BEC-TERO TV

တစ်ရက်တည်းဖြင့် နေပူဆာလှုံ ပက်လက် ကုလားထိုင်ကို ၃၁ မိနစ်ကြာ အသုံးပြုပြီနောက် အရေပြား နေလောင် ဖုထသွားတဲ့ မော်ဒယ်လ်

18 Feb 2016     1,332 Views


အသက် ၃၀ အရွယ် Zaynab Alkhatib ဆိုသူဟာ Savannah High Tech Tanning shop မှာ  2 session စာ ဝင်ဆောင်ခ ပေးခဲ့တာပါ။ ယင်းမော်ဒယ်လ်ပြောဆိုတာက သူမအရေပြား နီမြန်းလာပြီး နေရောင်ခံပက်လက် ကုလားထိုင်ပေါ် လဲအိပ်ပြီးမကြာဘူးအရေပြားတွေစတင်ကျိန်းစပ်လာခဲ့တယ်လို့ပြောပါတယ်။

အသားညိုအောင်နေရောင်ခံဝန်ဆောင်မှုဌာနကဝန်ထမ်းများကသူမကိုနေရောင်ခံပက်လက်ကုလားထိုင်ကိုကြာကြာအသုံးမပြုဖို့သတိပေးခဲ့ပါတယ်။သူမရဲ့နေလောင်ဖုထနေသောအသားရေကြောင့်မော်ဒယ်လ်အလုပ်တွေလဲလွတ်သွားရပါတယ် ။ အများဆုံး လုပ်ရန် အကြံပြုချက်ထားတာက ၁၂ မိနစ်ဝန်းကျင်ဖြစ်ပေမယ့် သူမယူတဲ့အချိန်က မိနစ် ၂၀ ဖြစ်ပါတယ်။

သူမ Savannah ကို တစ်နေ့ ၂ ကြိမ်သွားရောက်ပြီး အသားညိုအောင် နေလောင်ခံသည့်ဌာနက ဝန်ထမ်းများအား နှစ်ကြိမ်စလုံး နေလှုံပက်လက်ကုလားထိုင် အသုံးပြုခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ထွက်လာတဲ့အခါ အသားတွေ ရဲပြီး ကျွမ်းနေခဲ့တယ်။ ကျွန်မ အထိုးခံခဲ့တယ်လို့ သူငယ်ချင်းတွေ ထင်ခဲ့ကြတယ်လေ။

နောက်ပြီး ဗိုက်တစ်ခုလုံးလည်း အရေပြားတွေ ခွာထွက်နေခဲ့တယ်လို့ သူမက  ပြောပါတယ်။ဒီအဖြစ်က shooting တွေ ရပ်နားစေခဲ့ပါတယ်။ ဒီဟာကြောင့် တစ်ပတ်စာအလုပ်တွေ လက်လွတ်ဆုံးရှုံးခဲ့ရတယ်။ အခုထိလည်း လုပ်လို့မရသေးဘူးလို့သူမကပြောပါတယ်။ဗိုက်ကနေစပြီးခြေဖျားထိပါဖြစ်လာပါတယ်။နေပူဆာလှုံပက်လက်ကုလားထိုင်တွေမှာ အသားညိုနေလောင်မှု ဖြစ်စေတဲ့ ခရမ်းလွန်ရောင်ခြည် အသုံးပြုထားပါတယ်။

Public Health England က အလှအပဆိုင်ရာ အသားညိုအောင်နေရောင်ခံခြင်းအတွက် ယင်းပက်လက်ကုလားထိုင်တွေ အသုံးပြုခြင်းကို အားမပေးပါဘူး ။ ခရမ်းရောင်ခြည်နဲ့ ကြာကြာထိတွေ့ခြင်းက အရေပြား ကင်ဆာဖြစ်ပေါ်စေမှု အများဆုံး malignant melanoma အန္တရာယ် ဖြစ်ပွားမှု အန္တရာယ် များပြားစေပါတယ်။


18 Feb 2016     1,332 Views




RELATED

Most Popular of International News

Most Popular of NEWS