BEC-TERO TV

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မင်္ဂလာသက်တမ်း ၂ နှစ်ပြည့်တဲ့ ကိုစစ်နိုင်နဲ့ သက်မွန်မြင့်

16 Feb 2016     1,572 Views


              ဖေဖော်ဝါရီလ ၁၄ ရက် နေ့မှာ တော့ ကိုစစ်နိုင်နဲ့ သက်မွန်မြင့်တို့ရဲ့ မင်္ဂလာသက်တမ်း၂ နှစ်ပြည့် မြောက် ပြီဖြစ်ပါတယ်။ Anniversary အနေ နဲ့ အလှူတစ်ခုပြုလုပ်ဖို့ရှိကြောင်း သက်မွန်မြင့်က ပြောပါတယ်။ အိမ် ထောင်သက် ၂ နှစ်အတွင်းမှာလည်း စိတ်ချမ်းသာခဲ့ ရကြောင်း၊ ခင်ပွန်းဖြစ် သူကလည်း သူ့အပေါ်အပြည့်အဝ နားလည်ပေး ကြောင်းနဲ့ပတ်သက်ပြီး သက်မွန်မြင့်က.. “အစကတည်းက ကိုယ်ချစ်တဲ့ သူ၊ ကိုယ့်ကိုချစ်တဲ့သူနဲ့ လက်တွဲခွင့် ရတဲ့အပေါ်မှာ ကိုယ့်ဘဝကိုယ်ကျေ နပ်တယ်။

               အခု သားလေး ရှိလာတော့ ဘဝကြီးက တအားကိုပြည့်စုံပါတယ်။ ဘဝဆိုတာ ခက်ခဲတာ၊ ရုန်းကန်ရ တာမျိုးတွေရှိမယ်။ ဒါပေမဲ့ အတူ တကွလက်တွဲပြီး ရင်ဆိုင်ကြတယ်။ သက်မွန်ကံကောင်းပါတယ်။ စိတ် ချမ်းသာရပါတယ်။ တစ်ခါတလေ ကျရင်မိန်းမလက်ရာစားချင်တာ တွေ ရှိတယ်။ သက်မွန်ကလည်း မချက်ကျွေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ မငြို ငြင်ဘူး။သက်မွန်ကိုတအားနား လည်ပေးတယ်။ ကြင်နာတယ်” လို့ ပြောပါတယ်။ သား လေး အားချစ် က သူ့ အတွက် ဘုရားပေးတဲ့ အကောင်းဆုံးလက်ဆောင်ပါလို့ ပြော တဲ့သက်မွန်မြင့်ကနယ်မှာဇာတ် ကား တွေ သွားရိုက်ကူးတဲ့အချိန်မှာလည်း သားကို သတိရလွန်းလို့ မျက်ရည် ပါကျခဲ့ရကြောင်းပြောပါတယ်။

               “နယ်မှာ ဇာတ်ကားသွားရိုက် ရင် အလွန်ဆုံး ၅ ရက်လောက်ထိ ခံနိုင်တယ်။ ၅ ရက်ကျော်သွားရင် ဘယ်လိုဖြစ်မှန်းလည်းမသိဘူး။ စိတ် အားငယ်တယ်၊ တအားလွမ်းလာ တယ်။ အခုဆို ပိုဆိုးတယ်။ တစ်လ တစ်လကို သူလေးက အကျင့်တွေ၊ လှုပ်ရှားမှုတွေပြောင်းလာ တယ်။ စပြီး အမူအကျင့်လေးတွေ ပြောင်း လဲတဲ့အချိန်ဆိုတော့ ပိုလွမ်းလာ တယ်။ လွမ်းလွန်းလို့ အိမ်ပဲပြန် ချင်နေတာ။ ဒီအလုပ်က လည်း စိတ် နဲ့ပတ်သက်ပြီးလုပ်ရတဲ့အလုပ်ဆို တော့ အလုပ်လုပ်တဲ့အချိန်မှာ သား ကိုလွမ်းတဲ့စိတ်ကိုဖယ်ရတယ်” လို့ ပြောပါတယ်။ နောက်ပိုင်းမှာလည်း အနုပညာအလုပ်ကို ပိုလုပ်ဖြစ် မလား၊သားလေးဘေးနားမှာပဲ နေသွားဖို့အစီအ စဉ်ရှိမလားနဲ့ပတ် သက်ပြီး သက်မွန်မြင့် က.. “အလုပ်လုပ်ချင်တယ်ဆိုရင် တော့ ဒီလိုပဲ ညှိရမှာပဲ။ ဒီအရွယ် ကလေးတွေက အခုအချိန်မှာ အမေမှ အမေမဖြစ် သေးဘူး။အ ဘွား တွေနဲ့ နေလို့ရ တယ်။ ဆရာမက လည်း တအား စေတနာကောင်းပြီး သားလေးကို တအားဂရုစိုက်လို့ စိတ်ချရတယ်။ အမေမှ အမေမဖြစ်သေးခင် အလုပ်ပို လုပ်ရမလား၊ ဒါမှမဟုတ် ဒီအရွယ် လေးမှာမိခင်ရင်ခွင်မှာထား ရမယ့် အရွယ်လို့ပြောကြတယ်။ သက်မွန် နည်းနည်းတော့ တွေဝေတယ်။

               အရင်လို ဆက်တိုက်ကြီးရိုက်လို့မရ တော့ဘူး။ညှိရမှာပဲ။ကိုယ် အလုပ် နားတဲ့အချိန်မှာသူ့ကို အချိန်ပြည့် တော့ပေးရမယ်” လို့ ပြောပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း ဇာတ်ကားတွေရိုက်ကူးတဲ့အခါမှာ လည်း အရင်ကနဲ့ စိတ်ခံစားမှုကွာ သွားကြောင်း၊အိမ်ထောင်သည် ဇာတ်ကားတွေမှာလည်း မျက်လုံးအ ကြည့်ကအစ ခံစားချက်တွေနဲ့ ပိုပီပြင်အောင် သရုပ်ဆောင်နိုင် ခဲ့တာ ကြောင့် ပရိသတ်တွေရဲ့ အားပေးမှု တွေလည်း ပိုပြီးလက်ခံလာရကြောင်း၊ အိုက်တင် လုပ်ခွင့်ရတဲ့ဇာတ်ကားတွေ ပိုရလာကြောင်း သက်မွန်မြင့်က ပြောပါတယ်။

               သက်မွန်မြင့်က လတ်တလော မှာ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ ‘အဝေးချစ်’ ရုပ်ရှင်ဇာတ် ကားကြီးကို အောင်ရဲ လင်း၊ စိုးမြတ် သူဇာတို့နဲ့ ပါဝင်သရုပ် ဆောင်ထားပါတယ်။

Credit ; Popular Journal


16 Feb 2016     1,572 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment