BEC-TERO TV

သာမန် အရောင်းဝန်ထမ်း ဘ၀ကနေ ၀ါသနာ အရ မလျှော့သော ဇွဲကြောင့် Miss ဖြစ်လာသူ

17 Feb 2016     1,324 Views


အများ အမြင်မှာတော့ သူမက လှပကြော့ရှင်းတဲ့ Miss တစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ဘဝက ကြမ်းတမ်း တယ်ဆိုတာကိုတော့ မျက်မြင် တွေ့မှပဲ ယုံကြည် ကြမှာဖြစ်ပါတယ်။ Miss တစ်ယောက်ဖြစ်လာဖို့ ကိုလည်း ငွေကြေး မပြည့်စုံတဲ့ကြားကနေ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။

ဗိုလ်ချူပ်ဈေးမှာ  လစာ ၆၀၀၀၀ သာမန် အရောင်းဝန်ထမ်း တစ်ယောက်အနေနဲ့ ဘဝစခဲ့ပြီး အသက်အရွယ် ကြီးရင့် နေပြီဖြစ်တဲ့ အမေအဖေ ၊ မောင်ငယ်လေး နှစ်ဦးရဲ့ တစ်လတစ်လ အသုံးစရိတ်အတွက် လောက်ငှဖို့ ဆိုတာ ဝေးလှပါတယ်။ သရုပ်ဆောင် ဖြစ်ချင်လွန်းတဲ့ ဝါသနာကို အရင်းခံပြီး ခြစ်ကုတ် စုဆောင်းထားတဲ့ ငွေကြေးလေးများနဲ့ သရုပ်ဆောင်သင်တန်း. Model သင်တန်းတက်ရောက်ခဲ့ ပေမဲ့လည်း အနုပညာ လောကဟာ သူမအတွက်တော့ တိုးဝင်ဖို့ ခက်ခဲတဲ့ နေရာတစ်ခုဖြစ်ခဲ့ပါတယ် ။

ဒါ့ပေမယ့် မလျှော့သောဇွဲ နဲ့  ခြေလှမ်းသစ်အနေဖြင့်  Miss ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် ဖြစ်ခဲ့ပါတယ် ။ Miss တော်တော် များများ ဟာ ကိုယ်ပိုင်ကားကိုယ်စီနဲ့ ကြော့ကြော့ မော့မော့ သွားလာနိုင်ကြပေမဲ့ သူမကတော့ လက်ထဲက ချွေးနှဲစာ ငွေကြေးလေး တွေကို Taxi တစ်ခါစီးဖို့ အသုံးမပြုရက်ခဲ့တဲ့ အတွက်  Taxi ဆိုတာကြီး နဲ့တောင် အလှမ်းဝေးခဲ့ပါတယ်။

ဘတ်စ်ကားတိုးစီးရင်း Organization ကတဆင့် sponsor ပေးတဲ့ ဝတ်စုံ၊ Make up အသုံးအဆောင်တွေကို ခဏတာ ဝတ်ဆင် ခြယ်သရင်း ပြိုင်ပွဲဆိုတဲ့ လျှောက်လှမ်းပေါ်မှာ လျှောက်ခဲ့ရသူပါ။

Crown ဆု ရရမယ်ဆိုတဲ့ စိတ်နဲ့ ပြင်းပြင်းပြပြ ကြိုးစားခဲ့ပေမဲ့လည်း ၂၀၁၄ ခုနှစ်ပြိုင်ပွဲမှာ Title ဆု နဲ့ လွဲခဲ့ ရတဲ့အထိ ကံတရားက သူမကို ကျီစယ်ခဲ့ပါသေးတယ်။ အစပိုင်းမှာ လက်လျော့လိုက်ချင်တဲ့အထိ စိတ်အားငယ် ခဲ့ရပေမဲ့လည်း နောက်ကွယ်က မိသားစု ဝင်တွေကြောင့်ပဲ ၂၀၁၅ ခုနှစ်မှာ ဆက်လက် ၀င်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပြီး  Miss Earth Myanmar 2015 ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
 
နိုင်ငံ့ ကိုယ်စားပြု အလှမယ် ဆိုပေမဲ့လည်း ဈေးဗန်းကို ပိုက်ရင်း ဈေးရောင်းသွားဖို့ သူမ မရှက်တတ်ခဲ့ပါဘူး။ ငွေကြေး မပြည့်စုံတဲ့ မိသားစုကြောင့်လည်း သိမ်ငယ်စိတ်လဲ မ၀င်ခဲ့ပါဘူး။ အသက်အရွယ်ကြီးရင့် နေတဲ့ မိဘနှစ်ပါးနဲ့အတူ မြန်မာ့ရိုးရာ မုန့်လေးတွေ ခင်းကျင်း ရောင်းချဖို့ ကိုလည်း သူမ ရှက်စိတ်မဝင်ခဲ့ ပါဘူး ။

သူမ ဝါသနာ ပါရာကိုသာ စွန့်စား ရွေးချယ်ခဲ့ပြီး နောင်တ မရချင်ခဲ့သူပါ။ ဘယ်လိုပဲ ဘဝဆိုတာ ခက်ခဲ ပင်ပန်းပါစေ ဇွဲရှိရှိ ကြိုးစားမယ်ဆိုရင် တနည်း မဟုတ် တနည်းနဲ့တော့ အောင်မြင်မှု ရနိုင်တယ်လို့ ခံယူထားတဲ့ Miss Earth 2015 ဆုရှင် အိမ့်မျက်ခြယ် ပဲ ဖြစ်ပါတယ်။

Credit: Life is... (Sky Net Up to Date Channel)


17 Feb 2016     1,324 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS