. Wendy LeBorgue မှ အသံထိန်းသိမ်းပြီးအကောင်းမွန်ဆုံးဖြစ်စေမယ့် သူမရဲ့ အကောင်းဆုံး နည်းလမ်း (၅) ခုကို ဖော်ပြပေးထားပါတယ် ။

၁ ။ သင့်ရဲ့ အသံ နှင့် ကိုယ်ခန္ဓာကိုယ်ကိုပါ အားကစားသမားတစ်ယောက်လိုလေ့ကျင့်ပေးပါ ။
နည်းစနစ်ကျသော သီချင်းသီဆိုမှုကို လေ့လာ ဆည်းပူးပါ ။ အသံကို လိုတာထက် ပိုပြီး အသုံးမပြုမိပါစေနဲ့ ။ ကောင်းကောင်း အနားယူပါ ။ အသံ နှင့် ခန္ဓာကိုယ် ကျန်းမာရေး အတွက် ညီညွတ်သော အစားအစာကို စားသောက်ပါ။ အားကစားသမားတွေဟာ တစ်ကယ်ကို စည်းကမ်းရှိရှိနဲ့ ကိုယ်ရဲ့ ခန္ဓာကိုယ်လိုအပ်ချက်ကို ပြည့်ဝဖို့အတွက် နည်းလမ်းမှန်မှန် တစိုက်မတ်မတ် ကြိုးစားအားထုတ်ကြသူတွေပါ ။ အဆိုတော်တွေဟာလည်း ထိုနည်းတူပါပဲ ကိုယ်သီဆိုတဲ့ သီချင်းအမျိုးအစားပေါ်မှုတည်ပြီး အသံကို အမြဲတမ်း အရည်သွေးနေကြသူတွေပဲဖြစ်ပါတယ် ။

၂ ။ ကိုယ်ပိုင်အသံကို အသုံးပြုပါ ။
အခြားသူတစ်ယောက်ရဲ့ အသံကိုပဲဖြစ်ဖြစ် ၊ သီချင်းဆိုတဲ့ ပုံစံကိုပဲဖြစ်ဖြစ် အတုယူပြီး လိုက်လံ သီဆိုတဲ့ အခါမှာ ကိုယ်ကျွမ်းကျင်တဲ့ပုံစံ ၊ ကိုအဆင်ပြေတဲ့ပုံစံ ထဲမှ ကျော်လွန်ပြီး လုပ်ယူပြီး သီဆိုရတာမျိုးတွေ ရှိပါတယ် ။ အဲဒီလိုမျိုးဆိုရင် အခန့်မသင့်ပါက မိမိ အသံကိုပါ ထိခိုက်စေနိုင်ပါတယ် ။ ဒါကြောင့် ကိုယ်ပိုင်ရှိပြီးသား အသံကို ကိုယ်ဆိုမယ့် သီချင်းပုံစံနဲ့ ဘယ်လို အလိုက်ဆုံးဖြစ်အောင်ဆိုမလဲ ။ ဘယ်လိုပိုကောင်းအောင် လုပ်မလဲဆိုတာက ပိုအရေးကြီးပါတယ် ။

၃ ။ ပုံမှန် အသံလေ့ကျင့်ပေးခြင်းကို ပြုလုပ်ပါ။
အထူးသဖြင့် သီချင်းပြိုင်ပွဲတွေမှာ ဝင်ပြိုင်မယ်ဆိုရင် သင့်ရဲ့ အသံ ရော ခန္ဓာကိုယ်ကိုပါ ပုံမှန် လေ့ကျင့်ပေးခြင်း ပြုလုပ်ပါ ။ နေ့စဉ် ပုံမှန် မိနစ် ၃၀ - ၄၅ မိနစ်ခန့် လိုအပ်သော် အသံလေ့ကျင့်ခန်းများကို ပြုလုပ်ပေးပြီး အသံ ပြုလုပ်ပေးသော ကြွက်သားများပိုမိုကောင်းမွန်လာရုံသာမက သီချင်းများကို လည်းပိုမို ကြာရှည်စွာ သီဆိုလာနိုင်မှာ ဖြစ်ပါတယ် ။ နောက်ပိုင်းမှာ ကိုယ်သီဆိုရခက်တဲ့ သီချင်းအမျိုးအစား တွေ အသံအချိုးအစားတွေမှာပါ လွယ်ကူစွာ သီဆိုလာနိုင်မှာ ဖြစ်ပါတယ် ။

၎ ။ အော်ခြင်း ၊ စကား သို့မဟုတ် သီချင်းကို ကျယ်လောင်စွာပြောဆိုခြင်း များကို ရှောင်ကြဉ်ပါ ။
သင့်ရဲ့အသံကို ကျယ်လောင်အောင်မြင့်တင်တဲ့အခါမှာ သင့်ရဲ့ အသံအိုးနံရံ နှစ်ဖက်ပါ လက်ခုတ်တီး သလို ရိုက်ခတ်ပါတယ် ။ ဒီလို ရိုက်ခတ်မှုကြောင့် အတော်အတန် ကျယ်ကျယ်လောင်လောင် ဆိုပြီးတဲ့ အချိန်ဟာ အသံအိုးဟာ နီရဲပြီးယောင်လာမှာပဲဖြစ်ပါတယ် ။ ဒါကြောင့် အော်ဆိုခြင်း စကား သို့မဟုတ် သီချင်းကို ကျယ်လောင်စွာပြောဆိုခြင်း အကျင့်များရှိပါက ရှောင်ကြဉ်ပါ ။

၅ ။ နေ့စဉ် ရေကို လိုအပ်သော အတိုင်းအတာ အထိ လုံလောက်စွာသောက်သုံးပါ ။
ရေသာမက ကာဖိန်းဓါတ်မပါဝင်သော အရည်များ နေ့စဉ် များများသောက်သုံး ဖို့လိုအပ်ပါတယ် ။ သင် စားသောက်တဲ့ အရာတွေက အသံအိုး ထဲကို မရောက်ပေမယ့် အသံအိုးထဲမှာ လိုအပ်တဲ့ အဆီရည်ကို ထုတ်လုပ်ပေးနိုင်ဖို့အတွက်ပဲဖြစ်ပါတယ် ။


15 Feb 2016     1,496 Views




RELATED

Most Popular of Special or Others

Most Popular of Life Style