သက်တန့် Doughnuts
19 Feb 2016 1,861 Views

အမေရိကန် နိုင်ငံ နယူးယောက် မြို့ရှိ Doughnutsဆိုင် The bagel Storeဟာအင်တာနက်ပေါ်မှာအင်မတန် ရေပန်းစားနေပါတယ်။ အမေရိကန် အင်တာနက်ပေါ်က အထင်ကရပုဂ္ဂိုများ ဟာ အဲဒီဆိုင်မှာရောင်းတဲ့ သက်တန့် Doughnutsကိုဝယ်စားပြီးဓာတ်ပုံရိုက်ပြီးတော့ အွန်လိုင်းမှာအသီးသီးတင်နေကြပါတယ်။
သက်တန့် Doughnutsကို လုပ်တာသိပ်မလွယ်ဘူး။ The bagel Storeရဲ့ မုန့်ဖုတ်သမားအဖွဲ့ဟာ ၅ နာရီအတွင်းသာမန် Doughnutsအလုံးပေါင်း ၅၀၀၀ကို ပြုလုပ်နိုင်ပေမဲ့ သက်တန့် Doughnuts ကိုတော့ ၅ နာရီအတွင်း အလုံးပေါင်း ၁၀၀ သာ ပြုလုပ်နိုင်တယ်လို့ ဆိုင်ရှင် Scott Rosillo ပြော ပါတယ်။








