BEC-TERO TV

မြန်မာပြည်မှာ လာဖျော်ဖြေ ဖူးတဲ့ Slot Machine အဖွဲ့ ဘယ်လို အောင်မြင်ခဲ့လဲ

19 Feb 2016     1,296 Views


Slot Machine ဟာ ထိုင်းနိုင်ငံမှာ နာမည်ကြီး band တစ်ခုဖြစ်ပါတယ်။ သီချင်းတွေ ဆိုလာတာ ၁၀ နှစ်ကျော်ပြီ ပရိတ်သာတ်တွေရဲ့အားပေးမှုကို ရယူနေတုန်းပါ။ ကျနော်တို့လဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြနေကြပါတယ်။

Slot Machine ကို အထက်တန်းကျောင်းသား ဘ၀တုန်းက သူငယ်ချင်းတွေနဲ့ စတင် တည်ထောင် ခဲ့ပါတယ်။ ပြိုင်ပွဲတွေ စတင် ၀င်ပြိုင်ခဲ့ကြပြီး အနိုင်ပွဲတွေ ရခဲ့တယ်။ သီချင်း စထွက်တုန်းက cassette အခွေနဲ့ပေါ့။ အခုတော့ digital တွေဖြစ်သွားကုန်ပြီ။ ဒီ ဆယ်နှစ် အတွင်းမှာ ကျနော်တို့ ကောင်းကောင်း ရင်းနှီးခဲ့ပါတယ်၊ အကောင်းဆုံးဖြစ်အောင်လဲ ကြိုးစားခဲ့တယ်။

၂၀၀၄ တုန်းက ထွက်တဲ့ အယ်ဘမ်က ကျနော်တို့ကို လူစသိလာစေခဲ့ပါတယ်၊ "Ro" "မင်းကိုစောင့်နေမယ်" ဆိုတဲ့ သီချင်းက ကျနော်တို့ကို လူသိများစေခဲ့တဲ့သီချင်းပေါ့။ အဲ့ဒီနောက် ၂၀၀၆ မှာတော့ "Mutation" ဆိုတဲ့ သီချင်းကလဲ ပရိတ်သာတ် တွေကြိုက်စေခဲ့တယ်။ အယ်ဘမ် နှစ်ခု ထွက်ပြီးတော့ ကျနော်တိုက Linkin Park တို့ရဲ့ show ပွဲကို ပရိတ်သာတ် ၃၀၀၀၀ ရှေ့မှာ ဖွင့်ပွဲအနေနဲ့ သီဆိုခွင့်ရခဲ့တယ်။ ၂၀၀၈ မှာတော့ "Grey" လို့အမည်ရတဲ့ တတိယ အယ်ဘမ် ကို ထုပ်လုပ်ခဲ့တယ်။ ဒီအယ်ဘမ်ထဲက ဒီချင်းနှစ်ပုဒ်ကလဲ ပရိတ်သာတ်တွေ အရမ်းကြိုက်ခဲ့ပါတယ်။



၂၀၁၁ မှာတော့ "Cell" လို့ခေါ်တဲ့ စတုတ္ထ အယ်ဘမ်ကို ထုပ်လုတ်ခဲ့ပါတယ်။ ဒီအယ်ဘမ်ကတော့ ကျနော်တို့ အဖွဲ့ကို ထိုင်းနိုင်ငံ အကောင်းဆုံး rock သီချင်း သီဆိုသူအဖွဲ့ အဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ "Best Group Artist" ဆုကိုလဲ လက်ခံရရှိခဲ့ပါတယ်။ အကောင်းဆုံသီချင်းတွေကတော့ "Chan Chao" (Goodbye), "Phra Athit Songklot" (Golden Age) တွေဖြစ်ပါတယ်။


၂၀၁၃ မှာတော့ Slot Machine ရဲ့ အကောင်းဆုံးနှစ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့ကို "Best Southeast Asian Act" ဆုကို ရရှိခဲ့ပါတယ်။ ဒီနှစ်ထဲမှာဘဲ ကျနော်တို့အဖွဲဟာ MTV EXIT LIVE IN MYANMAR ပွဲကို Jason Mraz အဖွဲ့တို့နဲ့အတူတူ ရွှေတိဂုံစေတီ ဘုရားနား ပြည့်သူ့ရင်ပြင်တွင် ၇၀၀၀၀ လူတွေရဲ့ရှေ့မှာ ဖျော်ဖြေ ခဲ့ပါတယ်။

၂၀၁၄ မှတော့ Best Southeast Act at the MTV's in 2014 ကို ထပ်မံ ရရှိခဲ့ပါတယ်။ အဲ့နှစ်မှာဘဲ ကျနော်တို့အဖွဲ့ရဲ့ ပဉ္စမ အယ်ဘမ်ကို ထုပ်ခဲ့ပါတယ်။ ဒီအယ်ဘမ်ထဲက သီချင်းတစ်ပုဒ် "Rung" (Rainbow) နဲ့ "Khloem" ကလဲ Youtube ပေါ်မှာ ကြည့်ရှုသူ ၆၂ သန်းရရှိခဲ့ပါတယ်။

၂၀၁၄ နောင်းပိုင်းမှာတော့ "Slot Machine - The First Contact" ရှိုးပွဲကို ထိုင်းနိုင်ငံ အကြီးဆုံး မိုးလုံလေလုံ Impact Arena မှာ ကြည့်ရှုသူ ၁၅၀၀၀ နဲ့ ဖျော်ဖြေ ခဲ့ပါတယ်။

အခုမှာတော့ ကျနော်တို့အဖွဲ့ဟာ နိုင်ငံတကာ ဈေးကွက်ထဲ ၀င်နိုင်အောင် ကြိုးစားနေကြပါတယ်။ ကျနော်တို့ Slot Machine ရဲ့ ပထမ ဦးဆုံး အင်္ဂလိပ် အယ်ဘမ်ကို ၂၀၁၆ မှာ ထွက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါဟာကျနော်တို့အဖွဲ့ရဲ့ အကြီးမားဆုံး လှုပ်ရှားမှုဘဲ ဖြစ်ပါတယ်။ ဂရမ်မီ ဆုကို ခြောက်ကြိမ် တိုင်တိုင် အနိုင်ရရှိတဲ့ ထုတ်လုပ်သူ Steve Lillywhite ကလဲ ကျနော်အတွက် ထုတ်လုပ်ရေးပိုင်းမှာ ကူညီမှာဖြစ်ပါတယ်။

ထိုင်း ယဉ်ကျေးမှု နှင့် ထိုင်း အစားအစာဟာ နိုင်ငံတကာ မှာ လူသိများကြပါတယ်။ အဲ့ဒါကြောင့် ထိုင်း ဂီတလဲ နိုင်ငံတကာမှာ လူသိများလာအောင် ကျနော်တို့ လုပ်နိုင်မယ်လို့ ယုံကြည်ထားကြတယ်။ ကျနော်တို့ ပထမဦးဆုံး အင်္ဂလိပ် သီချင်း "Give It All To You" ကို ဇူလိုင်လ 27 ရက်နေမှာ ထုတ်မှာ ဖြစ်ပါတယ်။ အာလုံး စောင့်မျှော် အားပေးကြပါလို့ ပြောချင်ပါတယ်။ 


19 Feb 2016     1,296 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment