BEC-TERO TV

ဦးခေါင်း နဲ့ ဦးနှောက်ကို ၇ လက်မ ရှည်တဲ့ သံချောင်းကြီး စိုက်ဝင်သွားပေမယ့် အသက်ရှင် နိုင်ခဲ့တဲ့ မောင်သက်ပြင်း

19 Feb 2016     1,444 Views


၇ လက်မ အရှည်ရှိတဲ့ ဆောက်လုပ်ရေး သံချောင်းကြီးက Mohammad Guddu အမည်ရှိတဲ့ အိန္ဒိယက ဆောက်လုပ်ရေး သမားရဲ့ ဦးခေါင်းခွံ နှင့် ဦးနှောက်ကို ထုတ်ခြင်းပေါက် ဝင်သွားပေမယ့် တကယ့်ကို ထူးဆန်းစွာဖြင့် အသက်အန္တရယ်မှ လွှတ်မြောက် နိုင်ခဲ့တဲ့ လူထူးလူဆန်း တစ်ယောက်ပဲ ဖြစ်ပါတယ် ။

အသက် ၂၄ အရွယ်ရှိတဲ့ မောင်သက်ပြင်းကို ဆရာဝန်များက ၅ နာရီကြာ ဦးခေါင်းခွံကို ခွဲပြီး သံချောင်းကို အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့ပါတယ် ။

X-ray များရဲ့ ဖော်ပြချက်အရ တကယ့်ကို အသက်အန္တရယ် ကြီးမားပြီး အသက်ရှည်နိုင်စရာမရှိနိုင်ကြောင်း ဆရာဝန်များက ဆိုပါတယ် ။

Mr Guddu ဟာ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုမှာ ဘိလပ်မြေများကို ရောနှောနေစဉ် သူ့အပေါ်မှာရှိတဲ့ သံချောင်းတစ်ချောင်းဟာ သူ့ရဲ့ခေါင်းတဲ့တဲ့ မတော်တဆ ပြုတ်ကျခဲ့တာဖြစ်ပါတယ် ။

လုပ်ဖော်ကိုင်ဖက်တွေဟာ ချက်ချင်းပဲ သူ့ကို နီးစပ်ရာ ဆေးရုံသို့ ပို့ပေးပြီး ခွဲစိတ်ကုသမှုကို ချက်ချင်း ခံယူခဲ့တာပါ ။

အခုအချိန်မှာတော့ Mr Guddu ဟာ အသက်အန္တရာယ် ဆိုးရိမ်စရာ မရှိတော့ပေမယ့် သူ့ရဲ့ ခန္ဓာကိုယ် ဘယ်ဖက်တခြမ်းဟာ ထုံကျင်မှု ကိုခံစားနေရပါတယ် ။

ဆရာဝန်များရဲ့ ပြောကြားချက်အရ အနည်းဆုံး ၃ လခန့် အနားယူပြီးပါက ပြန်လည်ကောင်းမွန်သွားမည် ဟု သိရပါတယ် ။


19 Feb 2016     1,444 Views




RELATED

Most Popular of International News

Most Popular of NEWS