BEC-TERO TV

စစ်သားဇာတ်ရုပ်နဲ့ ပထမဆုံးမြင်တွေ့ရဦးမယ့် K ညီ

19 Feb 2016     1,406 Views


         သရုပ်ဆောင် K ညီက သူတစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့တပ်မတော်သားကာရိုက်တာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မင်းသားစိုးရန်အောင်၊ မင်းသမီး မိုးယုစံတို့နဲ့အတူ ရိုက်ကူးနေပါတယ်။ သူရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးနဲ့ပတ်သက်ပြီး K ညီက “ဒါရိုက်တာ နေကြာရိုင်းရိုက်မယ့်၊ ဒါရိုက်တာ ပန်းချီစိုးမိုးဦးစီးတဲ့ ‘Eleven Soldiers’ ဆိုတဲ့ စစ်ကားတစ်ကားကို ကျွန်တော်တို့ ဖောင်ကြီးမှာ ရိုက်ကူးနေပါတယ်။

         ဒါက ကျွန်တော့်ရဲ့ စစ်သားကာရိုက်တာနဲ့ သရုပ်ဆောင်မယ့် ပထမဆုံးဇာတ်ကားပါ။ ကျွန်တော်လည်း လုပ်ချင်ပါတယ်။ အရင်တုန်းက “လှလေးစိန်”တို့ကို ကြည့်ဖူးတယ်။ ကိုယ့်ရှေ့က စီနီယာကြီးတွေ သရုပ်ဆောင်သွားတာ တအားသဘောကျတယ်။ တအားပေါပေါကြီး မဟုတ်ဘဲနဲ့ စစ်တပ်ထဲမှာဖြစ်တတ်တဲ့ အလွဲလေးတွေ လုပ်ရတာ ကြိုက်တယ်” လို့ ပြောပါတယ်။ K ညီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “အီဖေကိုယ်တို့ ရွေး ကောက်ပွဲ” ရုပ်ရှင်ဇာတ်ကားကြီးက အခုဆိုရုံတင်ပြသနေပါ ပြီ။ ဒီဇာတ်ကားကြီးမှာ K ညီက ခန့်စည်သူရဲ့တပည့်ဓားပြမှုံကြီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။

         K ညီရဲ့ သားလေးက အခုဆို ၃ နှစ်ကျော် ၄ နှစ် အရွယ်ရှိနေပြီဖြစ်ပြီး ” သားလေးရဲ့နာမည်ကို အောင်ရဲရင့်သူလို့ နာမည်ပေးထားကြောင်း K ညီက ဆိုပါတယ်။ အားလပ်တဲ့အချိန်တွေမှာ မိသားစုကို ဘယ်လိုအချိန်ပေးဖြစ်လဲလို့ K ညီကိုမေးတဲ့အခါ ” အားလပ်တဲ့အချိန်မှာတော့ မိသားစုကို အချိန်ပေးရတယ်ဗျ။ အိမ်မှာကျွန်တော်ရယ်၊ ကျွန်တော့်မိန်းမရယ်၊ သူရယ်ပဲရှိတာ ဆိုတော့လေ။ ကျွန်တော့်သားလေးဆိုရင် တစ်ခါတလေ ကျွန်တော် နောက်ကျတဲ့အချိန်ဆို သူမတွေ့လိုက်ရဘူး။

        ပါးပါးက မနက်မှ ပြန်လာတယ်နော်တဲ့။ အမှန်က ကျွန်တော်ပြန်လာတဲ့အချိန်မှာ သူက အိပ်နေပြီလေ။ ၃ နှစ်ကျော် ၄ နှစ်သား လေးပြောတဲ့ စကားတစ်ခွန်းက ကျွန်တော့်အတွက် ဖီးလ်ဖြစ်တာပေါ့။ ကျွန်တော်ရရင်ရသလို မိသားစု အပေါ်အချိန်ပေးဖြစ်ပါတယ်” လို့ K ညီက ပြောပါတယ်။

          http://popularmyanmar.com/afpopular/


19 Feb 2016     1,406 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment