BEC-TERO TV

အိမ်မက်က ပြောတဲ့ သင့်အကြောင်း

18 Feb 2016     1,657 Views


သိပ္ပံပညာ နှင့် ကျန်းမာရေး စာပေဆုရှင် အဖြစ် လျာထားခြင်းခံရတဲ့ Dr. Arthur Janov မှ ပြေပြထားတဲ့ အိပ်မက်သင်္ကေတတွေ အဖြစ်ပေါ်လာတတ်တဲ့ မသိစိတ်ကိုပြသနိုင်တဲ့ အိပ်မက်လေးတွေကို ဖော်ပြလိုက်ပါတယ် ။
 
၁)သေတ္တာများ
သေတ္တာတွေကို အိပ်မက်မက်တာက တစ်ခုခုကို သင်မသိအောင် ဖုံးကွယ်ထားတယ်လို့ သင်ခံစားနေရတာကို ပြပါတယ်။ ဘာမှမရှိတဲ့ သေတ္တာက စိတ်ပျက်တဲ့ ခံစားမှုကို ပြပြီး သေတ္တာတွေ အများကြီးကို အိပ်မက်ရင် ခံစားချက် အများကြီးကို ထိန်းသိမ်းနိုင်ဖို့ ခက်ခဲနေပြီး အဲ့ဒီ ခံစားချက်တွေကို ဖုံးကွယ်ထားဖို့ လိုအပ်နေတယ်လို့ ခံစားနေရတာကို ပြတယ်။
 
၂)ဖုန်း
မြည်နေတဲ့ ဖုန်းက ကိုယ် မဖြစ်မနေ လုပ်မှရမယ့် အလုပ်တစ်ခုကို မကြာခင်မှာ လုပ်ရတော့မယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဖုန်းကို မကိုင်လိုက်ဘူးဆိုရင် ဒီအလုပ်တွေကို သင်က လျစ်လျူရှုချင်စိတ် များနေတယ် ဆိုတာကို ပြတယ်။
 
၃)ပျံနေခြင်း
အိပ်မက်ထဲမှာ ပျံနေတာကို မက်ရင် မသိစိတ်ကြောင့် နိုးနေတာကိုပြပြီး ကိုယ်ကျော်လွှားဖို့ ကြိုးစားနေတဲ့ အခက်အခဲတွေကြုံနေရတာကို ပြတယ်။
 
၄)လ
လ ကို အိပ်မက်မက်ရင် ကိုယ်လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ ကြိုမမြင်နိုင်တဲ့ အရာတစ်ခုကို ပြပါတယ်။ ဖန်တီး နိုင်စွမ်းနဲ့ လွတ်မြောက်ဖို့ ကြိုးစားတာကို ဆိုလိုပါတယ်။
 
၅)လမ်းများ
လမ်းတွေက ဘဝတစ်လျှောက်လုံး သွားရမယ့် ခရီးကို ပြတယ်။ ရှင်းလင်း ချောမွေ့နေတဲ့ လမ်းတစ်ခုကို မက်ရင် ကိုယ့်ဘ၀ ရှေ့ရေးက ချောမွေ့နေမယ်လို့ ယုံကြည်နေတယ်ဆိုတာကို ပြတယ်။ မှုန်မှိုုင်းပြီး ကောက်ကွေ့နေတဲ့ လမ်းကိုမက်ရင်တော့ ကိုယ့်ရှေ့ရေးကို ကြောက်ရွံ့နေတယ်ဆိုတာကို ပြတယ်။
 
၆)ပန်းများ
ဖူးနေတဲ့ ပန်းတွေကို မက်ရင် မကြာခင် အခွင့်အရေးအသစ်တွေ ရရှိမယ်လု့ိ မျှော်လင့်နေတယ်။ ညှိုးနေတဲ့ ပန်းတွေဆိုရင် ကိုယ့်ဘဝမှာ ဘာမျှော်လင့်စရာမှ မရှိတော့ဘူးလို့ မသိစိတ်က ယုံကြည်နေတာကို ပြတယ်။
 
၇)ရေ
ရေက ကိုယ့်ဘဝရဲ့ ရည်မှန်းချက်တွေကို ပြတယ်။ပင်လယ်ကို မက်ရင် စွန့်စားမှုတွေကြုံရနိုင်တဲ့ ကြီးမားတဲ့ အခွင့်အရေးတွေကို ရရှိလိုစိတ် ရှိတာကို ပြတယ်။ သေးငယ်တဲ့ အိုင်ငယ်လေးတွေကို မက်ရင် ကိုယ်ကရည်မှန်းချက် အောင်မြင်ဖို့ ယုံကြည်မှု မရှိဘူးဆိုတာကို ပြတယ်။
 

18 Feb 2016     1,657 Views




RELATED

Most Popular of Special or Others

Most Popular of Life Style