BEC-TERO TV

ဟားဗတ် တက္ကသိုလ်ကို ရောက်ရှိသွား တဲ့ အိမ်ယာမရှိ မိန်းခလေး

18 Feb 2016     1,805 Views


စွန့်ပစ် အမှိုက်ပုံများ၊ ပြည့်တန်ဆာများနဲ့ မူးယစ်ဆေးဝါးတွေအကြား ကြီးပြင်းလာခဲ့ရတဲ့ Kadijah Williams ဟာ ကြိုးစားမူကြောင့် နောက်ဆုံးမှာ ဟားဗတ် တက္ကသိုလ်ကို တက်ရောက် နိုင်ခဲ့ပါတယ်။
 
သူမ အသက် ၁၂ နှစ်မှာ ခက်ခဲတဲ့ကျောင်း ၁၂ ကျောင်းလောက် အောင်မြင် ဖြတ်ကျော်ခဲ့ပြီး အထက်တန်းကျောင်းကို ထူးချွန် ထက်မြက်စွာ အောင်မြင်ခဲ့လို့ နောက်ဆုံးမှာ ဟားဗတ် တက္ကသိုလ်ကို တက်ရောက်နိုင် ခဲ့ခြင်းဖြစ်ပါတယ်။ သူမအနေဖြင့် ဟားဗတ် တက္ကသိုလ်မှာ မတက်ချင် ဘူးဆိုရင် အခြားသော တက္ကသိုလ် ၂၀ ကျော်လည်း ရွေးချယ် တက်ရောက်နိုင်ပါတယ်။

အခက်ခဲတွေ၊ ဆင်းရဲမူတွေကြားမှာ ပညာသင်ကြားခြင်းကို မရပ်တန့်ဘဲ ကြိုးစားခဲ့တဲ့ သူမဟာ နောက်ဆုံးမှာတော့ အများက အတုယူစရာ အမျိုးသမီး တစ်ယောက်အဖြစ် ထင်ပေါ် ကျော်ကြားခဲ့ခြင်း ဖြစ်ပါတယ်။


18 Feb 2016     1,805 Views




RELATED

Most Popular of International News

Most Popular of NEWS