BEC-TERO TV

မူးယစ်ဆေးဝါးပြတ်သွားသူ ၂၀၀၀ ၀န်းကျင်ကို အလုပ်ကိုင်တွေ ဖန်တီးပေးထား

22 Feb 2016     1,582 Views


             မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA မာန်နာ)အနေနဲ့ မူးယစ်ဆေး ၀ါးပြတ်သွားသူ ၂၀၀၀ ၀န်းကျင်ကို အလုပ်ကိုင်တွေ ဖန်တီးပေးထားတယ်လို့ အသင်း အတွင်းရေးမှူးက ရန်ကုန်မူးယစ်ပြတိုက်မှာပြုလုပ်တဲ့ (၁၇)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးမှာ MRTV-4 ကိုပြောပါတယ်။ပြည်တွင်းရှိ နေရာအနှံ့က မူးယစ်ဆေးဝါး သုံးဆွဲခဲ့သူတွေကို မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းအနေနဲ့ ဆေးဖြတ်နိုင်ဖို့ ကူညီဆောင်ရွက်ပေးတာပါဖြစ်ပါတယ်။ဒီထဲက (၁၇)နှစ်တာကာလအတွင်း ဆေးပြတ်သွားသူ(၂၀၀၀) ၀န်းကျင်ကို ၀ါသနာပါရာ အလုပ်ကိုင်တွေ လုပ်ကိုင်နိုင်ဖို့ သင်တန်းတွေပေးခဲ့ပြီး လက်ရှိမှာသက်ဆိုင်ရာအလုပ်တွေနဲ့ အသက်မွေးနေနိုင်ပြီလို့ပြောပါတယ်။


22 Feb 2016     1,582 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS