BEC-TERO TV

အိမ်ထောင်ရေး သုခ အတွက် ကောင်းမွန် စေတယ်ဆိုတဲ့ ကော်ဖီ

18 Feb 2016     1,509 Views


ကော်ဖီ သောက်သုံးခြင်းဟာ သင့်ကျန်းမာရေး အတွက် ကောင်းမွန်တယ်ဆိုပေမယ့် အများကို သောက်ရင် အန္တရယ် ဖြစ်နိုင်ပါတယ်။ တန်ဆေး လွန်ဘေး ဆိုတဲ့စကား ပုံ အတိုင်းကော်ဖီကို လိုအပ်သလောက်သာ သောက်သုံးမယ်ဆိုရင် သင့်ရဲ့ ကျန်းမာရေး အပြင် လူမှုရေး ကိုပါ ကောင်းကျိုး ဖြစ်စေမှာဖြစ်ပါတယ် ။ ကော်ဖီ သောက်သုံးခြင်း ကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး (၅) ခုကို ဖော်ပြလိုက်ပါတယ် ။
 
၁။ ဆီးချို ၊ သွေးချို ရောဂါ ဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်ခြင်း
ဟားဗတ် ပြည်သူ့ကျန်းမာရေး ကျောင်းက ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုအရ နေ့စဉ် ကော်ဖီသောက်သုံးနှုန်း ကို တိုးမြှင့်လိုက်တဲ့ အမျိုးသား ၊ အမျိုးသမီးတွေဟာ ၄ နှစ်အတွင်း ဆီးချို ၊ သွေးချို ရောဂါ ဖြစ်ပွားနိုင်နှုန်း ၁၁ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။ တစ်နေ့ကို ကော်ဖီတစ်ခွက်ခန့် ပုံမှန်သောက်နေတဲ့ ပမာဏကို လျှော့ချလိုက်တဲ့ သူတွေကတော့ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်နှုန်းကို ၁၇ ရာခိုင်နှုန်း ပိုတိုးလာစေခဲ့တယ်လို့ သိရပါတယ်။
 
၂။ ကိုယ်အလေးချိန် လျင်မြန်စွာ လျော့ချနိုင်ခြင်း
သုတေသီတစ်ချို့ဟာ အခုချိန်ထိ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဟာ ကိုယ်အလေးချိန်လျှော့ချ ရာမှာ အသုံးဝင်တယ်ဆိုတာကို လက်မခံနိုင်ကြသေးပါဘူး။ ဒါပေမယ့်လည်း ကော်ဖီမှာပါဝင်တဲ့ ကလိုရိုဂျင်းနစ် အက်ဆစ်နဲ့ ကွီနီဒီးစ် တို့ကတော့ ကိုယ်အလေးချိန်လျော့ကျ စေတဲ့ အရာတွေပဲ ဖြစ်နေပါတယ်။ ဒါ့အပြင် ကော်ဖီသောက်တဲ့အခါ ကရင်မ် နဲ့ သကြား ပမာဏကို လျှော့ချနိုင်လေ ကယ်လိုရီ ထိန်းချုပ်မှုအားကောင်းလေ ပဲ ဖြစ်မှာပါ။
 
၃။ အသည်း နဲ့ ကျောက်ကပ်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေခြင်း
၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အမေရိကန် နိုင်ငံက သုတေသန တစ်ခုအရလည်း ကဖိန်းဓါတ်ဟာ ကျောက်ကပ်မှာ ကျောက်တည်တဲ့ ရောဂါ ဖြစ်ပွားနိုင်နှုန်းကို လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ၂၀၁၄ ခုနှစ်က သုတေသီတွေ ဟာ လူအယောက် ၂၇၇၉၃ ယောက် ရဲ့ ကော်ဖီသောက်တဲ့ အကျင့်တွေကို လေ့လာခဲ့ပြီး ကော်ဖီမသောက်တတ်တဲ့သူတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါမှာတော့ တစ်နေ့ကို ကော်ဖီ ၃ ခွက်ခန့် ပုံမှန်သောက်သုံးသူတွေဟာ အသည်းနဲ့ပတ်သက်တဲ့ ရောဂါ ဖြစ်ပွားနိုင်ချေ ၂၅ ရာခိုင်နှုန်းလျော့နည်းစေပါတယ်။
 
၄။ ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်ချေနည်းခြင်း
သုတေသီတွေက ကော်ဖီဟာ ကင်ဆာရောဂါ ဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်တယ်ဆိုတာကို သက်သေပြခဲ့ကြပြီးပါပြီ။ ၂၀၁၁ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု အရတော့ တစ်နေ့ကို ကော်ဖီ ၅ ခွက် ခန့် သောက်သုံးသူ အမျိုးသမီး တွေဟာ တစ်နေ့ကို ကော်ဖီ တစ်ခွက်တောင် ပြည့်အောင် မသောက်ကြသူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ၅၇ ရာခိုင်နှုန်းလျော့နည်းကြပါတယ်။ အမျိုးသားတွေဟာလည်း တစ်နေ့ကို ကော်ဖီ ၄ ခွက်ခန့် သောက်သုံးကြသူတွေဟာ ကော်ဖီ မသောက်တဲ့သူတွေထက် ကပ္ပာယ်အိတ် ကင်ဆာ ရောဂါ ဖြစ်နိုင်ချေ ၅၉ ရာခိုင်နှုန်းထိ ပိုနည်းနေပါတယ်။
 
၅။ အိမ်ထောင်ရေးသုခ အတွက် ကောင်းမွန်ခြင်း
လိင်ပိုင်းဆိုင်ရာ အားနည်းချက်တွေဖြစ်တဲ့ အမျိုးသားအဂ်ါပန်းသေခြင်း (Erectile Dysfunction) နဲ့ အမျိုးသမီးအင်္ဂါ စိုစွတ်မှု လျော့နည်းလာခြင်း ( Decreased Viginal Lubrication) တို့ဟာ သွေးနဲ့ဆိုင်တဲ့ ပြသနာ တွေပါ။ ကော်ဖီဟာ သွေးကြောနဲ့ ပတ်သက်တဲ့ ကျန်းမာရေးကို ပိုမို ကောင်းမွန်လာစေတဲ့အတွက် အိမ်ထောင်ရေးသုခ တွေကိုလည်း ကောင်းမွန်စွာ ရရှိစေမှာပါ။ တစ်နေ့ကို ကော်ဖီ ၂ ခွက် နဲ့ အထက်သောက်သုံးတဲ့အမျိုးသားတွေဟာ ပန်းသေဖို့ အခွင့်အလမ်းနည်းလာစေသလို အမျိုးသမီးတွေအတွက်အတွက် လည်း ကော်ဖီသောက်သုံးခြင်းဟာ လိင်စိတ်ကိုပြန်လည်နိုးကြားစေတဲ့ ဦးနှောက် အစိတ်အပိုင်းတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။
 

18 Feb 2016     1,509 Views




RELATED

Most Popular of Special or Others

Most Popular of Life Style