BEC-TERO TV

ပျားရည်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

19 Feb 2016     1,348 Views


ရောဂါ ပျောက်ကင်း စေသောအစွမ်းသတ္တိများနှင့် သဘာဝ၏ ကောင်းခြင်းများ ကြွယ်ဝစွာပါဝင်သည့် ပျားရည်ကို အသားအရေစောင့်ရှောက်ရန်မှသည် အနာ ပျောက်ကင်း စေရန်အထိ အလုံးစုံ ကျန်းမာရေး အတွက် အသုံးပြုလေ့ရှိကြသည်။ ပျားရည်၏ ကျန်းမာရေး အကျိုးကျေးဇူးများကို ဖော်ပြ ပေးလိုက်ပါသည်။
 
ပျားရည်တွင် အသားအရေကိုစိုပြည်သန့်ရှင်းစေသည့် ဒြပ်ပေါင်းများ ကြွယ်ဝစွာပါဝင်သဖြင့် အသားအရေကို စိုပြည်နူးညံ့ပျော့ပျောင်းစေသည်။ အရေပြားပေါ်မှ ဆဲလ်အသေများ ဖယ်ရှားပေးနိုင်ပြီး အသားအရေတွန့်ခြင်းကို ကာကွယ်နိုင်သည်။
 
ပျားရည်တွင်ပါဝင်သည့် ပိုးမွှားများ ကာကွယ်ပေးသောဓာတ်များက ဘက်တီးရီးယားများ ပေါက်ဖွားမှုကို ကာကွယ် ပေးနိုင်သောကြောင့် ဒဏ်ရာများ၊ ပြတ်ရှရာများ၊ မီးလောင်ဒဏ်ရာများ၊ ပွန်းပဲ့ရာများကို ကုသရာတွင်သုံးနိုင်သည်။
 
ပျားရည်က ဒဏ်ရာများကို သန့်ရှင်းစေနိုင်ပြီး အနံ့ဆိုးများကင်းစင်စေကာ ပြည်များကိုရှင်းထုတ်ပေးနိုင်ပြီး ဒဏ်ရာ အမြန်ပျောက်ကင်း စေနိုင်သည်။
 
ပျားရည်ကို ပျက်စီးသွားသောအရေပြားအတွက်သုံးပြီး ဆဲလ် အသစ်များပြန်လည်ရှင်သန်လာစေရန်သုံးသည်။ အရေပြားရောဂါ အချို့အတွက်လည်းသုံးနိုင်သည်။
 
ထို့ပြင် သဲဝဲစားခြင်းအတွက်လည်းပျားရည်ကိုသုံးနိုင်သည်။ပျားရည်တွင် သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေပျက်စီးမှုများကိုကာကွယ်နိုင်သည်။
 
နေရောင်ခြည်နှင့် ထိတွေ့မှုများလွန်းပါက အသားအရေပျက်စီးပြီး အရွယ်မတိုင်မီ အိုမင်းနိုင်သောကြောင့် ပျားရည်ကို နေပူခံလိမ်းဆေးအဖြစ် အသုံးပြုနိုင်သည်။
 
ပျားရည်သည် အရေပြား၏အပေါ်ဆုံးအလွှာကို နက်ရှိုင်းစွာထိုး ဖောက်ဝင်ရောက်နိုင်ပြီး မသန့်ရှင်းသောအရာများကို ဖယ်ရှားပစ်နိုင် သဖြင့် ရောဂါပိုးမွှားများကို ကာကွယ်ပေးနိုင်ကာ ဝက်ခြံပြဿနာကို တားဆီးနိုင်သည်။
 
နှုတ်ခမ်းကွဲပြီး အရေခွံလန်နေပါက ပျားရည်လိမ်းပေးခြင်းဖြင့် နူးညံ့စိုပြည်သွားနိုင်သည်။ ပျားရည်တွင် သကြားနှင့်တူသော ဂလူးကို့စ် ဓာတ်နှင့် မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လဆီယမ်၊ ဆိုဒီယမ်ကလိုရင်း၊ ဆာလ်ဖာ၊ သံဓာတ်၊ ဖော့စဖရိတ်တို့ ပါဝင်သည်။
 
ပျားရည်က နံနက်ပိုင်းမအီမသာဖြစ်မှုကို သက်သာစေသည်။ပျားရည်ကို ပုံမှန်သောက်ပေးပါက ကယ်လဆီယမ်စုပ်ယူမှုအားကောင်းစေပြီး သွေးအားနည်းခြင်းကို ကာကွယ်နိုင်မည်။ သွေးနီဥအရေအတွက်ကိုတိုးပွားခြင်းဖြစ်စေနိုင်သည်။
 
ပျားရည်က မကောင်းသောကိုလက်စထရောများကို လျော့ပါးစေပြီး ကောင်းသောကိုလက်စထရောများကို တိုးပွားစေသည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများအတွက်လည်း ပျားရည်ကိုအသုံးပြုကြသည်။ ထို့ပြင် ပျားရည်က ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး အဝလွန်ခြင်းကို ထိန်းချုပ်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ အထောက်အကူပြုနိုင်သည်။ ဇီဝဖြစ်ပျက်မှုကို အားကောင်းစေနိုင်သောကြောင့် အဆီများပိုမိုလောင်ကျွမ်းစေနိုင်သည်။

19 Feb 2016     1,348 Views




RELATED

Most Popular of Special or Others

Most Popular of Life Style