BEC-TERO TV

မိမိရဲ့ အရင်ဘ၀ အကြောင်းကို ပြောပြခဲ့တဲ့ ကောင်လေး

17 Feb 2016     1,361 Views


James Leininger ဟာ ငယ်စဉ်ကတည်း ဒုတိယကမ္ဘာစစ်နဲ့ပတ်သတ်တဲ့ အကြောင်းတွေကို သူ့မိဘတွေကို ပြောလေ့ရှိပါတယ်။ James ရဲ့မိဘတွေဖြစ်တဲ့ Andrea နဲ့ Bruce က သူတို့သားငယ်ဟာ ဒုတိယကမ္ဘာစစ်နဲ့ပတ်သတ်တဲ့ အကြောင်းတွေကို ဘယ်လိုသိနေလဲဆိုတာကို အမြဲဒွိဟဖြစ်နေခဲ့ရပါတယ်။

James ဟာ စစ်တိုက်တဲ့ပုံတွေ၊ ဗုံးကြဲတဲ့ပုံတွေကို အများစုဆွဲလေ့ရှိပြီး အဲ့ပုံတွေ ကိုကြည့်ကာ မိဘတွေဟာ သားငယ်ရဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သတ်ပြီး စိတ်ပူလာပါတယ်။ ညဖက်ဆိုရင်လည်း ကလေးငယ်ဟာ အိပ်မက်ဆိုးတွေ မက်လေ့ရှိပြီး သူဟာ ဒုတိယကမ္ဘာစစ်အတွင်း တိုက်လေယာဉ်မောင်းနေစဉ် သူ့လေယာဉ်ပစ်ချခံရတဲ့ အကြောင်း၊ လေယာဉ်ပေါက်ကွဲကာ ပျက်ကျပြီး မီးလောင်နေတဲ့ လေယာဉ်အတွင်းမှာ သူပိတ်မိနေကြောင်းတွေသာ မက်လေ့ရှိပါတယ်။

တစ်နေ့မှာတော့ James ဟာသူ့မိဘတွေကို သူ့လေယာဉ်ကို ပစ်ချခဲ့သူတွေဟာ ဂျပန်တွေဖြစ်ပြီး Iwo Jima အနားမှာဖြစ်တယ်ဆိုတဲ့အကြောင်း၊ သူ့လေယာဉ်ဟာ ဘယ်လေယာဉ်တင်စစ်သင်္ဘောပေါ်ကနေ စတင်ထွက်ခွာခဲ့ကြောင်း၊ USS Natoma Bay အကြောင်းတွေပြောပြခဲ့ပြီး သူ့အရင်ဘ၀က ညီမနှစ်ယောက်ရဲ့ နာမည်တွေကိုပါပြောပြခဲ့ပါသေးတယ်။

သူ့အဖြစ်အပျက်အကြောင်းကို အင်တာနက်မှာတင်မိတဲ့အခါမှာတော့ စာဖတ်သူတွေက အမျိုးမျိုးဝေဖန်ကြပါတယ်။ သို့သော်လည်း James ရဲ့ မိဘတွေကတော့ သူတို့သားငယ်ဟာ သူအခုပြောပြနေတဲ့အကြောင်းတွေကို အခုလက်ရှိဘ၀မှာ ဒီအသက်အရွယ်အနေနဲ့ သိနေစရာအကြောင်းမရှိဘူး၊ ဒါဟာတစ်ကယ်ကို သူ့အရင်ဘ၀ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။ သူတို့ဟာ James ရဲ့အဖြစ်အပျက်ကို “Soul Survivor: The Renicarnation of a World War II Fighter Pilot” ဆိုပြီးတောင် စာအုပ်ထုတ်ခဲ့ပါသေးတယ်။

အရင်ဘ၀က အဖြစ်အပျက်တွေကို အခုဘ၀မှာပြန်မှတ်မိနေခြင်းက ထူးဆန်းလွန်းပါတယ်။ သင်ရော ဘယ်လိုထင်လဲ….။ လူဝင်စားတို့၊ အရင်ဘ၀တို့ကိုယုံလား… သင့်အမြင်ကို comment လေးပေးခဲ့ပါအုံး။


17 Feb 2016     1,361 Views




RELATED

Most Popular of International News

Most Popular of NEWS