BEC-TERO TV

ချစ်သူများနေ့၌ တရုတ်နိုင်ငံမှာ အသဲကွဲ နေတဲ့ ဆင်ထီး တစ်ကောင် သောင်းကျန်းခဲ့

16 Feb 2016     1,376 Views


ချစ်သူများနေ့မှာ ပါတ်ဝန်းကျင်တခွင် မေတ္တာတွေ အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ အချိန် တစ်ရုတ်နိုင်ငံ မှာ ဆင်ထီးခတစ်ကောင်ဟာ အထီးကျန်စွာဖြင့် လမ်းမပေါ်ရှိ ကားများကို ဖျက်ဆီးခဲ့ပါတယ် ။ အချစ်က လှည့်စားခြင်းကို ခံလိုက်ရတဲ့ သူတစ်ယောက်လိုပဲ ပါတ်ဝန်းကျင်အပေါ် သူ့ရဲ့ဒေါသတွေကို ပုံအောခဲ့တဲ့ အသဲကွဲနေတဲ့ ဆင်ကြီးလို့ တာဝန်ရှိသူများက ယူဆခဲ့ပါတယ် ။

ထိုဆင်ကြီးဝင်ရောက်နှောက်ယှက်တဲ့နေရာ က နိုင်ငံခြားသားအများအပြား နွေဦးကာလပွဲများကို ဆင်နွဲတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ် ။

ဇူဆူည ( Zhusunya ) လို့အမည်ပေးထားတဲ့ ၁၃ နှစ် အရွယ်ရှိ ထိုဆင်ထီးအခြား သူသဘောကျတဲ့ ဆင်မ လေး အတွက် အခြား ဆင်ထီးတစ်ကောင် နဲ့ ယှဉ်ပြိုင်နေတယ်လို့သိရပါတယ် ။

ကံဆိုးစွာနဲ့ သူသဘောကျတဲ့ ၈ နှစ် အရွယ်ရှိ ဆင်မလေး သူ့ကို အဖက်မလုပ်တော့ပဲ သူရဲ့ ပြိုင်ဖက် ဆင်ထီးထံ ချဉ်းကပ်ခဲ့ကြောင်း သိရပါတယ် ။ ဒါကြောင့် အဲဒီ အသဲကွဲနေတဲ့ ဇူဆူည ဆင်ကြီးက ဆင်တွေ ထိန်းသိမ်းထားတဲ့ စခန်းကို ဖောက်ထွက်ပြီး အနီးအနားမှာရှိတဲ့ အရာဝတ္ထုတွေကို ဖျက်ဆီးခဲ့ပါတယ် ။

သိပ်မကြာခင်မှာပဲ လမ်းမပေါ်ရောက်ရှိလာပြီး လမ်းမပေါ်က ကားတွေအပေါ် သူ့ရဲ့ ဒေါသတွေကို သွန်းလောင်းခဲ့ခြင်းဖြစ်ပါတယ် ။ ၁၅ မိနစ်ကြာ သောင်းကျန်းခဲ့ပြီး တာဝန်ရှိသူများမှ ထိန်းသိမ်းနိုင်ခဲ့ပြီး မော်တော်ယာဉ် ၁၅ စီးထက်မက ပျက်စီးခဲ့ကြောင်းသိရပါတယ် ။


16 Feb 2016     1,376 Views




RELATED

Most Popular of International News

Most Popular of NEWS