BEC-TERO TV

ဂရမ်မီ ဆုပေးပွဲမှာ သိသိ သာသာ ပိန်သွားခဲ့တဲ့ Sam Smith

18 Feb 2016     1,311 Views


15 ရက်နေ့ က ကျင်းပခဲ့တဲ့ ဂရမ်မီဆုပေးပွဲမှာတော့ ကော်ဇော်နီပေါ် လျှောက်လှမ်း လာတဲ့ ကျော်ကြားသူများအနက်  သိသာ ထင်ရှားခဲ့သူကတော့ Sam Smith ပဲ ဖြစ်ပါတယ်။

ကမ္ဘာကျော်အဆိုတော် Sam Smith ဟာ နေဗီပြာရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး သူ့ရဲ့ ခန္ဓာကိုယ် အနေအထားဟာ အရင်ထက် သိသိသာသာ ပိန်လျ သွားခဲ့တာကို တွေ့ရပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်ခန့်က စတင်ခဲ့တဲ့ သူ့ရဲ့  ကိုယ်အလေးချိန် လျှော့ချခြင်း ခရီးစဉ်အတွင်း သူဘယ်နှစ်ပေါင်ထိ လျော့ကျ သွားခဲ့တယ်ဆိုတာကို ဘယ်သူမှလည်း မမှတ်မိနိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ မတ်လတုန်းကတော့ Sam Smith ဟာ ပိုမိုကျန်းမာတဲ့ လူနေမှုပုံစံ တစ်ခုကို ဖန်တီးနေတယ်လို့ ၀န်ခံခဲ့ပြီး သူ့ရဲ့  ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ် အနေအထားတွေကို Instagram မှာ ပုံမှန် ဓါတ်ပုံတွေဝေမျှပြီးဖော်ပြခဲ့ပါတယ်။


18 Feb 2016     1,311 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment