BEC-TERO TV

Apple မှ အကြမ်းဖက်သမား ရဲ့ ဖုန်းကို Unlock လုပ်ရန် ကူညီမည်

19 Feb 2016     1,345 Views


Apple အနေဖြင့် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဘာနာဒီနိုမြို့တွင် ဖြစ်ပွားခဲ့သော ဒီဇင်ဘာလတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် သေနတ်သမားတစ်ဦးပိုင်ဆိုင်သည့် ဖုန်းကို FBI က unlock လုပ်ရာတွင် အကူအညီပေးရန် အမေရိကန် တရားသူကြီးက ပြီးခဲ့သည့် အင်္ဂါနေ့တွင် အမိန့်ချမှတ်ခဲ့သည်။

ယခုဖြစ်ရပ်သည် နည်းပညာကုမ္ပဏီများနှင့် ဥပဒေဆိုင်ရာ အဖွဲ့အစည်းများအကြား encryption နှင့်ပတ်သက်၍ ကာလရှည်ကြာ အငြင်းပွားမှု ဖြစ်ပွားမှုအတွင်း နောက်ဆုံး ဖြစ်စဉ်တစ်ခု ဖြစ်သည်။ Apple အနေဖြင့် အကြမ်းဖက်သမား ဆာယစ်ရစ်ဇ်ဝမ်ဖာရွတ်၏ iPhone 5C ရှိ အချက်အလက်များ ရယူလိုသည့် စုံစမ်းစစ်ဆေးသူများထံ သင့်တော်သည့် နည်းပညာဆိုင်ရာ အကူအညီထောက်ပံ့ရမည် ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ်ခရိုင်တရားရုံး ရာဇဝတ်တရားသူကြီး ရှယ်ရီပန်က အမိန့်ချမှတ်ခဲ့သည်။

Apple အနေဖြင့် passcode ကို ၁၀ ကြိမ်ဖွင့်သည့်အခါ မအောင်မြင်ပါက auto-erase လုပ်ဆောင်ချက်ကိုလည်း disable ပြုလုပ်ပေးရမည် ဖြစ်ကာ စုံစမ်းစစ်ဆေးသူများက အီလက်ထရောနစ် နည်းစနစ်မှတစ်ဆင့် ခန့်မှန်း passcode များ ထည့်သွင်းခွင့် ပြုရမည်ဖြစ်သည်။ Apple အနေဖြင့် အဆိုပါအမိန့်ချမှတ်မှုသည် အကြောင်းပြချက် မခိုင်လုံကြောင်း ယုံကြည်ပါက ငါးရက်အတွင်း ခုခံချေပခွင့်ရှိကြောင်း တရားသူကြီးက ထုတ်ပြန်ခဲ့သည်။


19 Feb 2016     1,345 Views




RELATED

Most Popular of International News

Most Popular of NEWS