BEC-TERO TV

အလုပ်က ပေးတဲ့ ဆုရမှ ၆ နှစ်ကြာ အလုပ်မလုပ်ပဲ လစာရနေတဲ့ အကြောင်း သိရတဲ့ စပိန်နိုင်ငံမှ ဝန်းထမ်း

18 Feb 2016     1,319 Views


၆ နှစ်အတွင်း စုစုပေါင်း USD 41,500 ခန့် လစာကို အကြံပေး အရာရှိ ရာထူးအဖြစ် စပိန် အစိုးရ ရုံးတစ်ခုမှာ အလုပ်ခွင်သို့ တက်ရောက်ခြင်း ရယူခဲ့တဲ့ သူပဲဖြစ်ပါတယ် ။

အနှစ် ၂၀ ပြည့်သစ္စာရှိရှိ လုပ်ကိုင်တဲ့ အသိအမှတ်ဆုကို အလုပ်က သူ့အတွက် မပေးခဲ့ဘူးဆိုရင် သူ အလုပ်မလာတာကို သိနိုင်မှာ မဟုတ်ဘူးပဲဖြစ်ပါတယ် ။

အသက် ၆၉ နှစ် ရှိပြီဖြစ်တဲ့ Joaqui Garcia ဟာ လောလောဆယ်မှာ စပိန်နိုင်ငံရှိ အစိုးရ လုပ်သားတစ်ယောက် အပေါ် အများဆုံး ဒဏ်ငွေအဖြစ်သတ်မှတ်ထားတဲ့ USD 30,000 ဒဏ်ငွေချမှတ်ခံထားရပါတယ် ။

“ သူ အလုပ်လုပ်နေတုန်း လား ၊ အနားယူသွားပြီလား ၊ သေသွားပြီလားဆိုတာကို မသိပေမယ့် လစာ စနစ်မှာတော့ သူဟာ ပုံမှန် လစာကို ရရှိနေတာကို တွေ့ပါတယ် “ ဟု Garcia အထက်အရာရှိ Blas မှ ဒေသခံ သတင်းဌာန တစ်ခုကို ပြောပြခဲ့ပါတယ် ။

 “ သူ့ကို လူကိုယ်တိုင် ခေါ်တွေ့ပြီး ဘာတွေလုပ်နေလဲ မေးတော့ သူ က ဘာပြန်ပြောရမှန်းမသိဘူးဖြစ်နေပါတယ် “ လို့ Blas ထံမှ ထပ်မှံသိရပါတယ် ။

Garcia ရဲ့ ရေသန့်ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေကတော့သူ့ကို အကြာကြီးမတွေ့ရတော့လို့ စက်ရုံကို ဒေသအာဏာပိုင်တွေကပဲ ကြီးကြပ်နေတယ်လို့ တွေးနေကြပါတယ်။

Garcia ရဲ့ ရှေ့နေကတော့ Garcia အလုပ်ပျက်နေခဲ့တာဟာ လုပ်ငန်းခွင်မှာ ရန်စစော်ကားခံရလို့၊ လုပ်စရာအလုပ်လည်းမရှိလို့ ပျက်ကွက်နေခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

Garcia နဲ့ နီးစပ်သူတွေက EL Mundo သတင်းစာကို ပြောကြားရမှာတော့ Garcia ဟာ ဒဿနစာတွေ ဖတ်ခြင်းမှာသာ မြုပ်နှံထားပြီး အလုပ်ထုတ်ခံရမှာစိုးလို့ ရန်စခြိမ်းခြောက်ခံရတာကို သတင်းမပို့ခဲ့ဘူးလို့ ဆိုပါတယ်။

Garcia ဟာ ဟိုကဒီက စွပ်စွဲမှုတွေ လူသိရှင်ကြားဖြစ်လာမှ အနားယူလိုက်ပေမယ့်လည်း မသမာမှု မလုပ်ခဲ့ဘူးလို့ ငြင်းဆန်နေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ရုံးတော်က အစိုးရဖက်ပဲ ရည်တည်ပြီး Garcia ကို ဂဏန်းငါးလုံးရှိတဲ့ ဒဏ်ကြေးပေးဆောင်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း Garcia ကတာ့ ဒဏ်ကြေးမပေးရဖို့၊ စီရင်ချက်ကို ပြန်လည်သုံးသပ်ဖို့ ဒုတိယမြို့တော်ဝန်ထံ အသနားခဲ့ထားတယ်လို့ ဆိုပါတယ်။
 


18 Feb 2016     1,319 Views




RELATED

Most Popular of International News

Most Popular of NEWS