BEC-TERO TV

ဖေဖော်ဝါရီ ၂၉ ရက်နေ့ နဲ့ မိန်းမသားတွေရဲ့ အကြောင်း

19 Feb 2016     1,694 Views


ဒီနှစ် ၂၀၁၆ ဟာ (Leap Year) ရက်ထပ်နှစ် ဖြစ်တာမို့ ဖေဖေါ်ဝါရီလ မှာ ၂၉ ရက် ရှိတယ်။ အဲဒီ ဖေဖေါ်ဝါရီ ၂၉ ရက်နေ့ မှာ မိန်းကလေးတွေဟာ သူတို့ နှစ်သက် သဘောကျတဲ့ ယောက်ျားလေး တွေကို ချစ်ခွင့်ပန် ချစ်ရေးဆိုလို့ ရပါတယ်။

ပြီးတော့ မိန်းကလေးကစပြီး ကိုယ့်ချစ်သူကို (Propose) လက်ထပ် ခွင့်တောင်း လို့လည်း ရပါတယ်။

အများအားဖြင့်တော့ အဲဒီ့နေ့မှာ ချစ်ခွင့်ပန်ရင်ပဲဖြစ်ဖြစ် လက်ထပ်ခွင့် တောင်းရင်ပဲဖြစ်ဖြစ် ယောက်ျားလေးတွေဟာ မငြင်းဆန်ပဲ လက်ခံတတ်ကြတယ်။

တကယ်လို့များ ယောက်ျားလေးဘက်က လက်မခံပဲ ငြင်းပယ် လိုက်တယ် ဆိုရင်တော့ မိန်းကလေးကို လျော်ကြေးအနေနဲ့ ပိုးသားဝတ်စုံ ဒါမှမဟုတ် လက်အိတ် ဆယ့်နှစ်စုံ ပြန်ဝယ်ပေး ရလေ့ ရှိတယ်လို့ သိရပါတယ်။

ရှားရှားပါးပါး လေးနှစ်မှ တစ်ကြိမ်သာ ရနိုင်တဲ့ အခွင့်အရေးမို့ အကျိုး ရှိရှိ အသုံးချနိုင်အောင် ကြိုတင် သတိပေး လက်တို့လိုက် ရကြောင်းပါ။


19 Feb 2016     1,694 Views




RELATED

Most Popular of Special or Others

Most Popular of NEWS