BEC-TERO TV

အမေရိကန် မှာ “Frozen” ဇာတ်လမ်းထဲက အတိုင်း အဆောက်အဦးတွေ ရေခဲများ လွှမ်းမိုးခဲ့တဲ့ ဖြစ်ရပ်

16 Feb 2016     1,511 Views


Disney ကားတွန်းဇာတ်လမ်း “Frozen” ထဲကမြင်ကွင်းအတိုင်း အိမ်တွေတော်တော်များများ ရေခဲတွေ ခဲသွားတဲ့ ဖြစ်ရပ်ကို လွန်ခဲ့သော ကြာသပတေးနေ့ မှာ အမေရိကန်နိုင်ငံ ပန်းဆူဗေးနီးယားပြည်နယ် စကရန်တန် မြို့မှာ ဖြစ်ပွားခဲ့ပါတယ် ။

ဒါကတော့ Frozen ဇာတ်လမ်းထဲက မင်းသမီး Elsa ကြောင့်တော့်မဟုတ်ပါဘူး ။ သုည ဒီဂရီ အောက် အအေးချိန်ရှိတဲ့အချိန်မှာ အဓိက ရေပံ့ပိုးပေးတဲ့ နေရာမှာ ချို့ယွင်းချက်ဖြစ်ခဲ့လို့ ပါတ်ဝန်းကျင်ရှိ အဆောက်အအုံတော်တော်များများ ရေခဲတွေ ခဲသွားခဲ့ခြင်း ဖြစ်ပါတယ် ။

“ ပြတင်းပေါက်ကနေ အပြင်ဖက်ကိုကြည့်လိုက်တဲ့ အချိန်မှာ Frozen ဇာတ်လမ်းထဲကလို ရေခဲလိုင်းတွေကို မြင်ရပါတယ် “ ဟု ဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါတယ် ။

မြင်ကွင်းကတော့ လှပတယ်ဆိုပေမယ့် တကယ့်တမ်း ပတ်ဝန်းကျင် အခြေအနေက အန္တရယ်များတဲ့ အခြေအနေ မှာ ရှိခဲ့ပါတယ် ။

အပူပေးစနစ်တွေ ပျက်တောက်ခဲ့တဲ့အတွက် ဒါဇင်ထက်မကသော မိသားစုတွေဟာ နေအိမ်မှ ထွက်ခွာပြီး အခြား အိမ်များမှာ ခိုလှုံခဲ့ရပါတယ် ။ ကြက်ခြေနီများမှလည်း မိသားစုများ နေထိုင်ဖို့အတွက် စီစဉ်ပေးခဲ့ပါတယ် ။

ဘာကြောင့် ရေပံ့ပိုးမှုစနစ်က ပျက်စီးခဲ့ကြောင်းကို သေချာ မသိရသေးပါဘူး ။ သောကြာနေ့မှာတော့ အချို့ မိသားစုတွေဟာ နေအိမ်သို့ပြန်လည် နေထိုင်နိုင်ခဲ့ပြီလို့ သိရပါတယ် ။


16 Feb 2016     1,511 Views




RELATED

Most Popular of International News

Most Popular of NEWS