BEC-TERO TV

အိမ်ခေါင်မိုး အသံဗလံ တွေဟာ မြွေရဲ့ လက်ချက်

19 Feb 2016     1,316 Views


သြစတြေးလျ နိုင်ငံသား Jacqueline Rutlandဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ က အိမ်သစ်သို့ ပြောင်းရွှေ့ပြီး ၃ လကြာ  နေထိုင်ခဲ့တယ်။ တစ်နေ့မှာ အိမ်ခေါင်မိုးမှာ အသံဗလံ အကြိမ်ကြိမ် ကြားရလို့ တော်တော် ကြောက်လန့် ခဲ့ပါတယ်။ အိမ်မွေးခွေးလေး အိမ်ခေါင်းမိုးမှာ ဆော့ကစားတာလို့ ယူဆပြီး ခွေးလေးကိုလည်း ဆုံးမ ပါသေးတယ်။

အိမ်ခေါင်မိုးမှာ အပေါက် လေးရှိလို့ အိမ်ခေါင်းမိုး ပျက်ကျမှာ ၊ အိမ်ခေါင်မိုး အပေါက်လေး ကနေ မြွေ ဝင်လာမှာ စိုးလို့ Jacqueline Rutlandဟာ အလုပ်သမားကို ခေါ်ပြီး အိမ်ခေါင်မိုးကို ပြုပြင်မွမ်းမံတယ်။

အလုပ်သမား တွေဟာ အိမ်ခေါင်မိုးကို တက်တော့ မထင်မှတ်ဘဲ မြွေ အရေခွံ့ ၂၀ ကျော် တွေ့ရတယ်။ အဲဒီမြွေ အရေခွံ့ များမှာ အရှည်ဆုံး ၂့၅ မီတာတောင် ရှိပါတယ်။

Jacqueline Rutland ကြားရခဲ့တဲ့ အိမ်ခေါင်မိုး အသံဗလံတွေဟာ အဲဒီ မြွေရဲ့ လက်ချက်တွေဆိုတာ ကို သိခဲ့ ရပါတယ်။ မြွေ မတွေ့ပဲနဲ့ မြွေ အရေခွံတွေကြီးပဲ တွေ့ရတာ ကံကောင်းတယ်ပဲ ပြော ရမလား ကံဆိုးတယ်ပဲ ပြောရမလားဆိုတာ ပြောမပြတက်အောင်ပါပဲ ။

ခေါင်းမိုးပေါ်မှာနေတဲ့ မြွေဟာ လူကို အသက်အန္တရာယ် မပေးသွားတာပဲ ကံကောင်းတယ် လို့ ယူဆရတော့မှာပဲ ဖြစ်ပါတယ်။
 


19 Feb 2016     1,316 Views




RELATED

Most Popular of Special or Others

Most Popular of NEWS