BEC-TERO TV

ဓါတုဆိုးဆေးအသုံးပြုသည့် ငါးပိများရောင်းချသူတွေကို ထိထိရောက်ရောက် အရေးယူတောမည့်

19 Feb 2016     1,589 Views


           ဈေးကွက်အတွင်းက မျှင်ငါးပိတွေကို မြန်မာနိုင်ငံအစားသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက လာမယ့်ဧပြီလမှာ စတင်စစ်ဆေးပြီးစားသုံးဖို့ မသင့်တာတွေကို အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ပြောကြားထားပါတယ်။ ဈေးကွက်အတွင်းတင်သွင်းတဲ့ မျှင်ငါးပိတွေမှာ ငါးပိအရောင်လှအောင် ဓါတုဆိုးဆေး အသုံးပြုမှုရှိတဲ့အတွက် ၂၀၁၄ ခုနှစ်ကလည်း စစ်ဆေးမှုတွေပြုလုပ်ဖူးပါတယ်။

           အခုလို စစ်ဆေးတာက စားသုံးသူတွေအတွက် အရေးကြီးသလို ဈေးကွက်အတွင်းမှာ မှန်မှန်ကန်ကန်ရောင်းသူတွေ အတွက်လည်း အထောက်ပံ့ဖြစ်စေလို့ ဒီလိုစစ်ဆေးမှုကို ကြိုဆိုတယ်လို့ ငါးပိရောင်းသူအချို့ကပြောပါတယ်။လက်ရှိအထိ ဈေးကွက်ထဲရောင်းချ နေတဲ့ မျှင်ငါးပိတွေထဲမှာ ၇၀ ရာခိုင်နှုန်းက ဓါတုဆိုးဆေးအသုံးပြု ထားတယ်လို့ FDA က ထုတ်ပြန်ထားပြီး ဧပြီလ စစ်ဆေးအရေးယူမှုတွေပြီးရင် ၂၀ ရာခိုင်နှုန်းအထိ လျော့ချနိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။


19 Feb 2016     1,589 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS