BEC-TERO TV

ဆယ်နှစ် လက်နဲ့ အချိန်ယူ ဆောက်တဲ့ ၇ ထပ် အိမ်

16 Feb 2016     1,355 Views


တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ် မှာ အသက် ၅၅ နှစ်အရွယ် ဟူဂွမ်ကျိုး  တရုတ်အမျိုးသားတစ်ဦးရဲ့ သူ့ရဲ့ လက်ရာ ၇ ထပ် အိမ် စိတ်ကူးကတော့ အံ့မခန်းပါပဲ။

အိမ်ကို မြေကြီးနဲ့ ဝါးတွေကိုသာ အသုံးပြုပြီး ဆောက်ထားတာဖြစ်ပါတယ်။ ပိုပြီး ထူးခြားတာကတော့ သူ့ရဲ့လက်နဲ့ပဲ ဆောက်ထားလို့ပါ။ သူ့ရဲ့ညီအစ်ကိုတွေအတွက် ဆောက်လုပ်ထားတာဖြစ်ပြီး အဲ့ဒီ ၇ ထပ်အိမ်ကို စက်ပစ္စည်း အကူအညီမပါဘဲ ဟူရဲ့လက်တွေနဲ့ပဲ ဆယ်နှစ်ကြာ အချိန်ယူ ဆောက်လုပ်ထားတာဖြစ်ပါတယ်။

ဆောက်လုပ်နေစဉ်မှာ နေမကောင်းဖြစ်ချိန်တွေ ရှိခဲ့ပေမယ့် ဆောက်လုပ်နေတဲ့အိမ်ကိုတော့ မရပ်နားခဲ့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ညီအစ်ကိုတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ကွယ်လွန်ခဲ့ပြီးနှင့်ပါပြီ။

ဟူကတော့ သူ့ရဲ့ညီ ပြန်လာလိမ့်မယ်အမှတ်နဲ့ တည်ဆောက်နေခဲ့တာဖြစ်ပါတယ် ။ ညီအစ်ကိုတွေအတွက် ရည်စူးဆောက်လုပ်ထားပေမယ့် ဝမ်းနည်းစရာကောင်းတာကတော့ သူတို့ ဟာ ဘယ်တော့မှ လာနေနိုင်တော့မှာမဟုတ်တော့ပါဘူး ။


16 Feb 2016     1,355 Views




RELATED

Most Popular of International News

Most Popular of NEWS