BEC-TERO TV

မန္တလေး ကို အရောက်သွား အုံးမယ့် တင်ဇာမော်

22 Feb 2016     1,611 Views


မန္တလေး ကို အရောက်သွား အုံးမယ့် တင်ဇာမော်

                              တင်ဇာမော်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မန္တလေးမြို့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ မန္တလေးပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် အဆိုတော်တင်ဇာမော်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မတ်လအကုန် မန္တလေးမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။We Love Tin Zar Maw အဖွဲ့က လူငယ်လေးတွေရဲ့ တိုက်တွန်းမှုကြောင့် ယခုလို မြန်မြန်ဆန်ဆန်နဲ့ မန္တလေးရှိုးကိုပြုလုပ်ရတာပါလို့လည်း ဆိုပါတယ်။

                                "We Love Tin Zar Mar"အဖွဲ့က မောင်လေးတွေက ပွဲလုပ်ချင်တယ်လို့ပြောလာတယ်။ အဲ့ဒါကြောင့်လုပ်ဖြစ်တာပါ။ ရန်ကုန်ပွဲနဲ့မတူတဲ့ဖျော်ဖြေမှုတွေသီချင်းတွေလေးတွေပါအောင်ကြိုးစားမှာပါ။သေချာတော့အစီစဉ်မဆွဲရသေးဘူး။အသေး စိတ်ပြင်ဆင်ပြီးတာနဲ့ ပရိသတ်တွေကို အသိပေးသွားမှာပါ"လို့သူမကပြောပါတယ်။ ရန်ကုန်ရှိုးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ သူမက မန္တလေးရှိုးအတွက် ရင်ခုန်နေမိပါတယ်လို့လည်းပြောသွားခဲ့ပါတယ်။


22 Feb 2016     1,611 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment